ဘယ်လင်ဂမ်ကို အင်္ဂလန်အသင်းခေါင်းဆောင်ရာထူး ပေးလိုက်တဲ့ ဖာဒီနန်

အီရန်ကို အနိုင်ရတဲ့ပွဲစဉ်မှာ အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို သွင်းပေးနိုင်ခဲ့ ပြီး တောက်ပတဲ့ ခြေစွမ်းကို ပြသသွားခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အသင်းခေါင်းဆောင် ရာထူးကို ရယူနိုင်စွမ်း ရှိနေတဲ့

ကစားသမားဖြစ်လာနေ ပြီလို့ အင်္ဂလန်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ချီးမွမ်းလိုက်ပါတယ်။ ဒေါ့တ်မန်ကွင်းလယ်လူဟာ အီရန်ကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို

ရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ်မှာတင် ကမ္ဘာ့ဖလားသွင်းဂိုး ရယူနိုင်ခဲ့တာပါ။ အီရန်နဲ့ပွဲမှာ ဘယ်လင်ဂမ် လုပ်ပြသွား ခဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့ ရဲရင့်တည်ကြည်မှုတွေဟာဆိုရင် အင်္ဂလန်အ သင်းကြီးကို

ဦးဆောင်ဦးရွက် ပြုနိုင်လောက်တဲ့ အလားအလာမျိုး ရှိနေပြီလို့ မန်ယူနောက်ခံလူဟောင်းက ချီးမွမ်းခဲ့တာပါ။ ‘’ဘောလုံးသမားတွေကို ကျွန် တော်တို့ အချိန်အကြာကြီး မြင်နေရပြီဆိုရင် ကျွန်တော်တို့ ပြောကြာတယ်။

ကစားသမားတစ်ယောက်က ဘာညာ ပေါ့ဗျာ။ ဒါပေမဲ့ ကွင်းပြင်ပမှာ ဘာတွေဖြစ်မလဲဆိုတဲ့ အလားအလာကိုတော့ ဘယ်သူမှ မသိကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အရမ်းငယ်တယ်။ နောက်ပြီး သူတို့က အမှားတွေ

လုပ်မိနိုင် သလို တချို့တချို့သော အခြေအနေမျိုးတွေမှာဆိုရင် အတွေ့အကြုံမရှိတဲ့ ထုံတုံတုံ အ တတ ပုံစံမျိုးတွေ တွေ့ရနိုင်ပါတယ်။ အခု ဒီကလေး လေး ကစားပြနေတဲ့ပုံစံနဲ့ လက်ရှိ ပုံစံကတော့ အသင်းခေါင်းဆောင်

ဖြစ်လာနိုင်ပါ တယ်’’ လို့ ဖာဒီနန်က Vive with Five အားကစား သတင်းအစီအစဉ်မှာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာ သူမတူတဲ့ ခြေစွမ်းမျိုးကို ပြသနေတဲ့

ဘယ်လင်ဂမ်ကို ဥရောပ ဘောလုံးအင် အားကြီးအသင်းကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့ ဘာစီလိုနာ တို့ကလည်း မျက်စိကျနေနိုင်တယ်လို့ ဖာဒီနန်က မှတ်ချက်ပြုခဲ့ပေမယ့် မန်ယူကတော့

ခေါ်ယူနိုင်ဖို့ အလှမ်းဝေးနေသေးတယ်လို့ ဖာဒီနန်က သုံးသပ်ပါ တယ်။ ‘’ဟင့်အင်း။ ဘယ်လင်ဂမ်ကို ခေါ်ချင်တယ်ဆိုရင် လက်တွေ့ကျကျ သာဓက ပြနိုင်ဖို့ လုပ်ရမယ်။ မန်စီးတီးက အခုဆိုရင် သူ့ကို ခေါ်တော့မှာ။

