ဘရန်ဖို့ဒ်နဲ့ပွဲမှာအခွင့်အရေးတွေလွဲခဲ့တဲ့ ဒါဝင်းနူးနက်ဇ်ကို နာမည်ကြီးပီဇာဆိုင်ခွဲ Domino’s ကလှောင်ပြောင်ခဲ့

ဘရန်ဖို့ဒ်ကိုမထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးတိုက်စစ်မှူး

ဒါဝင်းနူးနက်ဇ်ကို နာမည်ကြီးပီဇာဆိုင်ခွဲဖြစ်တဲ့ Domino’s က

ပစ်မှတ်ထားလှောင်ပြောင်သွားခဲ့ပါတယ်။ လီဗာပူးဟာ ကိုနာတေးရဲ့

OG အပါအဝင် ပထမပိုင်းမှာတင် ၂ ဂိုးပြတ်ရှုံးခဲ့ပြီး ပွဲအပြီးမှာ

ဘရန်ဖို့ဒ်ရဲ့ ၃-၁ ရလဒ်နဲ့ကျော်ဖြတ်ခြင်းခံလိုက်ရပါတယ်။

ပေါင် ၈၅ သန်းတန် ဥရုဂွေးတိုက်စစ်မှူးနူးနက်ဇ်ကလည်း

ရိုးရှာမပျက်အခွင့်အရေးတွေလွဲချော်ခဲ့ပြီး ဝေဖန်မှုတွေနဲ့

ဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။ ဒါဝင်းနူးနက်ဇ်ဟာ ဂိုးသမားမရှိတဲ့

ဂိုးပေါက်ထဲကို အဆုံးသတ်ခွင့်ရခဲ့ပေမဲ့ နောက်ခံလူဘန်မီက

ရှင်းထုတ်သွားနိုင်ခဲ့သလို သူ့ရဲ့ ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်တွေဟာ

လီဗာပူးကိုနစ်နာစေခဲ့ပါတယ်။ အဲ့ဒီညနေခင်းမှာ ပိုဆိုးသွားတာက

ပီဇာစားသောက်ဆိုင်ခွဲ Domino’s က သူတို့ရဲ့တွစ်တာအကောင့်မှာ

လီဗာပူးတိုက်စစ်မှူးကိုရက်ရက်စက်စက် လှောင်ပြောင်ခဲ့တာပဲဖြစ်တယ်။

“တကယ်လို့ ဒီညကျွန်တော်တို့အော်ဒါလွဲသွားရင်တောင်းပန်ပါတယ်၊

ဒီကောင်လေးစလုပ်လိုက်တာပါ” လို့ တွစ်တာမှာရေးသားပြီး

ဒါဝင်းနူးနက်ဇ်ပုံနဲ့တွဲတင်ပေးလိုက်တာဖြစ်တယ်။

ဒါကိုမြင်တဲ့ ပရိသတ်တစ်ယောက်က “အဲ့ဒါကြောင့် Domino’s က

အကောင်းဆုံးပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့

“Domino’s ကိုအော်ဒါမှာချင်ပါတယ် ဟ…ဟ” လို့ ရေးသားခဲ့သလို

တတိယတစ်ယောက်က “Domino’s ရဲ့ဟာသလုပ်ခံရတာကို

စိတ်ကူးကြည့်ပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ “Dominoes တွေတောင်

သူ့နဲ့ပက်သတ်လို့ မီးတောက်နေပြီ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

zawgyi

ဘရန္ဖို႔ဒ္နဲ႔ပြဲမွာအခြင့္အေရးေတြလြဲခဲ့တဲ့ ဒါဝင္းႏူးနက္ဇ္ကို နာမည္ႀကီးပီဇာဆိုင္ခြဲ Domino’s ကေလွာင္ေျပာင္ခဲ့

ဘရန္ဖို႔ဒ္ကိုမထင္မွတ္ဘဲရႈံးနိမ့္ခဲ့ၿပီးေနာက္ လီဗာပူးတိုက္စစ္မႉး

ဒါဝင္းႏူးနက္ဇ္ကို နာမည္ႀကီးပီဇာဆိုင္ခြဲျဖစ္တဲ့ Domino’s က

ပစ္မွတ္ထားေလွာင္ေျပာင္သြားခဲ့ပါတယ္။ လီဗာပူးဟာ ကိုနာေတးရဲ႕

OG အပါအဝင္ ပထမပိုင္းမွာတင္ ၂ ဂိုးျပတ္ရႈံးခဲ့ၿပီး ပြဲအၿပီးမွာ

ဘရန္ဖို႔ဒ္ရဲ႕ ၃-၁ ရလဒ္နဲ႔ေက်ာ္ျဖတ္ျခင္းခံလိုက္ရပါတယ္။

ေပါင္ ၈၅ သန္းတန္ ဥ႐ုေဂြးတိုက္စစ္မႉးႏူးနက္ဇ္ကလည္း

႐ိုးရွာမပ်က္အခြင့္အေရးေတြလြဲေခ်ာ္ခဲ့ၿပီး ေဝဖန္မႈေတြနဲ႔

ဆက္လက္ရင္ဆိုင္ခဲ့ရပါတယ္။ ဒါဝင္းႏူးနက္ဇ္ဟာ ဂိုးသမားမရွိတဲ့

ဂိုးေပါက္ထဲကို အဆုံးသတ္ခြင့္ရခဲ့ေပမဲ့ ေနာက္ခံလူဘန္မီက

ရွင္းထုတ္သြားႏိုင္ခဲ့သလို သူ႔ရဲ႕ ညံ့ဖ်င္းတဲ့ဆုံးျဖတ္ခ်က္ေတြဟာ

လီဗာပူးကိုနစ္နာေစခဲ့ပါတယ္။ အဲ့ဒီညေနခင္းမွာ ပိုဆိုးသြားတာက

ပီဇာစားေသာက္ဆိုင္ခြဲ Domino’s က သူတို႔ရဲ႕တြစ္တာအေကာင့္မွာ

လီဗာပူးတိုက္စစ္မႉးကိုရက္ရက္စက္စက္ ေလွာင္ေျပာင္ခဲ့တာပဲျဖစ္တယ္။

“တကယ္လို႔ ဒီညကြၽန္ေတာ္တို႔ေအာ္ဒါလြဲသြားရင္ေတာင္းပန္ပါတယ္၊

ဒီေကာင္ေလးစလုပ္လိုက္တာပါ” လို႔ တြစ္တာမွာေရးသားၿပီး

ဒါဝင္းႏူးနက္ဇ္ပုံနဲ႔တြဲတင္ေပးလိုက္တာျဖစ္တယ္။

ဒါကိုျမင္တဲ့ ပရိသတ္တစ္ေယာက္က “အဲ့ဒါေၾကာင့္ Domino’s က

အေကာင္းဆုံးပါ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့

“Domino’s ကိုေအာ္ဒါမွာခ်င္ပါတယ္ ဟ…ဟ” လို႔ ေရးသားခဲ့သလို

တတိယတစ္ေယာက္က “Domino’s ရဲ႕ဟာသလုပ္ခံရတာကို

စိတ္ကူးၾကည့္ပါ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနာက္ဆုံးတစ္ေယာက္ကေတာ့ “Dominoes ေတြေတာင္

သူ႔နဲ႔ပက္သတ္လို႔ မီးေတာက္ေနၿပီ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။