ဘရာဇီးကြယ်ပွင့်ကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူနိုင်ဖို့ ယူနိုက်တက် နီးစပ်နေဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ

ယူနိုက်တက်ဟာ အေဂျက်စ်တောင်ပံကစားသမား
အန်တိုနီကို ခေါ်ယူနိုင်ဖို့
နီးစပ်နေပြီလို့ သိရပြီး
အဆိုပါဘရာဇီးသားအနေနဲ့
အိုးထရက်ဖို့ဒ်မှာ အေဂျက်စ်နည်းပြဟောင်း

တန်ဟတ်နဲ့ ပြန်လည်လက်တွဲနိုင်တော့မှာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ အန်တိုနီဟာ
တန်ဟတ်လက်ထက် အေဂျက်စ်မှာ
အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက်
စုစုပေါင်း ၇၉ပွဲမှာ ၂၂ဂိုးသွင်းယူကာ

ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးထားပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ
ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ
အန်တိုနီရဲ့အပြောင်းအရွှေ့ ဖြစ်မြောက်ရေးအတွက်
အမ်စတာဒမ်ကို လာရောက်ဖို့ရှိနေပြီး

တန်ဟတ်လက်ထက် အန်တိုနီက
ယူနိုက်တက်ရဲ့ပထမဆုံးခေါ်ယူမှု
ဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်အနေနဲ့ အန်တိုနီအတွက်
ပေါင်သန်း ၄၀ ကုန်ကျနိုင်ပြီး

တန်ဟတ်အတွက် သူ့ဘက်က
အမြဲအဆင်သင့်ရှိတဲ့အကြောင်းလည်း
ကစားသမားကိုယ်တိုင် ဖွင့်ဟထားဖူးပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက
အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက်

၃၂ပွဲမှာ ၁၂ဂိုးသွင်းယူကာ
ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
တန်ဟတ်ဟာ သူလက်တွဲခဲ့ဖူးတဲ့
ကစားသမားတချို့ကို ခေါ်ယူဖို့
ဆက်သွယ်ချဉ်းကပ်နေပြီး

အဲဒီထဲမှာ အန်တိုနီရဲ့
အေဂျက်စ်အသင်းဖော်တွေဖြစ်တဲ့
တင်းဘားနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့လည်း ပါဝင်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက
ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်

ယခုနွေရာသီမှာ ကစားသမားသစ်
အများအပြား ခေါ်ယူဖွယ်ရှိနေပြီး
တန်ဟတ်အနေနဲ့ ညာတောင်ပံတိုက်စစ်အတွက်
အန်တိုနီကို ခေါ်ယူဖွယ်ရှိနေပါတယ်။

Zawgyi

ဘရာဇီးၾကယ္ပြင့္ကို ေပါင္သန္း ၄၀နဲ႔ ေခၚယူႏုိင္ဖို႔ ယူႏုိက္တက္ နီးစပ္ေနဟုဆို
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ယူႏုိက္တက္ဟာ ေအဂ်က္စ္ေတာင္ပံကစားသမား

အန္တိုနီကို ေခၚယူႏုိင္ဖို႔
နီးစပ္ေနၿပီလုိ႔ သိရၿပီး
အဆုိပါဘရာဇီးသားအေနနဲ႔
အိုးထရက္ဖို႔ဒ္မွာ ေအဂ်က္စ္နည္းျပေဟာင္း
တန္ဟတ္နဲ႔ ျပန္လည္လက္တြဲႏိုင္ေတာ့မွာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ရွိ အန္တိုနီဟာ
တန္ဟတ္လက္ထက္ ေအဂ်က္စ္မွာ
အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္
စုစုေပါင္း ၇၉ပြဲမွာ ၂၂ဂိုးသြင္းယူကာ
ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ ျပဳလုပ္ေပးထားပါတယ္။

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ
ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြဟာ
အန္တိုနီရဲ႕အေျပာင္းအေရႊ႕ ျဖစ္ေျမာက္ေရးအတြက္
အမ္စတာဒမ္ကို လာေရာက္ဖို႔ရွိေနၿပီး
တန္ဟတ္လက္ထက္ အန္တိုနီက

ယူႏုိက္တက္ရဲ႕ပထမဆုံးေခၚယူမႈ
ျဖစ္လာႏိုင္ပါတယ္။
ယူႏုိက္တက္အေနနဲ႔ အန္တိုနီအတြက္
ေပါင္သန္း ၄၀ ကုန္က်ႏိုင္ၿပီး
တန္ဟတ္အတြက္ သူ႕ဘက္က

အၿမဲအဆင္သင့္ရွိတဲ့အေၾကာင္းလည္း
ကစားသမားကုိယ္တုိင္ ဖြင့္ဟထားဖူးပါတယ္။
အန္တိုနီဟာ ၿပီးခဲ့တဲ့ရာသီက
အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းအတြက္
၃၂ပြဲမွာ ၁၂ဂိုးသြင္းယူကာ

ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
တန္ဟတ္ဟာ သူလက္တဲြခဲ့ဖူးတဲ့
ကစားသမားတခ်ိဳ႕ကို ေခၚယူဖုိ႔
ဆက္သြယ္ခ်ဥ္းကပ္ေနၿပီး
အဲဒီထဲမွာ အန္တိုနီရဲ႕

ေအဂ်က္စ္အသင္းေဖာ္ေတြျဖစ္တဲ့
တင္းဘားနဲ႔ လီဆန္ဒရိုမာတီနက္ဇ္တုိ႔လည္း ပါ၀င္ပါတယ္။
ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက
ရလဒ္ဆုိးေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္
ယခုေႏြရာသီမွာ ကစားသမားသစ္

အမ်ားအျပား ေခၚယူဖြယ္ရွိေနၿပီး
တန္ဟတ္အေနနဲ႔ ညာေတာင္ပံတုိက္စစ္အတြက္
အန္တိုနီကို ေခၚယူဖြယ္ရွိေနပါတယ္။