ဘရာဇီးကိုရှောင်ထွက်ဖို့အတွက် ဂျပန်နဲ့ပွဲမှာ စပိန်အရှုံးရလဒ်ကိုရှာဖွေခဲ့တယ်လို့ ဟူဂိုဆန်းချက်ဇ် ပြောဆို

ဘရာဇီးကိုရှောင်ထွက်ဖို့အတွက် ဂျပန်နဲ့ပွဲမှာ စပိန်အရှုံးရလဒ်ကိုရှာဖွေခဲ့တယ်လို့ ဟူဂိုဆန်းချက်ဇ် ပြောဆို

ရီးရဲလ်တိုက်စစ်မှူးဟောင်းကြီး ဟူဂိုဆန်းချက်ဇ်က အင်းနရစ်ရဲ့ စပိန်အသင်းဟာ ဂျပန်ကိုတမင်အရှုံးကန်ပြီး

ကွာတားဖိုင်နယ်မှာ ဘရာဇီးကိုရှောင်ထွက်သွားခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဂျပန်၊ စပိန်နဲ့ ဂျာမနီတို့ပါဝင်တဲ့ အုပ်စုဟာ ကာတာကမ္ဘာ့ဖလားမှာ ရလဒ်ပိုင်းထွက်ပေါ်မှုကသောင်းကနင်းအဖြစ်ဆုံးလို့ ဆိုရမှာဖြစ်တယ်။

ဥရောပ အင်အားကြီးနှစ်သင်းစလုံးကိုနိုင်သွားတဲ့ ဂျပန်ကအုပ်စုဗိုလ်ဖြစ်ခဲ့ပြီး စပိန်က ဒုတိယနေရာကနေခိုလိုက်သွားခဲ့တာဖြစ်တယ်။

အုပ်စုပွဲစဉ်တွေအားလုံးအပြီးမှာတော့ ဟူဂိုဆန်းချက်ဇ်က စပိန်ရဲ့လုပ်ဆောင်ချက်ကိုရိပ်စားမိခဲ့သလို

ESPN ရုပ်သံတင်ဆက်သူ ဖိုင်တယ်လ်ဆန်နဲ့အတွေ့မှာ ဒီအကြောင်းအရာကိုဖွင့်ချခဲ့ပါတယ်။

“ဘရာဇီးကို ရှောင်ဖို့အတွက် စပိန်က ဒီရလဒ်ကိုဖန်တီးယူခဲ့တယ်လို့ မင်းအာမခံလား” လို့

ရုပ်သံတင်ဆက်သူ ဖိုင်တယ်လ်ဆန်က မေးမြန်းရာမှာတော့

ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ကြိမ်ဝင်ရောက်ကစားဖူးတဲ့ မက္ကဆီကိုတိုက်စစ်မှူးဟောင်းကြီး ဟူဂိုဆန်းချက်ဇ်က “အာမခံတယ်။

ငါ ပွဲကစားတဲ့နေရာမှာမရှိခဲ့သလို အင်းနရစ်ရဲ့အတွေးကိုလည်းသိမနေပါဘူး။

ဒါပေမဲ့ ကွာတားဖိုင်နယ်မှာ ဘရာဇီးကိုရှောင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို အင်းနရစ်စဉ်းစားခဲ့တယ်။

စပိန်က ဘရာဇီးကိုကြောက်တာမဟုတ်ပေမဲ့ သူတို့ကိုလေးစားပုံရပါတယ်။ စွန့်စားမှုတစ်ခုဖြစ်ပေမဲ့ စွန့်စားရကျိုးနပ်ပါတယ်။ ” လို့ သုံးသပ်လိုက်ပါတယ်။

စပိန်နည်းပြအင်းနရစ်ကတော့ ပွဲအပြီးမှာ အုပ်စုကထွက်ခွာရနိုင်တဲ့အကြောင်းအရာကို တကယ်ဂရုမပြုမိဘူးလို့ဆိုခဲ့ပေမဲ့

ဘယ်နည်းပြကမှ အရှုံးကန်ပါတယ်လို့ထုတ်ပြောမှာမဟုတ်ဘူးလို့ ဟူဂိုဆန်းချက်ဇ်က ဆိုခဲ့ပါတယ်။

