
ဘောလုံးလောကရဲ့နည်းပြတွေထဲမှာ တစ်ခေတ်တစ်ယောက်ဖြစ်ခဲ့တဲ့
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၅၉ နှစ်ပြည့်ခဲ့ပြီး
သူ့မွေးနေ့ကို ရိုးမားကစားသမားတွေက Suprise လုပ်ကာ
ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
ရိုးမားအသင်းသားတွေဟာလေ့ကျင့်ရေး ကွင်းဆီကို
ဘတ်ဒေးကိတ်တစ်လုံးနဲ့ ရှန်ပိန် နှစ်လုံးယူလာပြီး သူ့ကိုဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
ရိုးမားရဲ့ Trigoria လေ့ကျင့် ရေးစင်တာထဲကို
မော်ရင်ဟိုဝင်ရောက်လာပြီး အဝတ်လဲခန်းထဲကိုသွားရာမှာ
ကစားသမားတွေက ရိုးမားရဲ့မူရင်းအရောင်ဖြစ် တဲ့
အဝါနဲ့ အနီရောက်ပါဝင်တဲ့ကိတ်မုန့်တစ်လုံးနဲ့
ရှန်ပိန် ၂ လုံးတို့ကိုထားကာကြိုဆိုခဲ့ကြပါတယ်။
ဒါကြောင့်မော်ရင်ဟိုဟာ အံ့ဩတကြီးဖြစ်ခဲ့ပေမယ့်
ကိတ်မုန့်ပေါ်ကဖယောင်းတိုင် ၂ ချောင်းကိုမီးမှုတ်ပြီးတဲ့နောက်
ကိတ်မုန်းကိုလှီးကာ ပထမဆုံးအ ဖြစ် အသင်းခေါင်းဆောင်
ပယ်လီဂရီနီကို ပေးခဲ့ပါတယ်။
ဒီအချိန်မှာသူ့ကို ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေက
လက် ခုပ်တီးကာအားပေးခဲ့ကြပါတယ်။
ဒါပြီးတဲ့နောက် ချက်ခြင်းဆိုသလိုဘဲ မော်ရင်ဟိုဟာ အလုပ်သွားကြ စို့ဆိုပြီး
ကစားသမားတွေကိုလေ့ကျင့်ခန်းဆင်းခိုင်းခဲ့ပါတယ်။
ရိုးမားဟာ အေစီမီလန်နဲ့ ဂျူဗင်တပ်တို့ကိုဆက်တိုက်ရှုံးနိမ့်ပြီး နောက်
ပြန်လည်တိုးတက်လာခဲ့ပြီး နောက်ဆုံး ၃ ပွဲဖြစ်တဲ့ အမ်ပိုလီ၊
လက်ချီနဲ့ ကက်ဂလီယာရီ တို့ကိုအနိုင်ရခဲ့ပါတယ်။
မော် ရင်ဟိုဟာ ရိုးမားနဲ့အတူ စီးရီးအေမှာရုန်းကန်နေရဆဲဖြစ်ပြီး
စီးရီးအေမှတ်ပေးဇယားမှာအဆင့် ၆ မှာသာရှိနေပါတယ်။
သူဟာ ရိုးမားကို ၃၂ ပွဲကိုင်တွယ်ခဲ့ရာမှာ ၁၉ ပွဲသာအနိုင်ရအောင်
စွမ်းဆောင်ထားနိုင်ပါသေးတယ်။
သူ့မွေးနေ့ကို ရိုးမားအသင်းအပြင် လာလီဂါ၊ ချန်ပီယံလိဂ်နဲ့
ယူရိုပါလိဂ် တွစ်တာတို့မှာလည်း ဂုဏ်ပြုခဲ့ပါတယ်။
ချန်ပီယံလိဂ် တွစ်တာမှာဆိုရင် မော်ရင်ဟိုက ကလေးတွေကိုနှုတ်ဆက်နေတဲ့
ဗီဒီယိုဖိုင်တစ်ခုတင်ထားပြီး” ဘယ်သူနဲ့မှမတူတဲ့ စရိုက်ရှိသူ။
ဘယ်တော့မှမပြောင်းမယ့်သူ၊ ဟက်ပီးဘတ်ဒေးပါ မော်ရင်ဟို” ဆိုပြီး
နောက်ပြောင်တဲ့ အီမိုဂျီတွေနဲ့ ပို့စ်တင်ခဲ့ပါတယ်။
zawgyi
ဘယ္သူနဲ႔မွမတူတဲ့ စ႐ိုက္ရွိသူ။ ဘယ္ေတာ့မွမေျပာင္းမယ့္သူ၊ ဟက္ပီးဘတ္ေဒးပါ ေမာ္ရင္ဟို
