





ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၈ရက်အကြာမှာတော့
ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ဘောက်ဆင်ဒေးပွဲစဉ်တွေနဲ့အတူ





ပြန်လာခဲ့ပါပြီ။ ကွန်တီရဲ့ စပါးအသင်းကတော့ အစောဆုံးပွဲစဉ်အဖြစ်
ဘရန်ဖို့ဒ်နဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိ
ပါဝင်ကစားခဲ့ရတဲ့ ရိုမဲရိုးနဲ့ ဂိုးသမားလိုရစ်တို့ကိုသေချာပေါက်





အနားပေးရဖို့ရှိနေတာဖြစ်တယ်။ ဒါနဲ့ပက်သတ်လို့ ကွန်တီက
“ကျွန်တော်အမှန်တကယ်မပျော်ရွှင်ပါဘူး။ တစ်ဖက်မှာတော့





ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပါးကစားသမား ၁၂ယောက်ပါခဲ့လို့ပျော်မိတယ်၊
ခင်ဗျားတို့မှာ ကစားသမားကောင်းတွေရှိလို့ ဒီလိုပြိုင်ပွဲကြီး
သွားကစားရတာကပုံမှန်ပါပဲ၊ အထူးသဖြင့်တော့ ရာသီချိန်အတွင်း





ရုပ်ပိုင်းဆိုင်ရာအခြေအနေကအမြင့်ဆုံးမှာရှိမနေတာကြောင့်
မလွယ်ပါဘူး။ သူတို့ကိုအချိန်အကြာကြီးအနားပေးထားဖို့





မဖြစ်နိုင်သလို သေချာတာကတော့ ကမ္ဘာ့ဖလားမကစားခဲ့ရတဲ့
လူတွေနဲ့သွားရဖို့များနေတယ်။ ကျွန်တော်တို့ ၄ပတ်လောက်
အတူလက်တွဲထားတဲ့အတွက် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာက





ပိုပြီးအခြေအနေကောင်းနေပါတယ်။ အဲ့ဒီကာလအတွင်း
နည်းဗျူဟာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေအတွက်အများကြီး





လုပ်ဆောင်ခဲ့တယ်။ အခုသူတို့က ကမ္ဘာ့ဖလားဝင်ကစားခဲ့တဲ့
ကစားသမားတွေထက်ပိုကောင်းတဲ့အဆင့်မှာရှိနေတယ်။
ဘရန်ဖို့ဒ်နဲ့ပွဲအတွက်တော့ အကောင်းဆုံး ဆုံးဖြတ်ချက်ချရမယ်လို့





ထင်တယ်” လို့ ဆိုထားပါတယ်။ ကွင်းလယ်လူ ဘန်တန်ကာဟာ
တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် ဘရန်ဖို့ဒ်နဲ့ပွဲကို





လွဲချော်မှာဖြစ်သလို တိုက်စစ်မှူးရစ်ချာလီဆန်ကလည်း
ဒဏ်ရာကြောင့် ၄ ပတ်အနားယူရဦးမှာဖြစ်တယ်။
ဒါ့အပြင်တောင်ပံတိုက်စစ်ကစားသမား လူးကပ်စ်မိုရာဟာလည်း





ဒဏ်ရာပြဿနာရှိနေလို့ ကွန်တီအတွက်ခေါင်းခဲစရာတွေတစ်ပုံကြီးဖြစ်နေတာပါ။





zawgyi
ဘရန္ဖို႔ဒ္နဲ႔ေဘာက္ဆင္ေဒးပြဲမွာ ကမာၻ႔ဖလားမကစားခဲ့သူေတြကိုသာ ဦးစားေပးသြားမယ္လို႔ ကြန္တီ ေျပာဆိုလိုက္
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ၈ရက္အၾကာမွာေတာ့





ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ေဘာက္ဆင္ေဒးပြဲစဥ္ေတြနဲ႔အတူ
ျပန္လာခဲ့ပါၿပီ။ ကြန္တီရဲ႕ စပါးအသင္းကေတာ့ အေစာဆုံးပြဲစဥ္အျဖစ္





ဘရန္ဖို႔ဒ္နဲ႔ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ကမာၻ႔ဖလားမွာ ဗိုလ္လုပြဲအထိ
ပါဝင္ကစားခဲ့ရတဲ့ ႐ိုမဲ႐ိုးနဲ႔ ဂိုးသမားလိုရစ္တို႔ကိုေသခ်ာေပါက္
အနားေပးရဖို႔ရွိေနတာျဖစ္တယ္။ ဒါနဲ႔ပက္သတ္လို႔ ကြန္တီက





“ကြၽန္ေတာ္အမွန္တကယ္မေပ်ာ္႐ႊင္ပါဘူး။ တစ္ဖက္မွာေတာ့
ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စပါးကစားသမား ၁၂ေယာက္ပါခဲ့လို႔ေပ်ာ္မိတယ္၊





ခင္ဗ်ားတို႔မွာ ကစားသမားေကာင္းေတြရွိလို႔ ဒီလိုၿပိဳင္ပြဲႀကီး
သြားကစားရတာကပုံမွန္ပါပဲ၊ အထူးသျဖင့္ေတာ့ ရာသီခ်ိန္အတြင္း
႐ုပ္ပိုင္းဆိုင္ရာအေျခအေနကအျမင့္ဆုံးမွာရွိမေနတာေၾကာင့္





မလြယ္ပါဘူး။ သူတို႔ကိုအခ်ိန္အၾကာႀကီးအနားေပးထားဖို႔
မျဖစ္ႏိုင္သလို ေသခ်ာတာကေတာ့ ကမာၻ႔ဖလားမကစားခဲ့ရတဲ့





လူေတြနဲ႔သြားရဖို႔မ်ားေနတယ္။ ကြၽန္ေတာ္တို႔ ၄ပတ္ေလာက္
အတူလက္တြဲထားတဲ့အတြက္ သူတို႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာက
ပိုၿပီးအေျခအေနေကာင္းေနပါတယ္။ အဲ့ဒီကာလအတြင္း





နည္းဗ်ဴဟာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာေတြအတြက္အမ်ားႀကီး
လုပ္ေဆာင္ခဲ့တယ္။ အခုသူတို႔က ကမာၻ႔ဖလားဝင္ကစားခဲ့တဲ့





ကစားသမားေတြထက္ပိုေကာင္းတဲ့အဆင့္မွာရွိေနတယ္။
ဘရန္ဖို႔ဒ္နဲ႔ပြဲအတြက္ေတာ့ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ခ်ရမယ္လို႔
ထင္တယ္” လို႔ ဆိုထားပါတယ္။ ကြင္းလယ္လူ ဘန္တန္ကာဟာ





တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံထားရတာေၾကာင့္ ဘရန္ဖို႔ဒ္နဲ႔ပြဲကို
လြဲေခ်ာ္မွာျဖစ္သလို တိုက္စစ္မႉးရစ္ခ်ာလီဆန္ကလည္း





ဒဏ္ရာေၾကာင့္ ၄ ပတ္အနားယူရဦးမွာျဖစ္တယ္။
ဒါ့အျပင္ေတာင္ပံတိုက္စစ္ကစားသမား လူးကပ္စ္မိုရာဟာလည္း
ဒဏ္ရာျပႆနာရွိေနလို႔ ကြန္တီအတြက္ေခါင္းခဲစရာေတြတစ္ပုံႀကီးျဖစ္ေနတာပါ။




