ဘရန့်ဖို့ဒ် နည်းပြက အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့အသင်းဟာ ချဲလ်ဆီးအသင်းမဟုတ်ပဲ သူတို့အသင်းသာ ဖြစ်တယ်လို့ ပြော

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၈ မှာ ချဲလ်ဆီးအသင်းက

တန်းတက် ဘရန့်ဖို့ဒ်အသင်းကို ခက်ခက်ခဲခဲနဲ့ အနိုင်ရခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာသာ ဘရန့်ဖို့ဒ်အသင်းကို အသာစီးရခဲ့ပြီး

ဒုတိယပိုင်းတပိုင်းလုံးမှာတော့ ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကိုသာ

တားဆီးနေခဲ့ရပြီး ခံစစ်မှာသာ အချိန်ကုန်ဆုံးခဲ့ရပါတယ်။ ဂိုးသမား မန်ဒီ ရဲ့

အံ့အားသင့်ဖွယ် ကာကွယ်မှုတွေကြောင့်သာ ရလဒ်ဆိုးမကြုံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီပွဲအပြီးမှာတော့ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ် က အနိုင်ရလဒ်နဲ့

ထိုက်တန်တဲ့အသင်းဟာ ချဲလ်ဆီးအသင်းမဟုတ်ပဲ သူတို့အသင်းသာ ဖြစ်တယ်လို့

အခုလို ပြောခဲ့ပါတယ်။ “ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ အသင်းရဲ့

စွမ်းဆောင်ရည်အပေါ် ကျွန်တော်ဂုဏ်ယူမိတယ်ဆိုတာပါပဲ။ ကစားခဲ့တဲ့

မိနစ် ၉၀ လုံးကို ပြန်ကြည့်လိုက်ရင် အနိုင်ရလဒ်နဲ့ထိုက်တန်တဲ့အသင်းတသင်းကို

တွေ့လိမ့်မယ်။ အဲ့ဒီအသင်းဟာ ကြီးမားတဲ့ အခွင့်အရေး ၅ ခုလောက်ကို

ဖန်တီးနိုင်ခဲ့တဲ့ ကျွန်တော်တို့အသင်းပဲဖြစ်တယ်။ ကျွန်တော်တို့အသင်းဟာ

ဥရောပချန်ပီယံအသင်းကို တပွဲလုံးမှာမှ ဂိုးပေါက်ခြိမ်းခြောက်မှု ၅ ကြိမ်လောက်ပဲ

လုပ်နိုင်အောင် ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါဟာ အတော်လေး အထင်ကြီးစရာပါပဲ။

ပထမပိုင်းမှာ သူတို့အသင်းက အနည်းငယ်အသာစီးရခဲ့ပေမဲ့ နောက်ပိုင်းမှာတော့

ကျွန်တော်တို့အသင်းက အရာအားလုံးမှာ အသာစီးရခဲ့ခြင်းက အထင်ကြီးစရာပါ။

ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူမိသလို ကျေနပ်မှုလည်း ရှိပါတယ်။

ရှေ့ဆက်သွားဖို့အတွက်ဆိုရင် ကျွန်တော်တို့တည်ဆောက်ဖို့လိုနေတာက

ဒီလိုစွမ်းဆောင်ရည်မျိုးပါ။ ကပ်သီးလေးနဲ့ သူတို့နိုင်သွားခဲ့တာပါ။ ဒီနေ့ပွဲမှာ

အရမ်းကို ကံကောင်းတဲ့ နိုင်ပွဲတပွဲကို သူတို့ရရှိခဲ့တာပါ။ တကယ်လို့ ဒီပွဲကိုသာ

ပြန်ကစားမယ်ဆိုရင် ကျွန်တော်တို့အနိုင်ရနိုင်ပါတယ် “ လို့ ဖရန့်ခ် က

Sky Sports သတင်းဌာနနဲ့ အင်တာဗျူးစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒီရာသီမှာမှ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းဟာ

ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးသွားတဲ့အချိန်ထိ ပုံစံကောင်းတွေကို

ဆက်လက်ပြသနေပါတယ်။ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး

၆ သင်းထဲက အသင်းတွေဖြစ်တဲ့ အာဆင်နယ် ၊ လီဗာပူးလ် ၊ ချဲလ်ဆီးတို့နဲ့

တွေ့ဆုံယှဉ်ပြိုင်ခဲ့ရာမှာ အာဆင်နယ် ကို အနိုင် ၊ လီဗာပူးလ် ကို သရေ ကစားနိုင်ခဲ့ပြီး

ချဲလ်ဆီးအသင်းကိုသာ ကံဆိုးပြီး ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

zawgyi

ဘရန႔္ဖို႔ဒ္ နည္းျပက အႏိုင္ရလဒ္နဲ႔ ထိုက္တန္တဲ့အသင္းဟာ ခ်ဲလ္ဆီးအသင္းမဟုတ္ပဲ သူတို႔အသင္းသာ ျဖစ္တယ္လို႔ ေျပာ

