ဘယ်လင်ဟမ် စိတ်ဓာတ်ကျအောင် နာမ်နှိမ်လိုက်တဲ့ ဂွါဒီယိုလာ

ဒေါ့တ်မန်နဲ့ မန်စီးတီးတို့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်မှာ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြိုင်ဘက်အသင်း လူငယ်ကစားသမား ဘယ်လင်ဟမ်ကို ချီးမွမ်းသလိုလိုနဲ့ စိတ်ဓာတ်ကျအောင် စကားစစ်ထိုးခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူ အနေနဲ့ ဒေါ့တ်မန်လို အသင်းမျိုးမှာ ရှိနေတာဟာ လူမှန်၊ နေရာမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ လာကစားရင်တော့ ကစားချိန်တောင် ရမှာမဟုတ်ဘူးလို့ ပုတ်ခတ်ပြောဆိုလိုက်တာပါ။

‘’ဒေါ့တ်မန်ဆိုတာက လူငယ်ကစားသမားတွေ အခြေချဖို့အတွက် ပြီးပြည့်စုံ တဲ့ နေရာတစ်ခုပါ။

ဘယ်လင်ဟမ်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းကို လာပြီး ကစားမယ်ဆိုရင် သူ့အနေနဲ့ ပွဲကစားချိန် ရချင်မှ ရမှာ။ လူ ငယ်ကစားသမားတစ်ယောက်အတွက် အကောင်းဆုံး နည်းလမ်းက ပွဲက စားချိန်တွေ ရနေဖို့ပါ။

အသက် ၁၇ နှစ်မှာ သူက ရောက်လာတာပါ။ အဲဒါက အရည်အသွေးကြောင့်တင်ပဲ မဟုတ်ပါဘူး။

သူ့မှာ ထူးခြားတဲ့ စိတ်ဓာတ်ပိုင်း လည်း ရှိနေလို့ပါ။ သူက အသင်းတစ်သင်းရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ မျိုးကို ပြပြီးနေပြီ။ အသက် ၁၉ နှစ်အရွယ်မှာ ဒီလိုဖြစ်နေတာ တကယ့်ကို အထင်ကြီးစရာပဲ။

ဒါက သွင်းဂိုးတွေကြောင့်ရယ် မဟုတ်ပါဘူး။ သူ့မှာရှိတဲ့ အရည်အသွေးကို ကျွန်တော်တို့လည်း သိနေတာပဲ’’ လို့ ဂွါဒီယိုလာက ချီးမွမ်း ပြောဆိုခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ဒေါ့တ်မန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပေးထားပြီး ၈ ဂိုး သွင်းယူပေးထားသလို ဖန်တီးမှုနှစ် ကြိမ်လည်း ပြုလုပ်ထားတဲ့ ကစားသမားပါ။

ဒါ့အပြင် ပြီးခဲ့တဲ့လ နိုင်ငံတာ သီတင်းပတ်မှာ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာလည်း အင်္ဂလန်အသင်း ကစားခဲ့တဲ့ ၂ ပွဲစလုံးကို ပွဲထွက်ပါဝင်ခွင့် ရခဲ့တဲ့ ကစားသမားပါ။

ဘယ်လင် ဟမ်ဟာ ဒေါ့တ်မန်အသင်းနဲ့အတူ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးတဲ့ ကစားသမားဖြစ်ပြီး လက်ရှိမှာတော့ ပရီမီးမီးယားလိဂ် အသင်းကြီးတွေဖြစ် ကြတဲ့ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးတို့အပြင် စပိန်ထိပ်သီး ရီးရဲလ်အသင်းက ပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမား ဖြစ်ပါတယ်။

(Zawgyi)

