ဘယ်လိုစည်းမျဉ်းက ပီအက်စ်ဂျီကို အုပ်စုဒုတိယနေရာ ပို့ပစ်လိုက်တာလဲ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ အပြီးမှာတော့ အုပ်စု (H)မှာ ရှိနေတဲ့ ဘင်ဖီကာနဲ့ ပီအက်စ်ဂျီတို့ဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဘင်ဖီကာဟာ မက္ကာဘီဟိုင်ဖာကို ဂိုးပြတ်အနိုင်ကစားပြီး အုပ်စုပထမနေရာကို အရယူသွားနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာ ပီ အက်စ်ဂျီကလည်း ဂျူဗင်တပ်ကို အနိုင်ရပြီး ရမှတ်ချင်းလည်း တူနေသလို၊ ဂိုး ကွာခြားချက်လည်း တူညီနေပါတယ်။

ဒါကြောင့် အုပ်စုရပ်တည်မှုအတွင်းမှာ ဘင်ဖီကာဟာ ရမှတ် ၁၄ မှတ်၊ သွင်းဂိုး ၁၆ ဂိုး၊ ပေးဂိုး ၇ ဂိုး၊ ဂိုးကွာခြားချက် +၉ ဂိုးဆိုပြီး ရလဒ်ထွက်ခဲ့ပါတယ်။

အလားတူပါပဲ ပီအက်စ်ဂျီကလည်း ရမှတ် ၁၄ မှတ်၊ သွင်းဂိုး ၁၆ ဂိုး၊ ပေးဂိုး ၇ ဂိုး၊ ဂိုးကွာခြားချက် +၉ ဂိုးဆိုပြီး စွမ်း ဆောင်ထားနိုင်ခဲ့တာပါ။

ဒါဆိုရင် ပီအက်စ်ဂျီကို ဘယ်လို စည်းမျဉ်းသတ်မှတ်ချက်က အုပ်စု ဒုတိယနေရာကို ပို့ပစ်လိုက်တာပါလဲ။ ဒါက တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ

လက်ရှိကျင့်သုံးနေတဲ့ အဝေးဂိုး စည်းမျဉ်းပဲ ဖြစ် ပါတယ်။ လက်ရှိ အုပ်စု ၆ ပွဲအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်အားလုံးကို ကြည့်လိုက်မယ်ဆိုရင် ပီအက်စ်ဂျီရော၊

ဘင်ဖီကာပါ သွင်းဂိုးရော ပေးဂိုးချင်း ပါ တူညီနေပါတယ်။ ဒါ့အပြင် အဝေးကွင်း ပေးဂိုးတွေကလည်း ၈ ဂိုးစီနဲ့ အတူ တူပဲ ဖြစ်နေပါတယ်။ နောက်ပြီး

ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ၁-၁ ဆိုတဲ့ အိမ်ကွင်း/ အဝေးကွင်း ရလဒ် ထွက်ထားပါတယ်။ ဆိုတော့ကာ ဒီရာသီအ တွက် ဆုံးဖြတ်ဖို့က ရေချိန်ညီနေတဲ့

အနေအထားဖြစ်ပါတယ်။ ဒါဆိုရင် အတိ အကျ ဆုံးဖြတ်ဖို့အတွက် ဘယ်အချက်ကို ယူအီးအက်ဖ်အေက ထည့်သွင်း စဉ်းစားသလဲဆိုတဲ့အခါ

အဝေးကွင်းသွင်းဂိုးတွေကို ထည့်ပြီး တွက်ချက်တာပါပဲ။ ဒီရာသီပွဲစဉ်အားလုံးမှာ ပီအက်စ်ဂျီအသင်း ရဲ့အဝေးကွင်းသွင်းဂိုး စုစုပေါင်းက ၈ ဂိုးပဲ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဘင်ဖီကာကတော့ အဝေးကွင်းသွင်းဂိုး စုစုပေါင်း ၁၄ ဂိုးအထိ ရခဲ့တာပါ။ ဒါကြောင့် ပေါ်တူဂီကလပ်ဟာ ချန်ပီယံလိဂ် အုပ်စု ထိပ်ဆုံးနေရာကို အလိုအလျောက် ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

(Zawgyi)

ဘယ္လိုစည္းမ်ဥ္းက ပီအက္စ္ဂ်ီကို အုပ္စုဒုတိယေနရာ ပို႔ပစ္လိုက္တာလဲ

ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ ၆ အၿပီးမွာေတာ့ အုပ္စု (H)မွာ ရွိေနတဲ့ ဘင္ဖီကာနဲ႔ ပီအက္စ္ဂ်ီတို႔ဟာ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။

