ဘရာဇီးကိုနိုင်တဲ့ပထမဆုံး အာဖရိကအသင်းဖြစ်ခဲ့ပြီးနောက် ဂိုးသွင်းခဲ့တဲ့ အဘူဘာကာက GOAT နှစ်ပါးလုံးရဲ့အောင်ပွဲခံစတိုင်နဲ့အမှတ်တရချန်ရစ်ခဲ့

ကင်မရွန်းတိုက်စစ်မှူးအဘူဘာကာဟာ ဘရာဇီးအသင်းဘက်ကို

တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ကာတာကမ္ဘာ့ဖလားမှာ

အမှတ်တရတွေအများကြီးချန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးက ကင်မရွန်းကို

နောက်တစ်ဆင့်မဆွဲခေါ်နိုင်ပေမဲ့ ကစားသမားအတွက်တော့

စိတ်လှုပ်ရှားစရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ နာကျင်အချိန်ပိုအရောက်မှာ

ကမ္ဘာ့ချန်ပီယံ ၅ကြိမ်ရှင် ဆမ်ဘာတွေကိုကပ်ပြီးအလဲထိုးတဲ့အရသာက

အဘူဘာကာအတွက် အလွန်ချိုမြိန်လှပါတယ်။ အယ်လ်နက်ဆာ

တိုက်စစ်မှူးဟာ ဂိုးသွင်းပြီးတဲ့နောက် ဂျာစီကိုချွတ်ပြီး

အောင်ပွဲခံခဲ့တာဖြစ်တယ်။ အောင်ပွဲခံမှုပြုလုပ်ရာမှာတော့

ပရိသတ်ဘက်ကို ဂျာစီအနောက်ဘက်ပေးပြီးလက်နှစ်ဖက်နဲ့ကိုင်ပြကာ

မက်ဆီရဲ့အထင်ကရအောင်ပွဲခံစတိုင်ကိုသုံးခဲ့သလို အင်္ကျီချွတ်

အနေအထားတစ်ခုမှာ ရင်ဘတ်ပေါ်လက်နှစ်ဖက်ယှက်ပြီး

ရော်နယ်ဒိုရဲ့စတိုင်နဲ့ပါထပ်ဆင့်အောင်ပွဲခံသွားခဲ့ပါတယ်။

GOAT နှစ်ပါးလုံးရဲ့အောင်ပွဲခံပုံစံတွေကို အားရပါးရလုပ်ဆောင်ပြီးချိန်မှာတော့

ဒီဖြစ်ရပ်မတိုင်ခင် တစ်ဝါထိထားတဲ့ အဘူဘာကာကို ကွင်းလယ်ဒိုင်က

ထုံးတမ်းအရအနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။ ကင်မရွန်းဟာ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကကိုယ်စားပြုအသင်းအနေနဲ့

ဘရာဇီးကိုပထမဆုံးနိုင်ပွဲရအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး အနိုင်ဂိုးသွင်းခဲ့တဲ့

အဘူဘာကာဟာ အာဖရိကန်တွေသမိုင်းမှာတော့ ထာဝရဆိုတဲ့

ဂုဏ်တစ်ခုကိုပိုင်ဆိုင်ခဲ့ပြီဖြစ်တယ်။ အဘူဘာကာဟာ အနိုင်ဂိုးမသွင်းခင်မှာ

မာတင်နယ်လီကိုလူချကစားထားလို့ တစ်ဝါထိထားတဲ့အတွက်

နောက်ဆုံးမိနစ်မှာဂျာစီချွတ်ရင်းအဝါကတ်ထပ်မိပြီး ထုတ်ပယ်ခံရပေမဲ့

ဒီလိုအဖြစ်အပျက်တွေကပဲသူ့ကိုထာဝရအမှတ်ရသွားဖို့ရှိနေပါတယ်။

zawgyi

ဘရာဇီးကိုႏိုင္တဲ့ပထမဆုံး အာဖရိကအသင္းျဖစ္ခဲ့ၿပီးေနာက္ ဂိုးသြင္းခဲ့တဲ့ အဘူဘာကာက GOAT ႏွစ္ပါးလုံးရဲ႕ေအာင္ပြဲခံစတိုင္နဲ႔အမွတ္တရခ်န္ရစ္ခဲ့