မေန႔ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၈ မွာ ခ်ဲလ္ဆီးအသင္းက

တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းကို ခက္ခက္ခဲခဲနဲ႔ အႏိုင္ရခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ပထမပိုင္းမွာသာ ဘရန႔္ဖို႔ဒ္အသင္းကို အသာစီးရခဲ့ၿပီး

ဒုတိယပိုင္းတပိုင္းလုံးမွာေတာ့ ဘရန႔္ဖို႔ဒ္အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြကိုသာ

တားဆီးေနခဲ့ရၿပီး ခံစစ္မွာသာ အခ်ိန္ကုန္ဆုံးခဲ့ရပါတယ္။ ဂိုးသမား မန္ဒီ ရဲ႕

အံ့အားသင့္ဖြယ္ ကာကြယ္မႈေတြေၾကာင့္သာ ရလဒ္ဆိုးမႀကဳံခဲ့ရတာျဖစ္ပါတယ္။

အဲ့ဒီပြဲအၿပီးမွာေတာ့ ဘရန႔္ဖို႔ဒ္ နည္းျပ ေသာမက္စ္ ဖရန႔္ခ္ က အႏိုင္ရလဒ္နဲ႔

ထိုက္တန္တဲ့အသင္းဟာ ခ်ဲလ္ဆီးအသင္းမဟုတ္ပဲ သူတို႔အသင္းသာ ျဖစ္တယ္လို႔

အခုလို ေျပာခဲ့ပါတယ္။ “ ပထမဆုံးအေနနဲ႔ ေျပာခ်င္တာကေတာ့ အသင္းရဲ႕

စြမ္းေဆာင္ရည္အေပၚ ကြၽန္ေတာ္ဂုဏ္ယူမိတယ္ဆိုတာပါပဲ။ ကစားခဲ့တဲ့

မိနစ္ ၉၀ လုံးကို ျပန္ၾကည့္လိုက္ရင္ အႏိုင္ရလဒ္နဲ႔ထိုက္တန္တဲ့အသင္းတသင္းကို

ေတြ႕လိမ့္မယ္။ အဲ့ဒီအသင္းဟာ ႀကီးမားတဲ့ အခြင့္အေရး ၅ ခုေလာက္ကို

ဖန္တီးႏိုင္ခဲ့တဲ့ ကြၽန္ေတာ္တို႔အသင္းပဲျဖစ္တယ္။ ကြၽန္ေတာ္တို႔အသင္းဟာ

ဥေရာပခ်န္ပီယံအသင္းကို တပြဲလုံးမွာမွ ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၅ ႀကိမ္ေလာက္ပဲ

လုပ္ႏိုင္ေအာင္ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ဒါဟာ အေတာ္ေလး အထင္ႀကီးစရာပါပဲ။

ပထမပိုင္းမွာ သူတို႔အသင္းက အနည္းငယ္အသာစီးရခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့

ကြၽန္ေတာ္တို႔အသင္းက အရာအားလုံးမွာ အသာစီးရခဲ့ျခင္းက အထင္ႀကီးစရာပါ။

ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ ဂုဏ္ယူမိသလို ေက်နပ္မႈလည္း ရွိပါတယ္။

ေရွ႕ဆက္သြားဖို႔အတြက္ဆိုရင္ ကြၽန္ေတာ္တို႔တည္ေဆာက္ဖို႔လိုေနတာက

ဒီလိုစြမ္းေဆာင္ရည္မ်ိဳးပါ။ ကပ္သီးေလးနဲ႔ သူတို႔ႏိုင္သြားခဲ့တာပါ။ ဒီေန႔ပြဲမွာ

အရမ္းကို ကံေကာင္းတဲ့ ႏိုင္ပြဲတပြဲကို သူတို႔ရရွိခဲ့တာပါ။ တကယ္လို႔ ဒီပြဲကိုသာ

ျပန္ကစားမယ္ဆိုရင္ ကြၽန္ေတာ္တို႔အႏိုင္ရႏိုင္ပါတယ္ “ လို႔ ဖရန႔္ခ္ က

Sky Sports သတင္းဌာနနဲ႔ အင္တာဗ်ဴးစဥ္မွာ ေျပာဆိုခဲ့ပါတယ္။

ဒီရာသီမွာမွ ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းဟာ

ပရီးမီးယားလိဂ္ ၈ ပြဲကစားၿပီးသြားတဲ့အခ်ိန္ထိ ပုံစံေကာင္းေတြကို

ဆက္လက္ျပသေနပါတယ္။ အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီး

၆ သင္းထဲက အသင္းေတြျဖစ္တဲ့ အာဆင္နယ္ ၊ လီဗာပူးလ္ ၊ ခ်ဲလ္ဆီးတို႔နဲ႔

ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ရာမွာ အာဆင္နယ္ ကို အႏိုင္ ၊ လီဗာပူးလ္ ကို သေရ ကစားႏိုင္ခဲ့ၿပီး

ခ်ဲလ္ဆီးအသင္းကိုသာ ကံဆိုးၿပီး ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။