ဘယ်လောက်ပဲ ခင်ခင် အမှားဘက်က မရပ်တည်ဘူးဆိုတာ သက်သေပြလိုက်တဲ့ သရဲနီတွေ

ဂရင်းဝုဒ် ရဲ့ ရည်းစားဖြစ်သူ ဖွင့်ချလိုက်တဲ့ ပုံတွေအရ

နှုတ်ခမ်း၊ပေါင်၊လက်မောင်း နေရာအတော်များများမှာ

ထိခိုက် ဒဏ်ရာနဲ့ အညိုမဲစွဲနေပြီး အတော့်ကို ပြင်းပြင်းထန်ထန်

နှိပ်စက်ခံထားရတယ်လို့ ဆိုပါတယ်။ ထွက်ပေါ်လာတဲ့

အသံဖိုင်အရလည်း ဂရင်းဝုဒ် ဟာ သာမန်ထက် လိင်စိတ်လွန်ကဲနေဟန်ရှိပြီး

ပညာရှင်တစ်ဦးကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ

ရှိနေပုံရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် အဲဒီကောင်မလေးက ဂရင်းဝုဒ်ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့

တရားစွဲမယ်လို့ဆိုထားပြီး ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း

ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီလို့ အတည်ပြုထားပါတယ်။

ဒါဟာ ဂရင်းဝုဒ်အတွက်တော့ ကစားသမားဘဝပါ

အဆုံးသတ်သွားနိုင်တဲ့ အနေအထားဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ

လက်မခံနိုင်စရာ အနေအထားကို ကျူးလွန်တဲ့ ဂရင်းဝုဒ်ကို

အသင်းဖော် ကစားသမားတွေကပါ ရှောင်ဖယ်လာကြပြီလို့ သိရှိရပါတယ်။

ယူနိုက်တက် ကစားသမား အနည်းဆုံးသုံးယောက်က

ဒီနေ့မှာပဲ ဂရင်းဝုဒ်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို

Unfollow လုပ်ခဲ့ပြီလို့ သိရှိရပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဒီကစားသမားသုံးယောက်က

အဓိက စီနီယာ ကစားသမား သုံးယောက်ဖြစ်တဲ့

ဂိုးသမား ဒီဂီယာ၊ ကွင်းလယ်လူ ပေါ့ဘာနဲ့

တိုက်စစ်မှူး ရော်နယ်ဒိုတို့ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ကာဗာနီ၊တဲလက်စ်တို့ကလည်း ဆိုရှယ်နက်ဝက်မှာ

ဂရင်းဝုဒ်ကို အဖတ်မလုပ်တော့ဘူးလို့ သိရပါတယ်။

ဘယ်လောက်ပဲ ခင်ခင် အမှားဘက်က မရပ်တည်ဘူးဆိုတာ

သရဲနီတို့က သက်သေပြနေပါတယ်။ တကယ်အမှားကျူးလွန်ရင်တော့

ထိုက်တန်တဲ့ ပြစ်ဒဏ်က မကြာခင် လာပါတော့မယ်။

zawgyi

ဘယ္ေလာက္ပဲ ခင္ခင္ အမွားဘက္က မရပ္တည္ဘူးဆိုတာ သက္ေသျပလိုက္တဲ့ သရဲနီေတြ

ဂရင္းဝုဒ္ ရဲ႕ ရည္းစားျဖစ္သူ ဖြင့္ခ်လိုက္တဲ့ ပုံေတြအရ

ႏႈတ္ခမ္း၊ေပါင္၊လက္ေမာင္း ေနရာအေတာ္မ်ားမ်ားမွာ

ထိခိုက္ ဒဏ္ရာနဲ႔ အညိဳမဲစြဲေနၿပီး အေတာ့္ကို ျပင္းျပင္းထန္ထန္

ႏွိပ္စက္ခံထားရတယ္လို႔ ဆိုပါတယ္။ ထြက္ေပၚလာတဲ့

အသံဖိုင္အရလည္း ဂရင္းဝုဒ္ ဟာ သာမန္ထက္ လိင္စိတ္လြန္ကဲေနဟန္ရွိၿပီး

ပညာရွင္တစ္ဦးကေတာ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာ

ရွိေနပုံရတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီေကာင္မေလးက ဂရင္းဝုဒ္ကို အိမ္တြင္းအၾကမ္းဖက္မႈနဲ႔

တရားစြဲမယ္လို႔ဆိုထားၿပီး ဂရိတ္မန္ခ်က္စတာ ရဲတပ္ဖြဲ႕ကလည္း

ဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနၿပီလို႔ အတည္ျပဳထားပါတယ္။

ဒါဟာ ဂရင္းဝုဒ္အတြက္ေတာ့ ကစားသမားဘဝပါ

အဆုံးသတ္သြားႏိုင္တဲ့ အေနအထားျဖစ္ၿပီး လူ႔အဖြဲ႕အစည္းမွာ

လက္မခံႏိုင္စရာ အေနအထားကို က်ဴးလြန္တဲ့ ဂရင္းဝုဒ္ကို

အသင္းေဖာ္ ကစားသမားေတြကပါ ေရွာင္ဖယ္လာၾကၿပီလို႔ သိရွိရပါတယ္။

ယူႏိုက္တက္ ကစားသမား အနည္းဆုံးသုံးေယာက္က

ဒီေန႔မွာပဲ ဂရင္းဝုဒ္ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ေတြကို

Unfollow လုပ္ခဲ့ၿပီလို႔ သိရွိရပါတယ္။

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ဒီကစားသမားသုံးေယာက္က

အဓိက စီနီယာ ကစားသမား သုံးေယာက္ျဖစ္တဲ့

ဂိုးသမား ဒီဂီယာ၊ ကြင္းလယ္လူ ေပါ့ဘာနဲ႔

တိုက္စစ္မႉး ေရာ္နယ္ဒိုတို႔ ျဖစ္တယ္လို႔ သိရွိရပါတယ္။

ဒါ့အျပင္ ကာဗာနီ၊တဲလက္စ္တို႔ကလည္း ဆိုရွယ္နက္ဝက္မွာ

ဂရင္းဝုဒ္ကို အဖတ္မလုပ္ေတာ့ဘူးလို႔ သိရပါတယ္။

ဘယ္ေလာက္ပဲ ခင္ခင္ အမွားဘက္က မရပ္တည္ဘူးဆိုတာ

သရဲနီတို႔က သက္ေသျပေနပါတယ္။ တကယ္အမွားက်ဴးလြန္ရင္ေတာ့

ထိုက္တန္တဲ့ ျပစ္ဒဏ္က မၾကာခင္ လာပါေတာ့မယ္။