ဘရာဇီးနဲ့အတူ ပြန်လာနိုင်ဖို့ ရှိနေတဲ့အကြောင်း ထုတ်ပြောလာတဲ့ နေမာ

ဘရာဇီးက ဆားဘီးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား မီလန်ကိုဗစ်ရဲ့ ဒူးခေါင်းနဲ့ ထိခိုက်မိပြီး ပြင်းထန်လွန်းတဲ့ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့ပေမဲ့ မကြာခင်အချိန်အတောအတွင်းမှာ

ဆမ်ဘာတေးသွားတွေနဲ့အတူ မြက်ခင်းစိမ်းပေါ်မှာ ကခုန်ဖို့အတွက် ပြန်လာနိုင်ဖို့ ကြိုးစားနေတယ်လို့ တိုက်စစ်မှူး နေမာက လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေးလိုက်ပါတယ်။ နေမာဟာ ညာဘက်

ခြေထောက်ရဲ့ ခြေချင်းဝတ် အရွတ်ကြော ပြင်းပြင်း ထန်ထန် ထိခိုက်မိပြီး လက်ရှိအချိန်မှာတော့ ဆေးကုသမှု ခံယူနေရတဲ့ က စားသမားဖြစ်ပါတယ်။ နောက်ပြီး နေမာဟာ ဒီနေ့ ကစားမယ့် ဆွစ်ဇာလန်နဲ့

ပွဲစဉ်ကိုလည်း သေချာပေါက် လွဲချော်မှာဖြစ်တယ်လို့ အသင်းဆေးအဖွဲ့က တရားဝင် ထုတ်ပြောထားပြီးပါပြီ။ ဒါ့အပြင် ကမ္ဘာ့ဖလားရဲ့ ဘယ်ပွဲစဉ်မှာ ဘရာဇီးနဲ့အတူ နေမာတစ်ယောက် ပြန်ပြီး

ပါဝင်လာနိုင်မယ်ဆိုတာကိုလည်း အတိအကျ ပြောတာမျိုးလည်း ရှိသေးပါဘူး။ ဒါပေမဲ့ ဘရာဇီးနဲ့အတူ ပြန်လည်ပါဝင်လာနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေတယ်လို့ နေမာက

အင်စတာဂရမ်ကနေတစ်ဆင့် အားလုံးကို အသိပေးခဲ့ပါတယ်။ ‘’ကျွန်တော် ဒဏ်ရာရသွားခဲ့တယ်။ နာတယ်ဗျာ။ နောက်ပြီး နာကျင်ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော် ပြန်လာနိုင်တဲ့

အခွင့်အရေးမျိုး ရှိတယ်လို့ ကျွန်တော် သေချာပြော ရဲတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံအသင်းရယ်၊ ကျွန်တော့် အသင်းဖော်တွေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ကူညီဖို့အတွက်

ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး လုပ်နေတာကြောင့်ပါ’’ လို့ ပီအက်စ်ဂျီ တိုက် စစ်မှူးက အင်စတာဂရမ်ကနေ ပို့စ်တင်ပြီး ပြောဆိုခဲ့ပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့

ပတ်သက်လာရင် သူဟာ ကံမစပ်ဘူးလို့လည်း ငြီးတွား ခဲ့ပါသေးတယ်။ ‘’ကျွန်တော့်ဘဝမှာ လွယ်ကူတယ်ဆိုတာက ဘာမှမရှိခဲ့ ဘူး။ လွယ်လွယ်နဲ့ရတာလည်း မရှိဘူး။ ကျွန်တော့် အိပ်မက်တွေ၊

ရည်မှန်းချက် တွေ ဖြစ်ဖို့အတွက် ကြိုးစားခဲ့ရတာ’’ လို့ တစ်ဆက်တည်း ပြောသွားခဲ့ပါတယ်။ နေမာဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကဆိုရင်လည်း နောက်ကျောဒဏ် ရာကြောင့် အဆင်မပြေမှုတွေ

ကြုံခဲ့ရတဲ့ ကစားသမားဖြစ်ပြီး ဘရာဇီးဟာ လည်း ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမနီကို ၇-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတယ်။

(Zawgyi)

ဘရာဇီးနဲ႔အတူ ျပန္လာႏုိင္ဖုိ႔ ရွိေနတဲ့အေၾကာင္း ထုတ္ေျပာလာတဲ့ ေနမာ

ဘရာဇီးက ဆားဘီးကုိ ၂-၀ ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမား မီလန္ကုိဗစ္ရဲ႕ ဒူးေခါင္းနဲ႔ ထိခုိက္မိၿပီး ျပင္းထန္လြန္းတဲ့ ေျခခ်င္း၀တ္ဒဏ္ရာ ရခဲ့ေပမဲ့ မၾကာခင္အခ်ိန္အေတာအတြင္းမွာ