ေဘာလုံးေလာကရဲ႕နည္းျပေတြထဲမွာ တစ္ေခတ္တစ္ေယာက္ျဖစ္ခဲ့တဲ့
ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ၅၉ ႏွစ္ျပည့္ခဲ့ၿပီး
သူ႔ေမြးေန႔ကို ႐ိုးမားကစားသမားေတြက Suprise လုပ္ကာ
ဂုဏ္ျပဳခဲ့တယ္လို႔ သိရပါတယ္။
႐ိုးမားအသင္းသားေတြဟာေလ့က်င့္ေရး ကြင္းဆီကို
ဘတ္ေဒးကိတ္တစ္လုံးနဲ႔ ရွန္ပိန္ ႏွစ္လုံးယူလာၿပီး သူ႔ကိုဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။
႐ိုးမားရဲ႕ Trigoria ေလ့က်င့္ ေရးစင္တာထဲကို
ေမာ္ရင္ဟိုဝင္ေရာက္လာၿပီး အဝတ္လဲခန္းထဲကိုသြားရာမွာ
ကစားသမားေတြက ႐ိုးမားရဲ႕မူရင္းအေရာင္ျဖစ္ တဲ့
အဝါနဲ႔ အနီေရာက္ပါဝင္တဲ့ကိတ္မုန႔္တစ္လုံးနဲ႔
ရွန္ပိန္ ၂ လုံးတို႔ကိုထားကာႀကိဳဆိုခဲ့ၾကပါတယ္။
ဒါေၾကာင့္ေမာ္ရင္ဟိုဟာ အံ့ဩတႀကီးျဖစ္ခဲ့ေပမယ့္
ကိတ္မုန႔္ေပၚကဖေယာင္းတိုင္ ၂ ေခ်ာင္းကိုမီးမႈတ္ၿပီးတဲ့ေနာက္
ကိတ္မုန္းကိုလွီးကာ ပထမဆုံးအ ျဖစ္ အသင္းေခါင္းေဆာင္
ပယ္လီဂရီနီကို ေပးခဲ့ပါတယ္။
ဒီအခ်ိန္မွာသူ႔ကို ကစားသမားေတြ၊ နည္းျပအဖြဲ႕ဝင္ေတြက
လက္ ခုပ္တီးကာအားေပးခဲ့ၾကပါတယ္။
ဒါၿပီးတဲ့ေနာက္ ခ်က္ျခင္းဆိုသလိုဘဲ ေမာ္ရင္ဟိုဟာ အလုပ္သြားၾက စို႔ဆိုၿပီး
ကစားသမားေတြကိုေလ့က်င့္ခန္းဆင္းခိုင္းခဲ့ပါတယ္။
႐ိုးမားဟာ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္တို႔ကိုဆက္တိုက္ရႈံးနိမ့္ၿပီး ေနာက္
ျပန္လည္တိုးတက္လာခဲ့ၿပီး ေနာက္ဆုံး ၃ ပြဲျဖစ္တဲ့ အမ္ပိုလီ၊
လက္ခ်ီနဲ႔ ကက္ဂလီယာရီ တို႔ကိုအႏိုင္ရခဲ့ပါတယ္။
ေမာ္ ရင္ဟိုဟာ ႐ိုးမားနဲ႔အတူ စီးရီးေအမွာ႐ုန္းကန္ေနရဆဲျဖစ္ၿပီး
စီးရီးေအမွတ္ေပးဇယားမွာအဆင့္ ၆ မွာသာရွိေနပါတယ္။
သူဟာ ႐ိုးမားကို ၃၂ ပြဲကိုင္တြယ္ခဲ့ရာမွာ ၁၉ ပြဲသာအႏိုင္ရေအာင္
စြမ္းေဆာင္ထားႏိုင္ပါေသးတယ္။
သူ႔ေမြးေန႔ကို ႐ိုးမားအသင္းအျပင္ လာလီဂါ၊ ခ်န္ပီယံလိဂ္နဲ႔
ယူ႐ိုပါလိဂ္ တြစ္တာတို႔မွာလည္း ဂုဏ္ျပဳခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ တြစ္တာမွာဆိုရင္ ေမာ္ရင္ဟိုက ကေလးေတြကိုႏႈတ္ဆက္ေနတဲ့
ဗီဒီယိုဖိုင္တစ္ခုတင္ထားၿပီး” ဘယ္သူနဲ႔မွမတူတဲ့ စ႐ိုက္ရွိသူ။
ဘယ္ေတာ့မွမေျပာင္းမယ့္သူ၊ ဟက္ပီးဘတ္ေဒးပါ ေမာ္ရင္ဟို” ဆိုၿပီး
ေနာက္ေျပာင္တဲ့ အီမိုဂ်ီေတြနဲ႔ ပို႔စ္တင္ခဲ့ပါတယ္။