ဘယ္လင္ဟမ္ စိတ္ဓာတ္က်ေအာင္ နာမ္ႏွိမ္လိုက္တဲ့ ဂြါဒီယိုလာ

ေဒါ့တ္မန္နဲ႔ မန္စီးတီးတို႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ မတိုင္ခင္မွာ မန္စီးတီး နည္းျပ ဂြါဒီယိုလာက ၿပိဳင္ဘက္ အသင္း လူငယ္ကစားသမား ဘယ္လင္ဟမ္ကို ခ်ီးမြမ္းသလိုလိုနဲ႔ စိတ္ဓာတ္က်ေအာင္ စကားစစ္ထိုးခဲ့ပါ တယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ အဂၤလန္ကြင္းလယ္လူ အေနနဲ႔ ေဒါ့တ္မန္ လိုအသင္းမ်ိဳးမွာ ရွိေနတာဟာ လူမွန္၊ ေနရာမွာျဖစ္ၿပီး ပရီးမီးယား လိဂ္မွာ လာကစားရင္ေတာ့ ကစားခ်ိန္ေတာင္ ရမွာမဟုတ္ဘူးလို႔ ပုတ္ခတ္ ေျပာဆိုလိုက္တာပါ။

‘’ေဒါ့တ္မန္ဆိုတာက လူငယ္ကစားသမားေတြ အေျခခ်ဖို႔အတြက္ ၿပီးျပည့္စုံ တဲ့ ေနရာတစ္ခုပါ။  ဘယ္လင္ဟမ္ဟာ ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္ သင္းကို လာၿပီး ကစားမယ္ဆိုရင္ သူ႔အေနနဲ႔ ပြဲကစားခ်ိန္ ရခ်င္မွ ရမွာ။

လူ ငယ္ကစားသမားတစ္ေယာက္အတြက္ အေကာင္းဆုံး နည္းလမ္းက ပြဲက စားခ်ိန္ေတြ ရေနဖို႔ပါ။ အသက္ ၁၇ ႏွစ္မွာ သူက ေရာက္လာတာပါ။ အဲဒါက အရည္အေသြးေၾကာင့္တင္ပဲ မဟုတ္ပါဘူး။

သူ႔မွာ ထူးျခားတဲ့ စိတ္ဓာတ္ပိုင္း လည္း ရွိေနလို႔ပါ။ သူက အသင္းတစ္သင္းရဲ႕ ေခါင္းေဆာင္ျဖစ္တယ္ဆိုတာ မ်ိဳးကို ျပၿပီးေနၿပီ။ အသက္ ၁၉ ႏွစ္အ႐ြယ္မွာ ဒီလိုျဖစ္ေနတာ တကယ့္ကို အထင္ႀကီးစရာပဲ။ ဒါက သြင္းဂိုးေတြေၾကာင့္ရယ္ မဟုတ္ပါဘူး။ သူ႔မွာရွိတဲ့ အရည္အေသြးကို ကြၽန္ေတာ္တို႔လည္း သိေနတာပဲ’’ လို႔ ဂြါဒီယိုလာက ခ်ီးမြမ္း ေျပာဆိုခဲ့ပါတယ္။

ဘယ္လင္ဟမ္ဟာ ဒီရာသီမွာ ေဒါ့တ္မန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၇ ပြဲ ကစားေပးထားၿပီး ၈ ဂိုး သြင္းယူေပးထားသလို ဖန္တီးမႈႏွစ္ ႀကိမ္လည္း ျပဳလုပ္ထားတဲ့ ကစားသမားပါ။

ဒါ့အျပင္ ၿပီးခဲ့တဲ့လ ႏိုင္ငံတာ သီတင္းပတ္မွာ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ ပြဲစဥ္မွာလည္း အဂၤလန္အသင္း ကစားခဲ့တဲ့ ၂ ပြဲစလုံးကို ပြဲထြက္ပါဝင္ခြင့္ ရခဲ့တဲ့ ကစားသမားပါ။

ဘယ္လင္ ဟမ္ဟာ ေဒါ့တ္မန္အသင္းနဲ႔အတူ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနေသးတဲ့ ကစားသမားျဖစ္ၿပီး လက္ရွိမွာေတာ့ ပရီမီးမီးယားလိဂ္ အသင္းႀကီးေတြျဖစ္ ၾကတဲ့ မန္စီးတီး၊ မန္ယူ၊ ခ်ဲလ္ဆီးတို႔အျပင္ စပိန္ထိပ္သီး ရီးရဲလ္အသင္းက ပါ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကစားသမား ျဖစ္ပါတယ္။