ဘယ်လ်ဂျီယံအသင်းဟာ အက်စ်တိုးနီးယားနိုင်ပွဲနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွား
အက်စ်တိုးနီးယားကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ဥရောပဇုန်ခြေစစ်ပွဲနဲ့အတူ
ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ဘယ်လ်ဂျီယံ ခြေစစ်ပွဲ
အောင်မြင်သွားခဲ့ပါပြီ။ ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုးကို ဘန်တီကီက
ပွဲချိန် ၁၁ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ၅၃ မိနစ်မှာ ကာရက်စ်ကိုက
ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ အက််စ်တိုးနီးယားအတွက် ဆော်ဂါက
ပွဲချိန်မိနစ် ၇၀မှာ ချေပဂိုးပြန်သွင်းခဲ့ပေမယ့် လူစားဝင်လာတဲ့ သော်ဂန်ဟာဇတ်က
ဘယ်လ်ဂျီယံအတွက် အနိုင်သေချာတဲ့ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ရီးရဲလ် ကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇတ်ဟာ ပွဲထွက်လူစာရင်းကနေ
ပါဝင်ကစားခဲ့ပေမယ့် ပွဲချိန် ၆၂ မိနစ်မှာ ညီဖြစ်သူ သော်ဂန်ဟာဇတ်နဲ့
လူစားလဲခံခဲ့ရပြီး သော်ဂန်ဟာဇတ်က ဘယ်လ်ဂျီယံအတွက် ပွဲသိမ်းအနိုင်ဂိုး
သွင်းယူပေးခဲ့တာပါ။ နာပိုလီတိုက်စစ်မှူး ဒရီးမာတင်ကလည်း ပွဲချိန် ၇၁ မိနစ်မှာ
ဘယ်လ်ဂျီယံအတွက် လက်ရွေးစင် ၁၀၃ ပွဲမြောက်ဝင်ကစားခဲ့ပြီး
လက်ရွှေးစင်ပွဲ ၁၀၀ ပြည့်ပူကစားနိုင်တဲ့ အထိမ်းအမှတ်လက်ဆောင်ဆုကို
လက်ခံရယူခဲ့ပါသေးတယ်။
ဘယ်လ်ဂျီယံဟာ ၂၀၁၄၊၂၀၁၈၊၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊
ယူရို၂၀၁၆၊၂၀၂၀ ပြိုင်ပွဲတွေအပါအဝင် အဓိက နိုင်ငံတကာပြိုင်ပွဲကြီး
နောက်ဆုံး ၅ ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
zawgyi