
ပီအက်စ်ဂျီကြယ်ပွင့်နေမာဟာ ပီလီကြီးရဲ့ဈာပနကို





မလာရောက်ခဲ့တဲ့အတွက် အကြီးအကျယ်ဝေဖန်ခံနေရပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ အသက် ၈၂ နှစ်အရွယ် ပီလီကွယ်လွန်ခဲ့ပြီးနောက်





သူ့ရဲ့မိသားစုဝင်တွေက “ဘုရင်ကြီးပီလီရဲ့ခရီးစဉ်က လှုံ့ဆော်မှုနဲ့
ချစ်ချင်းမေတ္တာတွေရဲ့အမှတ်အသားပါ။ ဒီနေ့တော့ငြိမ်းချမ်းစွာ
ကွယ်လွန်ခဲ့ပါပြီ။ ချစ်ချင်းမေတ္တာတွေ၊ ချစ်ခြင်းမေတ္တာနဲ့





မေတ္တာတရားတွေက ထာဝရပါပဲ” လို့ အသိပေးကြေညာခဲ့ပါတယ်။
ဒီသတင်းကိုကြားခဲ့တဲ့ နေမာဟာ အင်စတာဂရမ်စာမျက်နှာကနေ





ဂန္တဝင်ကြီးကိုချီးကျူးဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ပါတယ်။
“ပီလီ မတိုင်ခင်က ‘၁၀’ ဟာ နံပါတ်တစ်ခုသာဖြစ်တယ်။
ဒီစာသားကို ကျွန်တော့်ဘဝရဲ့တစ်ချိန်ချိန်မှာ ဖတ်ခဲ့ဖူးတယ်။





ဒါပေမဲ့ ဒီလှပတဲ့စာကြောင်းဟာမပြည့်စုံသေးပါဘူး။
ပြောရမယ်ဆိုရင် ပီလီမတိုင်ခင် ဘောလုံးကအားကစား





တစ်ခုလောက်သာဖြစ်ပါတယ်။ ပီလီက အရာအားလုံးကို
ပြောင်းလဲခဲ့တယ်။ သူက ဘောလုံးကိုအနုပညာအဖြစ်၊
ဖျော်ဖြေရေးအဖြစ်ကိုပြောင်းလဲခဲ့တယ်။ သူဟာ ဆင်းရဲသား၊





လူမည်းတွေအတွက်အသံတစ်ခုဖြစ်သလို ဒါတွေအားလုံးရဲ့
အထက်မှာ ဘရာဇီးကိုမြင်နိုင်စွမ်းရှိခဲ့တယ်။





ဘောလုံးနဲ့ ဘရာဇီးတို့က ဘုရင်ကြီးကိုကျေးဇူးတင်ကြပါတယ်။
သူမရှိတော့ပေမဲ့ သူ့ရဲ့မှော်ဆန်တဲ့ပညာကျန်နေလိမ့်မယ်။
ပီလီက ထာဝရဖြစ်တယ်” လို့ နေမာက အင်စတာဂရမ်မှာ





ပို့စ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘရာဇီးကိုပြန်လာရမယ့်အစား
ပီအက်စ်ဂျီနဲ့လေ့ကျင့်ရေးအတွက် ပြင်သစ်မှာဆက်ရှိနေခဲ့တဲ့





နေမာဟာဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။
ဘရာဇီးရဲ့ အရေးတကြီး သတင်းတင်ဆက်သူ ဂျိုဆေးလုဇ်ဒါတီနာက
“တကယ်လို့ နေမာလွတ်မြောက်ချင်ရင် လာခဲ့ပါ။





နေမာဟာ ဒီကိုလာဖို့အတွက် ပီအက်စ်ဂျီကိုကောင်းကောင်း
ဖိအားပေးနိုင်တယ်။ ပါတီပွဲတွေအတွက် ကလပ်ကိုကြိမ်ဖန်များစွာ





ဖိအားပေးခဲ့တဲ့ သူက ပီလီကိုနှုတ်ဆက်ဖို့အတွက် ပီအက်စ်ဂျီကို
ဘာလို့မတောင်းဆိုတာလဲ။ နေမာဟာ ဘရာဇီးကစားသမား
တစ်ယောက်အနေနဲ့ ပီလီရဲ့ရုပ်အလောင်းကိုလာကြည့်ပြီး





နှုတ်ဆက်ဖို့တာဝန်ရှိတယ်လို့ထင်ပါတယ်။ ဒါဟာ ဘရာဇီး
ဘောလုံးအတွက် အရေးကြီးပါတယ်” လို့ ဝေဖန်လိုက်ပါတယ်။





နေမာရဲ့ဖခင်ကတော့ ပီလီရဲ့မိသားစုကို အားပေးထောက်ပံ့ဖို့အတွက်
သားဖြစ်သူကိုယ်စားဈာပနကိုတက်ရောက်ခြင်းဖြစ်တယ်လို့ အကြောင်းပြချက်ပေးထားပါတယ်။
zawgyi





ဘရာဇီးဂႏၲဝင္ပီလီရဲ႕ ဈာပနကိုမတက္ေရာက္ခဲ့တဲ့ ေနမာ အႀကီးအက်ယ္ေဝဖန္ခံေနရ
ပီအက္စ္ဂ်ီၾကယ္ပြင့္ေနမာဟာ ပီလီႀကီးရဲ႕ဈာပနကို





