ဘရာဇီးလူစာရင်းမှာ အရွေးခံလိုက်ရလို့ ကဆုန်ပေါက်ပြီး အောင်ပွဲခံခဲ့တဲ့ အန်တိုနီ

တနင်္လာနေ့က အပြီးသတ် ထုတ်ပြန်ခဲ့တဲ့ ဘရာဇီးလက်ရွေးစင်အပြီးသတ် ကစားသမား ၂၆ ယောက်စာရင်းရဲ့ ကြေညာမှုကို မန်ယူတိုက်စစ်မှူး

အန်တို နီတစ်ယောက် စိတ်ရှည်လက်ရှည်နဲ့ သည်းခံပြီး အချိန်ပေးစောင့်ကြည့်ခဲ့တဲ့ ဗီဒီယို ဖိုင်တစ်ခုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီလူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ချိန်မှာတော့ အရမ်းကို စိတ်လှုပ်ရှားနေတဲ့ အန်တိုနီဟာ ဘေးမှာရှိနေတဲ့ မိသားစုဝင်တွေနဲ့အတူ

အပျော်ကြူးပြီး အောင်ပွဲခံခဲ့တာ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အန်တိုနီရဲ့ မိသားစုဝင် ၃ ယောက်ဟာ ဆိုဖာ ပေါ်မှာ အတူထိုင်နေခဲ့ကြပြီး

မန်ယူူတိုက်စစ်မှူးကတော့ ဘရာဇီးလက်ရွေးစင် အပြာရောင်ဂျာစီကို ဝတ်ဆင်ထားခဲ့သလို ကျန် မိသားစုဝင် ၃ ဦးကတော့ အန်တိုနီ နာမည်ပါတဲ့

မန်ယူအသင်း ဂျာစီကို ဝတ်ဆင်ထားခဲ့ကြတာပါ။ လက်ရွေးစင် အသင်းလူစာရင်း ကြေညာလိုက်ချိန်မှာတော့ အန်တိုနီဟာ မိသားစုဝင်တွေကို

ပွေ့ဖက်ပြီး အောင်ပွဲခံသွားခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီ နောက် အသက် ၂၂ နှစ်အရွယ် အန်တိုနီက တွစ်တာပေါ်မှာတက်ပြီး ကျေးဇူးတင်စကား

ပြောဆိုခဲ့ပါတယ်။ ‘’မင်းပါပြီကွ။ ကျေးဇူးပါ အဖဘုရားသခင်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ အမေ၊ အဖေနဲ့ ညီအစ်ကိုတွေ၊ အကုန်လုံးကို ချစ်တယ်ဗျာ။

အရမ်းကို စိတ်လှုပ်ရှား နေရပြီ’’ လို့ အန်တိုနီက တွစ်တာမှာ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူတိုက်စစ် မှူး အန်တိုနီနဲ့အတူ ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမားတွေဖြစ်ကြတဲ့

ရစ်ချာလီဆန်၊ မာတင်နယ်လီ၊ ဂျီးဆပ်စ်၊ ပါကယ်တာ၊ ဂူမာရက်စ်၊ ဖရက်၊ ကက်စ်မီရို၊ ဖာဘင်ဟို၊ သီယာဂိုဆေးလ်ဗား၊ အီဒါဆင်၊ အလစ်ဆန်တို့လည်း ပါဝင်လာခဲ့ကြပါတယ်။

အသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဘရူနို ဂူမာရက်စ် ရွေး ချယ်ခံခဲ့ရတဲ့အတွက်လည်း နယူးကာဆယ်အသင်းပရိသတ်တွေက

ဂုဏ်ယူဝမ်းမြောက်တဲ့ အကြောင်း တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။ ကာဆယ် ပရိသတ် တစ်ယောက်က ‘’ဘရူနိုကြီးကတော့ ဒီနေရာနဲ့ လုံးဝကို ထိုက်တန် တာပါ’’ လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ‘’ လုပ်ထားဟ ဘရူနိုကြီးရ’’ လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ

ပရီးမီးယားလိဂ် ကလပ်တွေကနေ ကစားသမား ၁၂ ယောက်အထိ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

(Zawgyi)

ဘရာဇီးလူစာရင္းမွာ အေ႐ြးခံလိုက္ရလို႔ ကဆုန္ေပါက္ၿပီး ေအာင္ပြဲခံခဲ့တဲ့ အန္တိုနီ

တနလၤာေန႔က အၿပီးသတ္ ထုတ္ျပန္ခဲ့တဲ့ ဘရာဇီးလက္ေ႐ြးစင္အၿပီးသတ္ ကစားသမား ၂၆ ေယာက္စာရင္းရဲ႕ ေၾကညာမႈကို မန္ယူတိုက္စစ္မႉး အန္တို နီတစ္ေယာက္ စိတ္ရွည္လက္ရွည္နဲ႔