လက်ရှိ စပိန်အသင်းရွေးချယ်လိုက်တဲ့ လမ်းကြောင်းအရတော့ ဗိုလ်လုပွဲရောက်မှသာ ဘရာဇီးနဲ့တွေ့ဆုံရမှာဖြစ်တယ်။

zawgyi

ဘရာဇီးကိုေရွာင္ထြက္ဖို႔အတြက္ ဂ်ပန္နဲ႔ပြဲမွာ စပိန္အရႈံးရလဒ္ကိုရွာေဖြခဲ့တယ္လို႔ ဟူဂိုဆန္းခ်က္ဇ္ ေျပာဆို

ရီးရဲလ္တိုက္စစ္မႉးေဟာင္းႀကီး ဟူဂိုဆန္းခ်က္ဇ္က အင္းနရစ္ရဲ႕ စပိန္အသင္းဟာ ဂ်ပန္ကိုတမင္အရႈံးကန္ၿပီး

ကြာတားဖိုင္နယ္မွာ ဘရာဇီးကိုေရွာင္ထြက္သြားခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

ဂ်ပန္၊ စပိန္နဲ႔ ဂ်ာမနီတို႔ပါဝင္တဲ့ အုပ္စုဟာ ကာတာကမာၻ႔ဖလားမွာ ရလဒ္ပိုင္းထြက္ေပၚမႈကေသာင္းကနင္းအျဖစ္ဆုံးလို႔ ဆိုရမွာျဖစ္တယ္။

ဥေရာပ အင္အားႀကီးႏွစ္သင္းစလုံးကိုႏိုင္သြားတဲ့ ဂ်ပန္ကအုပ္စုဗိုလ္ျဖစ္ခဲ့ၿပီး စပိန္က ဒုတိယေနရာကေနခိုလိုက္သြားခဲ့တာျဖစ္တယ္။

အုပ္စုပြဲစဥ္ေတြအားလုံးအၿပီးမွာေတာ့ ဟူဂိုဆန္းခ်က္ဇ္က စပိန္ရဲ႕လုပ္ေဆာင္ခ်က္ကိုရိပ္စားမိခဲ့သလို

ESPN ႐ုပ္သံတင္ဆက္သူ ဖိုင္တယ္လ္ဆန္နဲ႔အေတြ႕မွာ ဒီအေၾကာင္းအရာကိုဖြင့္ခ်ခဲ့ပါတယ္။

“ဘရာဇီးကို ေရွာင္ဖို႔အတြက္ စပိန္က ဒီရလဒ္ကိုဖန္တီးယူခဲ့တယ္လို႔ မင္းအာမခံလား” လို႔

႐ုပ္သံတင္ဆက္သူ ဖိုင္တယ္လ္ဆန္က ေမးျမန္းရာမွာေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲ

၃ႀကိမ္ဝင္ေရာက္ကစားဖူးတဲ့ မကၠဆီကိုတိုက္စစ္မႉးေဟာင္းႀကီး ဟူဂိုဆန္းခ်က္ဇ္က “အာမခံတယ္။

ငါ ပြဲကစားတဲ့ေနရာမွာမရွိခဲ့သလို အင္းနရစ္ရဲ႕အေတြးကိုလည္းသိမေနပါဘူး။

ဒါေပမဲ့ ကြာတားဖိုင္နယ္မွာ ဘရာဇီးကိုေရွာင္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းကို အင္းနရစ္စဥ္းစားခဲ့တယ္။

စပိန္က ဘရာဇီးကိုေၾကာက္တာမဟုတ္ေပမဲ့ သူတို႔ကိုေလးစားပုံရပါတယ္။ စြန႔္စားမႈတစ္ခုျဖစ္ေပမဲ့ စြန႔္စားရက်ိဳးနပ္ပါတယ္။ ” လို႔ သုံးသပ္လိုက္ပါတယ္။

စပိန္နည္းျပအင္းနရစ္ကေတာ့ ပြဲအၿပီးမွာ အုပ္စုကထြက္ခြာရႏိုင္တဲ့အေၾကာင္းအရာကို တကယ္ဂ႐ုမျပဳမိဘူးလို႔ဆိုခဲ့ေပမဲ့

ဘယ္နည္းျပကမွ အရႈံးကန္ပါတယ္လို႔ထုတ္ေျပာမွာမဟုတ္ဘူးလို႔ ဟူဂိုဆန္းခ်က္ဇ္က ဆိုခဲ့ပါတယ္။

လက္ရွိ စပိန္အသင္းေ႐ြးခ်ယ္လိုက္တဲ့ လမ္းေၾကာင္းအရေတာ့ ဗိုလ္လုပြဲေရာက္မွသာ ဘရာဇီးနဲ႔ေတြ႕ဆုံရမွာျဖစ္တယ္။