မလာေရာက္ခဲ့တဲ့အတြက္ အႀကီးအက်ယ္ေဝဖန္ခံေနရပါတယ္။
ၿပီးခဲ့တဲ့အပတ္မွာ အသက္ ၈၂ ႏွစ္အ႐ြယ္ ပီလီကြယ္လြန္ခဲ့ၿပီးေနာက္
သူ႔ရဲ႕မိသားစုဝင္ေတြက “ဘုရင္ႀကီးပီလီရဲ႕ခရီးစဥ္က လႈံ႕ေဆာ္မႈနဲ႔





ခ်စ္ခ်င္းေမတၱာေတြရဲ႕အမွတ္အသားပါ။ ဒီေန႔ေတာ့ၿငိမ္းခ်မ္းစြာ
ကြယ္လြန္ခဲ့ပါၿပီ။ ခ်စ္ခ်င္းေမတၱာေတြ၊ ခ်စ္ျခင္းေမတၱာနဲ႔





ေမတၱာတရားေတြက ထာဝရပါပဲ” လို႔ အသိေပးေၾကညာခဲ့ပါတယ္။
ဒီသတင္းကိုၾကားခဲ့တဲ့ ေနမာဟာ အင္စတာဂရမ္စာမ်က္ႏွာကေန
ဂႏၲဝင္ႀကီးကိုခ်ီးက်ဴးဂုဏ္ျပဳမႈေတြျပဳလုပ္ခဲ့ပါတယ္။





“ပီလီ မတိုင္ခင္က ‘၁၀’ ဟာ နံပါတ္တစ္ခုသာျဖစ္တယ္။
ဒီစာသားကို ကြၽန္ေတာ့္ဘဝရဲ႕တစ္ခ်ိန္ခ်ိန္မွာ ဖတ္ခဲ့ဖူးတယ္။





ဒါေပမဲ့ ဒီလွပတဲ့စာေၾကာင္းဟာမျပည့္စုံေသးပါဘူး။
ေျပာရမယ္ဆိုရင္ ပီလီမတိုင္ခင္ ေဘာလုံးကအားကစား
တစ္ခုေလာက္သာျဖစ္ပါတယ္။ ပီလီက အရာအားလုံးကို





ေျပာင္းလဲခဲ့တယ္။ သူက ေဘာလုံးကိုအႏုပညာအျဖစ္၊
ေဖ်ာ္ေျဖေရးအျဖစ္ကိုေျပာင္းလဲခဲ့တယ္။ သူဟာ ဆင္းရဲသား၊





လူမည္းေတြအတြက္အသံတစ္ခုျဖစ္သလို ဒါေတြအားလုံးရဲ႕
အထက္မွာ ဘရာဇီးကိုျမင္ႏိုင္စြမ္းရွိခဲ့တယ္။
ေဘာလုံးနဲ႔ ဘရာဇီးတို႔က ဘုရင္ႀကီးကိုေက်းဇူးတင္ၾကပါတယ္။





သူမရွိေတာ့ေပမဲ့ သူ႔ရဲ႕ေမွာ္ဆန္တဲ့ပညာက်န္ေနလိမ့္မယ္။
ပီလီက ထာဝရျဖစ္တယ္” လို႔ ေနမာက အင္စတာဂရမ္မွာ





ပို႔စ္တင္ခဲ့ပါတယ္။ ဒါေပမဲ့ ဘရာဇီးကိုျပန္လာရမယ့္အစား
ပီအက္စ္ဂ်ီနဲ႔ေလ့က်င့္ေရးအတြက္ ျပင္သစ္မွာဆက္ရွိေနခဲ့တဲ့
ေနမာဟာေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္တယ္။





ဘရာဇီးရဲ႕ အေရးတႀကီး သတင္းတင္ဆက္သူ ဂ်ိဳေဆးလုဇ္ဒါတီနာက
“တကယ္လို႔ ေနမာလြတ္ေျမာက္ခ်င္ရင္ လာခဲ့ပါ။





ေနမာဟာ ဒီကိုလာဖို႔အတြက္ ပီအက္စ္ဂ်ီကိုေကာင္းေကာင္း
ဖိအားေပးႏိုင္တယ္။ ပါတီပြဲေတြအတြက္ ကလပ္ကိုႀကိမ္ဖန္မ်ားစြာ
ဖိအားေပးခဲ့တဲ့ သူက ပီလီကိုႏႈတ္ဆက္ဖို႔အတြက္ ပီအက္စ္ဂ်ီကို





ဘာလို႔မေတာင္းဆိုတာလဲ။ ေနမာဟာ ဘရာဇီးကစားသမား
တစ္ေယာက္အေနနဲ႔ ပီလီရဲ႕႐ုပ္အေလာင္းကိုလာၾကည့္ၿပီး





ႏႈတ္ဆက္ဖို႔တာဝန္ရွိတယ္လို႔ထင္ပါတယ္။ ဒါဟာ ဘရာဇီး
ေဘာလုံးအတြက္ အေရးႀကီးပါတယ္” လို႔ ေဝဖန္လိုက္ပါတယ္။
ေနမာရဲ႕ဖခင္ကေတာ့ ပီလီရဲ႕မိသားစုကို အားေပးေထာက္ပံ့ဖို႔အတြက္





သားျဖစ္သူကိုယ္စားဈာပနကိုတက္ေရာက္ျခင္းျဖစ္တယ္လို႔ အေၾကာင္းျပခ်က္ေပးထားပါတယ္။