ကင္မ႐ြန္းတိုက္စစ္မႉးအဘူဘာကာဟာ ဘရာဇီးအသင္းဘက္ကို

တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ကာတာကမာၻ႔ဖလားမွာ

အမွတ္တရေတြအမ်ားႀကီးခ်န္ရစ္ခဲ့ပါတယ္။ သူ႔ရဲ႕သြင္းဂိုးက ကင္မ႐ြန္းကို

ေနာက္တစ္ဆင့္မဆြဲေခၚႏိုင္ေပမဲ့ ကစားသမားအတြက္ေတာ့

စိတ္လႈပ္ရွားစရာ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ နာက်င္အခ်ိန္ပိုအေရာက္မွာ

ကမာၻ႔ခ်န္ပီယံ ၅ႀကိမ္ရွင္ ဆမ္ဘာေတြကိုကပ္ၿပီးအလဲထိုးတဲ့အရသာက

အဘူဘာကာအတြက္ အလြန္ခ်ိဳၿမိန္လွပါတယ္။ အယ္လ္နက္ဆာ

တိုက္စစ္မႉးဟာ ဂိုးသြင္းၿပီးတဲ့ေနာက္ ဂ်ာစီကိုခြၽတ္ၿပီး

ေအာင္ပြဲခံခဲ့တာျဖစ္တယ္။ ေအာင္ပြဲခံမႈျပဳလုပ္ရာမွာေတာ့

ပရိသတ္ဘက္ကို ဂ်ာစီအေနာက္ဘက္ေပးၿပီးလက္ႏွစ္ဖက္နဲ႔ကိုင္ျပကာ

မက္ဆီရဲ႕အထင္ကရေအာင္ပြဲခံစတိုင္ကိုသုံးခဲ့သလို အက်ႌခြၽတ္

အေနအထားတစ္ခုမွာ ရင္ဘတ္ေပၚလက္ႏွစ္ဖက္ယွက္ၿပီး

ေရာ္နယ္ဒိုရဲ႕စတိုင္နဲ႔ပါထပ္ဆင့္ေအာင္ပြဲခံသြားခဲ့ပါတယ္။

GOAT ႏွစ္ပါးလုံးရဲ႕ေအာင္ပြဲခံပုံစံေတြကို အားရပါးရလုပ္ေဆာင္ၿပီးခ်ိန္မွာေတာ့

ဒီျဖစ္ရပ္မတိုင္ခင္ တစ္ဝါထိထားတဲ့ အဘူဘာကာကို ကြင္းလယ္ဒိုင္က

ထုံးတမ္းအရအနီကတ္နဲ႔ထုတ္ပယ္ခဲ့ပါတယ္။ ကင္မ႐ြန္းဟာ

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဖရိကကိုယ္စားျပဳအသင္းအေနနဲ႔

ဘရာဇီးကိုပထမဆုံးႏိုင္ပြဲရေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အႏိုင္ဂိုးသြင္းခဲ့တဲ့

အဘူဘာကာဟာ အာဖရိကန္ေတြသမိုင္းမွာေတာ့ ထာဝရဆိုတဲ့

ဂုဏ္တစ္ခုကိုပိုင္ဆိုင္ခဲ့ၿပီျဖစ္တယ္။ အဘူဘာကာဟာ အႏိုင္ဂိုးမသြင္းခင္မွာ

မာတင္နယ္လီကိုလူခ်ကစားထားလို႔ တစ္ဝါထိထားတဲ့အတြက္

ေနာက္ဆုံးမိနစ္မွာဂ်ာစီခြၽတ္ရင္းအဝါကတ္ထပ္မိၿပီး ထုတ္ပယ္ခံရေပမဲ့

ဒီလိုအျဖစ္အပ်က္ေတြကပဲသူ႔ကိုထာဝရအမွတ္ရသြားဖို႔ရွိေနပါတယ္။