ဒါေပမဲ့ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္မွာ ဘင္ဖီကာဟာ မကၠာဘီဟိုင္ဖာကို ဂိုးျပတ္အ ႏိုင္ကစားၿပီး အုပ္စုပထမေနရာကို အရယူသြားႏိုင္ခဲ့ပါတယ္။

တစ္ဖက္မွာ ပီ အက္စ္ဂ်ီကလည္း ဂ်ဴဗင္တပ္ကို အႏိုင္ရၿပီး ရမွတ္ခ်င္းလည္း တူေနသလို၊ ဂိုး ကြာျခားခ်က္လည္း တူညီေနပါတယ္။

ဒါေၾကာင့္ အုပ္စုရပ္တည္မႈအတြင္းမွာ ဘင္ဖီကာဟာ ရမွတ္ ၁၄ မွတ္၊ သြင္းဂိုး ၁၆ ဂိုး၊ ေပးဂိုး ၇ ဂိုး၊ ဂိုးကြာျခားခ်က္ +၉ ဂိုးဆိုၿပီး ရလဒ္ထြက္ခဲ့ပါတယ္။

အလားတူပါပဲ ပီအက္စ္ဂ်ီကလည္း ရမွတ္ ၁၄ မွတ္၊ သြင္းဂိုး ၁၆ ဂိုး၊ ေပးဂိုး ၇ ဂိုး၊ ဂိုးကြာျခားခ်က္ +၉ ဂိုးဆိုၿပီး စြမ္း ေဆာင္ထားႏိုင္ခဲ့တာပါ။

ဒါဆိုရင္ ပီအက္စ္ဂ်ီကို ဘယ္လို စည္းမ်ဥ္းသတ္မွတ္ခ်က္က အုပ္စု ဒုတိယေနရာကို ပို႔ပစ္လိုက္တာပါလဲ။ ဒါက ေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ လက္ရွိက်င့္သုံးေနတဲ့

အေဝးဂိုး စည္းမ်ဥ္းပဲ ျဖစ္ ပါတယ္။ လက္ရွိ အုပ္စု ၆ ပြဲအတြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္အားလုံးကို ၾကည့္လိုက္မယ္ဆိုရင္ ပီအက္စ္ဂ်ီေရာ၊

ဘင္ဖီကာပါ သြင္းဂိုးေရာ ေပးဂိုးခ်င္း ပါ တူညီေနပါတယ္။ ဒါ့အျပင္ အေဝးကြင္း ေပးဂိုးေတြကလည္း ၈ ဂိုးစီနဲ႔ အတူ တူပဲ ျဖစ္ေနပါတယ္။

ေနာက္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈမွာလည္း ၁-၁ ဆိုတဲ့ အိမ္ကြင္း/ အေဝးကြင္း ရလဒ္ ထြက္ထားပါတယ္။ ဆိုေတာ့ကာ ဒီရာသီအ တြက္ ဆုံးျဖတ္ဖို႔က

ေရခ်ိန္ညီေနတဲ့ အေနအထားျဖစ္ပါတယ္။ ဒါဆိုရင္ အတိ အက် ဆုံးျဖတ္ဖို႔အတြက္ ဘယ္အခ်က္ကို ယူအီးအက္ဖ္ေအက ထည့္သြင္း စဥ္းစားသလဲဆိုတဲ့အခါ

အေဝးကြင္းသြင္းဂိုးေတြကို ထည့္ၿပီး တြက္ခ်က္တာ ပါပဲ။ ဒီရာသီပြဲစဥ္အားလုံးမွာ ပီအက္စ္ဂ်ီအသင္းရဲ႕အေဝးကြင္းသြင္းဂိုး စုစု ေပါင္းက ၈ ဂိုးပဲ ရွိခဲ့ပါတယ္။

ဒါေပမဲ့ ဘင္ဖီကာကေတာ့ အေဝးကြင္းသြင္းဂိုး စုစုေပါင္း ၁၄ ဂိုးအထိ ရခဲ့တာပါ။ ဒါေၾကာင့္ ေပၚတူဂီကလပ္ဟာ ခ်န္ပီယံလိဂ္ အုပ္စု ထိပ္ဆုံးေနရာကို အလိုအေလ်ာက္ ရသြားခဲ့တာပဲ ျဖစ္ပါတယ္။