သည္းခံၿပီး အခ်ိန္ေပးေစာင့္ၾကည့္ခဲ့တဲ့ ဗီဒီယို ဖိုင္တစ္ခုဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ အဲဒီလူစာရင္းကို ထုတ္ျပန္ေၾကညာလိုက္ခ်ိန္မွာေတာ့ အရမ္းကို စိတ္လႈပ္ရွားေနတဲ့

အန္တိုနီ ဟာ ေဘးမွာရွိေနတဲ့ မိသားစုဝင္ေတြနဲ႔အတူ အေပ်ာ္ၾကဴးၿပီး ေအာင္ပြဲခံခဲ့တာ ကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ အန္တိုနီရဲ႕ မိသားစုဝင္ ၃ ေယာက္ဟာ ဆိုဖာ ေပၚမွာ

အတူထိုင္ေနခဲ့ၾကၿပီး မန္ယူူတိုက္စစ္မႉးကေတာ့ ဘရာဇီးလက္ေ႐ြး စင္ အျပာေရာင္ဂ်ာစီကို ဝတ္ဆင္ထားခဲ့သလို က်န္ မိသားစုဝင္ ၃ ဦးကေတာ့ အန္တိုနီ နာမည္ပါတဲ့ မန္ယူအသင္း ဂ်ာစီကို

ဝတ္ဆင္ထားခဲ့ၾကတာပါ။ လက္ ေ႐ြးစင္ အသင္းလူစာရင္း ေၾကညာလိုက္ခ်ိန္မွာေတာ့ အန္တိုနီဟာ မိသားစု ဝင္ေတြကို ေပြ႕ဖက္ၿပီး ေအာင္ပြဲခံသြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အဲဒီ ေနာက္ အသက္ ၂၂ ႏွစ္အ႐ြယ္ အန္တိုနီက တြစ္တာေပၚမွာတက္ၿပီး ေက်း ဇူးတင္စကား ေျပာဆိုခဲ့ပါတယ္။ ‘’မင္းပါၿပီကြ။ ေက်းဇူးပါ အဖဘုရားသခင္။ အားလုံးကို ေက်းဇူးတင္ပါတယ္။

သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြ၊ အေမ၊ အေဖနဲ႔ ညီအစ္ကိုေတြ၊ အကုန္လုံးကို ခ်စ္တယ္ဗ်ာ။ အရမ္းကို စိတ္လႈပ္ရွား ေနရၿပီ’’ လို႔ အန္တိုနီက တြစ္တာမွာ ေျပာဆိုသြားခဲ့ပါတယ္။

မန္ယူတိုက္စစ္ မႉး အန္တိုနီနဲ႔အတူ ပရီးမီးယားလိဂ္ ၾကယ္ပြင့္ ကစားသမားေတြျဖစ္ၾကတဲ့ ရစ္ခ်ာလီဆန္၊ မာတင္နယ္လီ၊ ဂ်ီးဆပ္စ္၊ ပါကယ္တာ၊ ဂူမာရက္စ္၊ ဖရက္၊ ကက္စ္မီ႐ို၊ ဖာဘင္ဟို၊ သီယာဂိုေဆးလ္ဗား၊

အီဒါဆင္၊ အလစ္ဆန္တို႔လည္း ပါဝင္လာခဲ့ၾကပါတယ္။ အသင္းရဲ႕ အဓိက ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့ ဘ႐ူႏို ဂူမာရက္စ္ ေ႐ြး ခ်ယ္ခံခဲ့ရတဲ့အတြက္လည္း နယူးကာဆယ္အသင္းပရိသတ္ေတြက

ဂုဏ္ယူဝမ္းေျမာက္ တဲ့ အေၾကာင္း တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။ ကာဆယ္ ပရိသတ္ တစ္ေယာက္က ‘’ဘ႐ူႏိုႀကီးကေတာ့ ဒီေနရာနဲ႔ လုံးဝကို ထိုက္တန္ တာပါ’’ လို႔ ေရးသားခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ ‘’ လုပ္ထားဟ ဘ႐ူႏိုႀကီးရ’’ လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဘရာဇီးလက္ေ႐ြးစင္အသင္းရဲ႕ အၿပီး သတ္ လူစာရင္းမွာ ပရီးမီးယားလိဂ္

ကလပ္ေတြကေန ကစားသမား ၁၂ ေယာက္အထိ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။