





ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဘရာဇီးအသင်းမှာ ပွဲထွက်သူဖြစ်လာဖို့အတွက်
နည်းပြအန်ဆလော့တီကအကြံကောင်းတွေပေးခဲ့တယ်လို့ တိုက်စစ်မှူး





ဗင်နီစီယက်စ်က ဖွင့်ဟလာပါတယ်။ ဘရာဇီးကြယ်ပွင့်ဟာ ဒီရာသီမှာ
ရီးရဲလ်အတွက် လာလီဂါသွင်းဂိုး ၉ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၅ဂိုး
ရယူထားသလို သူနဲ့ပတ်သတ်လို့ နည်းပြအန်ဆလော့တီကလွှမ်းမိုးမှု





ရှိတယ်လို့ဆိုပါတယ်။ ကာတာကမ္ဘာ့ဖလားမှာ ဘရာဇီးအတွက်ပွဲတိုင်း
ပါဝင်ကစားပေးထားတဲ့ ဗင်နီစီယက်စ်က “အန်ဆလော့တီနဲ့စကားတွေ





အများကြီးပြောဖြစ်သလို ဘရာဇီးမှာပွဲထွက်သူဖြစ်လာဖို့အတွက်
အကြံတွေပေးခဲ့ပါတယ်။ သူက ကျွန်တော့်ကိုယုံကြည်မှုတွေ
အများကြီးပေးခဲ့တယ်။ အခက်အခဲရှိတိုင်းမှာ သူကျွန်တော်နဲ့အတူ





မျှဝေပေးခဲ့တယ်။ သူက ကျွန်တော့်အတွက်တော့ ဖခင်တစ်ယောက်လိုပါပဲ။
သူဟာ ကစားပွဲနဲ့ပတ်သတ်တဲ့နည်းစနစ်ပိုင်းဆိုင်ရာမှာတင်မကဘဲ





ကစားသမားတွေနဲ့ဆက်ဆံရာမှာလည်းအထူးကောင်းမွန်ပါတယ်။
ကျွန်တော်အများကြီးတိုးတက်လာခဲ့တယ်၊ ဒီလိုဖြစ်လာဖို့ သူကူညီပေးခဲ့တာပါ။
သူနဲ့ ဘရာဇီးနည်းပြတီတီက ပုံစံတူဖြစ်သလို သူတို့နှစ်ယောက်





အဆက်အသွယ်တွေရှိကြပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင်လက်ရွေးစင်အသင်းမှာကစားရတဲ့ခံစားချက်နဲ့ပတ်သတ်လို့





နေမာကမျှဝေပေးခဲ့တယ်လို့ ဗင်နီစီယက်စ်ကပြောဆိုသွားပါတယ်။
သူ့ဘက်က နေမာပြောတာတွေကိုအမြဲမှတ်သားခဲ့သလို ပွဲမစခင်
နိုင်ငံတော်သီချင်းတီးမှုတ်တဲ့အချိန်မှာ အားလုံးကဘာကို





ဆိုလိုတယ်ဆိုတာကို သိလာခဲ့တယ်လို့ ဗင်နီစီယက်စ်က ဖွင့်ဟခဲ့ပါတယ်။





zawgyi
ဘရာဇီးမွာပြဲထြက္သူျဖစ္လာဖို႔အတြက္ အန္ဆေလာ့တီကဖခင္တစ္ေယာက္လိုအႀကံေပးခဲ့တယ္လို႔ ဗင္နီစီယက္စ္ ဖြင့္ဟ
ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ဘရာဇီးအသင္းမွာ ပြဲထြက္သူျဖစ္လာဖို႔အတြက္





နည္းျပအန္ဆေလာ့တီကအႀကံေကာင္းေတြေပးခဲ့တယ္လို႔ တိုက္စစ္မႉး
ဗင္နီစီယက္စ္က ဖြင့္ဟလာပါတယ္။ ဘရာဇီးၾကယ္ပြင့္ဟာ ဒီရာသီမွာ





ရီးရဲလ္အတြက္ လာလီဂါသြင္းဂိုး ၉ဂိုးနဲ႔ ခ်န္ပီယံလိဂ္သြင္းဂိုး ၅ဂိုး
ရယူထားသလို သူနဲ႔ပတ္သတ္လို႔ နည္းျပအန္ဆေလာ့တီကလႊမ္းမိုးမႈ
ရွိတယ္လို႔ဆိုပါတယ္။ ကာတာကမာၻ႔ဖလားမွာ ဘရာဇီးအတြက္ပြဲတိုင္း





ပါဝင္ကစားေပးထားတဲ့ ဗင္နီစီယက္စ္က “အန္ဆေလာ့တီနဲ႔စကားေတြ
အမ်ားႀကီးေျပာျဖစ္သလို ဘရာဇီးမွာပြဲထြက္သူျဖစ္လာဖို႔အတြက္





အႀကံေတြေပးခဲ့ပါတယ္။ သူက ကြၽန္ေတာ့္ကိုယုံၾကည္မႈေတြ
အမ်ားႀကီးေပးခဲ့တယ္။ အခက္အခဲရွိတိုင္းမွာ သူကြၽန္ေတာ္နဲ႔အတူ
မွ်ေဝေပးခဲ့တယ္။ သူက ကြၽန္ေတာ့္အတြက္ေတာ့ ဖခင္တစ္ေယာက္လိုပါပဲ။





သူဟာ ကစားပြဲနဲ႔ပတ္သတ္တဲ့နည္းစနစ္ပိုင္းဆိုင္ရာမွာတင္မကဘဲ
ကစားသမားေတြနဲ႔ဆက္ဆံရာမွာလည္းအထူးေကာင္းမြန္ပါတယ္။





ကြၽန္ေတာ္အမ်ားႀကီးတိုးတက္လာခဲ့တယ္၊ ဒီလိုျဖစ္လာဖို႔ သူကူညီေပးခဲ့တာပါ။
သူနဲ႔ ဘရာဇီးနည္းျပတီတီက ပုံစံတူျဖစ္သလို သူတို႔ႏွစ္ေယာက္
အဆက္အသြယ္ေတြရွိၾကပါတယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။





ဒါ့အျပင္လက္ေ႐ြးစင္အသင္းမွာကစားရတဲ့ခံစားခ်က္နဲ႔ပတ္သတ္လို႔
ေနမာကမွ်ေဝေပးခဲ့တယ္လို႔ ဗင္နီစီယက္စ္ကေျပာဆိုသြားပါတယ္။





သူ႔ဘက္က ေနမာေျပာတာေတြကိုအၿမဲမွတ္သားခဲ့သလို ပြဲမစခင္
ႏိုင္ငံေတာ္သီခ်င္းတီးမႈတ္တဲ့အခ်ိန္မွာ အားလုံးကဘာကို
ဆိုလိုတယ္ဆိုတာကို သိလာခဲ့တယ္လို႔ ဗင္နီစီယက္စ္က ဖြင့္ဟခဲ့ပါတယ္။




