
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခြေချင်းဝတ် ဒဏ်ရာ ရသွားခဲ့တဲ့ တိုက်စစ်မှူး နေမာဟာ ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာလည်း ပြန်ပြီး ဝင်ကစားပေးဖို့ မသေချာတဲ့





အနေအထားရှိနေတယ်လို့ သတင်းထွက် လာပါတယ်။ ဆားဘီးယားကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ နေ မာဟာ ပြိုင်ဘက်နောက်ခံလူ မီလန်ကိုဗစ်ရဲ့ ဒူးခေါင်းနဲ့ ထိခိုက်မိပြီး





ခြေချင်း ဝတ်ဒဏ်ရာရသွားခဲ့သလို ခြေချင်းဝတ်ပတ်လည်မှာလည်း ဖူးယောင်နေတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲကာလတစ်ခုလုံး အနား ယူရဖို့ အခြေအနေရှိနေခဲ့တယ်လို့
သတင်းထွက်ခဲ့သူပါ။ ဒါပေမဲ့ အဲဒီပွဲစဉ် အပြီး အသင်းဆရာဝန်တချို့ရဲ့ ပြောဆိုချက်အရတော့ နေမာဟာ အုပ်စု ပွဲ စဉ်တွေကိုပဲ လွဲချော်မှာဖြစ်ပြီး ရှုံးထွက်အဆင့်မှာတော့ ပြန်လည်ပါဝင်လာနိုင် ဖို့
ရှိနေခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ နေမာဟာ ဒဏ်ရာ အကင်းမသေသေးတဲ့အတွက် အနားယူရဦးမှာဖြစ်ပြီး ၁၆ သင်းအဆင့်ကို လည်း ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ The Sun သတင်းစာက





ရေးသားဖော်ပြခဲ့ ပါတယ်။ ဘရာဇီးရဲ့ အဓိက နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဒန်နီလိုကတော့ ၁၆ သင်းအဆင့် မှာ ပြန်ကစားနိုင်မှာ ဖြစ်တယ်လို့ TNT Sport သတင်းဌာန ရဲ့ အဆိုအရ သိရပါတယ်။
‘’ဒန်နီလိုက ၁၆ သင်းအဆင့်မှာ ပြန်ပြီး ပါဝင်လာတော့မှာပါ။ ဒါပေမဲ့ နေမာနဲ့ အဲလက်စ်ဆန်ဒရို တို့ကတော့ ဆက်ပြီး ကုသမှု တွေ ခံယူနေရဦးမှာပါ။ မကြာခင် ပြန်လာခဲ့ကြပါတော့ ကောင်လေးတွေရေ’’





လို့ TNT Sport က သူတို့ရဲ့ တရားဝင် တွစ်တာ စာမျက်နှာကနေတစ်ဆင့် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ဆန်ဒရို ဟာဆိုရင်လည်း ကြွက်သားဒဏ်ရာ ရနေတဲ့
ကစားသမားဖြစ်တာကြောင့် ကင်မရွန်းနဲ့ ကစားမယ့် အုပ်စု နောက်ဆုံး ပွဲစဉ်ကိုလည်း သေချာပေါက် လွဲ ချော်မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ် နောက်ခံလူဟာ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ





ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ နောက်ပြီး ဆန်ဒရိုဟာ ဒဏ်ရာရ နေတဲ့အတွက် ကင်မရွန်းနဲ့ ပွဲစဉ်ကို ဝင်ပြီး ကစားပေး မှာ မဟုတ်ဘူးလို့ ဘရာဇီး အသင်းဆရာဝန်
ရိုဒရီဂို လက်စ်မာက ပြောဆိုခဲ့ ပြီးဖြစ်ပါတယ်။





(Zawgyi)
ဘရာဇီးမွာ ေနမာ ျပန္ၿပီး ဝင္ကစားဖို႔ အေျခအေန မေပးေတာ့ဘူးလား
ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ေျခခ်င္းဝတ္ ဒဏ္ရာ ရသြားခဲ့တဲ့ တိုက္စစ္မႉး ေနမာဟာ ဘရာဇီးအသင္းရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ ၁၆ သင္းအဆင့္မွာလည္း ျပန္ၿပီး ဝင္ကစားေပးဖို႔ မေသခ်ာတဲ့