ဆမ္ဘာေတးသြားေတြနဲ႔အတူ ျမက္ခင္းစိမ္းေပၚမွာ ကခုန္ဖုိ႔အတြက္ ျပန္လာႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ တုိက္ စစ္မွဴး ေနမာက လူမႈကြန္ရက္ကေနတစ္ဆင့္ အသိေပးလုိက္ပါတယ္။ ေနမာဟာ

ညာဘက္ ေျခေထာက္ရဲ႕ ေျခခ်င္း၀တ္ အရြတ္ေၾကာ ျပင္းျပင္း ထန္ထန္ ထိခုိက္မိၿပီး လက္ရွိအခ်ိန္မွာေတာ့ ေဆးကုသမႈ ခံယူေနရတဲ့ က စားသမားျဖစ္ပါတယ္။ ေနာက္ၿပီး ေနမာဟာ ဒီေန႔

ကစားမယ့္ ဆြစ္ဇာလန္နဲ႔ ပြဲစဥ္ကုိလည္း ေသခ်ာေပါက္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ အသင္းေဆးအဖြဲ႕က တရား၀င္ ထုတ္ေျပာထားၿပီးပါၿပီ။ ဒါ့အျပင္ ကမာၻ႔ဖလားရဲ႕ ဘယ္ပြဲစဥ္မွာ ဘရာဇီးနဲ႔အတူ

ေနမာတစ္ေယာက္ ျပန္ၿပီး ပါ၀င္လာႏုိင္မယ္ဆုိတာကုိလည္း အတိအက် ေျပာတာမ်ဳိးလည္း ရွိေသးပါဘူး။ ဒါေပမဲ့ ဘရာဇီးနဲ႔အတူ ျပန္လည္ပါ၀င္လာႏုိင္ဖုိ႔အတြက္ အေကာင္းဆုံး ႀကိဳးစားေနတယ္လို႔

ေနမာက အင္စတာဂရမ္ကေနတစ္ဆင့္ အားလုံးကုိ အသိေပးခဲ့ပါတယ္။ ‘’ကၽြန္ေတာ္ ဒဏ္ရာရသြားခဲ့တယ္။ နာတယ္ဗ်ာ။ ေနာက္ၿပီး နာက်င္ခံစားရတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ျပန္လာႏုိင္တဲ့ အခြင့္အေရးမ်ဳိး ရွိတယ္လုိ႔

ကၽြန္ေတာ္ ေသခ်ာေျပာ ရဲတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ႏုိင္ငံအသင္းရယ္၊ ကၽြန္ေတာ့္ အသင္းေဖာ္ေတြနဲ႔ ကၽြန္ေတာ့္ကုိယ္ကၽြန္ေတာ္ ကူညီဖုိ႔အတြက္ ကၽြန္ေတာ္

တတ္ႏုိင္သမွ် အေကာင္းဆုံး လုပ္ေနတာေၾကာင့္ပါ’’ လုိ႔ ပီအက္စ္ဂ်ီ တုိက္ စစ္မွဴးက အင္စတာဂရမ္ကေန ပုိ႔စ္တင္ၿပီး ေျပာဆုိခဲ့ပါတယ္။ ေနာက္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ ပတ္သက္လာရင္ သူဟာ

ကံမစပ္ဘူးလုိ႔လည္း ၿငီးတြား ခဲ့ပါေသးတယ္။ ‘’ကၽြန္ေတာ့္ဘ၀မွာ လြယ္ကူတယ္ဆုိတာက ဘာမွ မရွိခဲ့ ဘူး။ လြယ္လြယ္နဲ႔ရတာလည္း မရွိဘူး။ ကၽြန္ေတာ့္ အိပ္မက္ေတြ၊ ရည္မွန္းခ်က္

ေတြ ျဖစ္ဖုိ႔အတြက္ ႀကိဳးစားခဲ့ရတာ’’ လုိ႔ တစ္ဆက္တည္း ေျပာသြားခဲ့ပါတယ္။ ေနမာဟာ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကဆုိရင္လည္း ေနာက္ေက်ာဒဏ္ ရာေၾကာင့္

အဆင္မေျပမႈေတြ ၾကံဳခဲ့ရတဲ့ ကစားသမားျဖစ္ၿပီး ဘရာဇီးဟာ လည္း ဆီမီးဖုိင္နယ္အဆင့္မွာ ဂ်ာမနီကုိ ၇-၁ ဂုိးနဲ႔ ရႈံးနိမ့္ခဲ့ရတယ္။