
ယူနိုက်တက်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုက စပါးကို
၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်
မိမိတို့အသင်းအနေနဲ့ ဘယ်အသင်းကိုမဆို အချိန်မရွေး
အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
ရော်နယ်ဒိုဟာ မန်စီးတီးကို ၄-၁ဂိုးနဲ့အရေးနိမ့်ခဲ့ဲတဲ့ပွဲမှာ
ဒဏ်ရာပြဿနာကြောင့် မပါနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့
အထူးခြေစွမ်းပြသွားပြီး အသင်းအနေနဲ့လည်း
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့ပါတယ်။
”ယူနိုက်တက်ကို ပြန်လာပြီးနောက်ပိုင်း ကျွန်တော့်အတွက်
ပထမဆုံးဟက်ထရစ် သွင်းယူနိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်မိပါတယ်။
ကွင်းထဲမှာ သွင်းဂိုးတွေနဲ့အတူ အသင်းကို
ကူညီပေးနိုင်တာထက် ပိုကောင်းတဲ့ခံစားချက် မရှိပါဘူး။
ကျွန်တော်တို့အနေနဲ့ အလုပ်တွေကြိုးစားပြီး
စည်းစည်းလုံးလုံးကစားနိုင်တယ်ဆိုရင် ဘယ်အသင်းကိုမဆို
အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ယူနိုက်တက်အတွက်
ကန့်သတ်ချက်ဆိုတာ မရှိပါဘူး”လို့
ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီမှာ ရလဒ်တွေ
မတည်မငြိမ်ဖြစ်နေပြီး ရလဒ်ဆိုးတွေကြောင့်
နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်
လက်ရှိအချိန်မှာ နည်းပြရန်းနစ်က ယာယီနည်းပြအဖြစ်
ရာသီကုန်အထိ ကိုင်တွယ်နေပါတယ်။