အေနအထားရွိေနတယ္လို႔ သတင္းထြက္ လာပါတယ္။ ဆားဘီးယားကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္မွာ ေန မာဟာ ၿပိဳင္ဘက္ေနာက္ခံလူ မီလန္ကိုဗစ္ရဲ႕ ဒူးေခါင္းနဲ႔ ထိခိုက္မိၿပီး ေျခခ်င္း
ဝတ္ဒဏ္ရာရသြားခဲ့သလို ေျခခ်င္းဝတ္ပတ္လည္မွာလည္း ဖူးေယာင္ေနတဲ့ ဓာတ္ပုံေတြ ပ်ံ႕ႏွံ႔ခဲ့ၿပီးတဲ့ေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲကာလတစ္ခုလုံး အနား ယူရဖို႔ အေျခအေနရွိေနခဲ့တယ္လို႔





သတင္းထြက္ခဲ့သူပါ။ ဒါေပမဲ့ အဲဒီပြဲစဥ္ အၿပီး အသင္းဆရာဝန္တခ်ိဳ႕ရဲ႕ ေျပာဆိုခ်က္အရေတာ့ ေနမာဟာ အုပ္စု ပြဲ စဥ္ေတြကိုပဲ လြဲေခ်ာ္မွာျဖစ္ၿပီး ရႈံးထြက္အဆင့္မွာေတာ့ ျပန္လည္ပါဝင္လာႏိုင္ ဖို႔
ရွိေနခဲ့တယ္လို႔ သိရပါတယ္။ အခုလက္ရွိမွာေတာ့ ေနမာဟာ ဒဏ္ရာ အကင္းမေသေသးတဲ့အတြက္ အနားယူရဦးမွာျဖစ္ၿပီး ၁၆ သင္းအဆင့္ကို လည္း ပါဝင္ႏိုင္မွာ မဟုတ္ဘူးလို႔ The Sun သတင္းစာက
ေရးသားေဖာ္ျပခဲ့ ပါတယ္။ ဘရာဇီးရဲ႕ အဓိက ေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ ဒန္နီလိုကေတာ့ ၁၆ သင္းအဆင့္ မွာ ျပန္ကစားႏိုင္မွာ ျဖစ္တယ္လို႔ TNT Sport သတင္းဌာန ရဲ႕ အဆိုအရ သိရပါတယ္။





‘’ဒန္နီလိုက ၁၆ သင္းအဆင့္မွာ ျပန္ၿပီး ပါဝင္လာ ေတာ့မွာပါ။ ဒါေပမဲ့ ေနမာနဲ႔ အဲလက္စ္ဆန္ဒ႐ို တို႔ကေတာ့ ဆက္ၿပီး ကုသမႈ ေတြ ခံယူေနရဦးမွာပါ။ မၾကာခင္ ျပန္လာခဲ့ၾကပါေတာ့
ေကာင္ေလးေတြေရ’’ လို႔ TNT Sport က သူတို႔ရဲ႕ တရားဝင္ တြစ္တာ စာမ်က္ႏွာကေနတစ္ဆင့္ သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ ဆန္ဒ႐ို ဟာဆိုရင္လည္း ႂကြက္သားဒဏ္ရာ





ရေနတဲ့ ကစားသမားျဖစ္တာေၾကာင့္ ကင္မ႐ြန္းနဲ႔ ကစားမယ့္ အုပ္စု ေနာက္ဆုံး ပြဲစဥ္ကိုလည္း ေသခ်ာေပါက္ လြဲ ေခ်ာ္မွာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ ေနာက္ခံလူဟာ ဆြစ္ဇာလန္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ
ဒဏ္ရာရသြားခဲ့တာျဖစ္ၿပီး လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။ ေနာက္ၿပီး ဆန္ဒ႐ိုဟာ ဒဏ္ရာရ ေနတဲ့အတြက္ ကင္မ႐ြန္းနဲ႔ ပြဲစဥ္ကို ဝင္ၿပီး ကစားေပး မွာ မဟုတ္ဘူးလို႔ ဘရာဇီး အသင္းဆရာဝန္ ႐ိုဒရီဂို လက္စ္မာက
ေျပာဆိုခဲ့ ၿပီးျဖစ္ပါတယ္။