ရီးရဲလ်ကလည်း ခေါ်ဖို့ ကြိုးစားတော့မှာပါ။ ဘာစီလိုနာကလည်း ကြိုးစား တော့မှာပါ။ ဘိုင်ယန်မြူးနစ်တောင် ပါကောင်း ပါလာနိုင်ပါတယ်။ မန်ယူမှာ ကတော့ လုပ်စရာ အလုပ်တွေက အများကြီး ရှိနေပါသေးတယ်’’

လို့ ဖာဒီ နန်က ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဘယ္လင္ဂမ္ကို အဂၤလန္အသင္းေခါင္းေဆာင္ရာထူး ေပးလိုက္တဲ့ ဖာဒီနန္

အီရန္ကို အႏိုင္ရတဲ့ပြဲစဥ္မွာ အဂၤလန္အတြက္ ဦးေဆာင္ဂိုးကို သြင္းေပးႏိုင္ခဲ့ ၿပီး ေတာက္ပတဲ့ ေျခစြမ္းကို ျပသသြားခဲ့တဲ့ ကြင္းလယ္လူ ဘယ္လင္ဂမ္ဟာ အသင္းေခါင္းေဆာင္ ရာထူးကို

ရယူႏိုင္စြမ္း ရွိေနတဲ့ ကစားသမားျဖစ္လာေန ၿပီလို႔ အဂၤလန္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ခ်ီးမြမ္းလိုက္ပါတယ္။ ေဒါ့တ္မန္ကြင္းလယ္လူဟာ အီရန္ကို ၆-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ သူ႔ရဲ႕

ပထမဆုံး ကမာၻ႔ဖလားသြင္းဂိုးကို ရရွိခဲ့ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္မွာတင္ ကမာၻ႔ဖလားသြင္းဂိုး ရယူႏိုင္ခဲ့တာပါ။ အီရန္နဲ႔ပြဲမွာ ဘယ္လင္ဂမ္ လုပ္ျပသြား ခဲ့တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔

ရဲရင့္တည္ၾကည္မႈေတြဟာဆိုရင္ အဂၤလန္အ သင္းႀကီးကို ဦးေဆာင္ဦး႐ြက္ ျပဳႏိုင္ေလာက္တဲ့ အလားအလာမ်ိဳး ရွိေနၿပီလို႔ မန္ယူေနာက္ခံလူေဟာင္းက ခ်ီးမြမ္းခဲ့တာပါ။ ‘’ေဘာလုံးသမားေတြကို

ကြၽန္ ေတာ္တို႔ အခ်ိန္အၾကာႀကီး ျမင္ေနရၿပီဆိုရင္ ကြၽန္ေတာ္တို႔ ေျပာၾကာတယ္။ ကစားသမားတစ္ေယာက္က ဘာညာ ေပါ့ဗ်ာ။ ဒါေပမဲ့ ကြင္းျပင္ပမွာ ဘာ ေတြျဖစ္မလဲဆိုတဲ့

အလားအလာကိုေတာ့ ဘယ္သူမွ မသိၾကဘူး။ ဘာ ေၾကာင့္ လဲဆုိေတာ့ သူတို႔က အရမ္းငယ္တယ္။ ေနာက္ၿပီး သူတို႔က အမွားေတြ လုပ္မိႏိုင္ သလို တခ်ိဳ႕တခ်ိဳ႕ေသာ အေျခအေနမ်ိဳးေတြမွာဆိုရင္

အေတြ႕အႀကဳံမရွိတဲ့ ထုံတုံတုံ အ တတ ပုံစံမ်ိဳးေတြ ေတြ႕ရႏိုင္ပါတယ္။ အခု ဒီကေလး ေလး ကစားျပေနတဲ့ပုံစံနဲ႔ လက္ရွိ ပုံစံကေတာ့ အသင္းေခါင္းေဆာင္ ျဖစ္လာႏိုင္ပါ တယ္’’ လို႔

ဖာဒီနန္က Vive with Five အားကစား သတင္းအစီအစဥ္မွာ ေျပာဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ကမာၻ႔ေဘာလုံး ဇာတ္ခုံေပၚမွာ သူမတူတဲ့ ေျခစြမ္းမ်ိဳးကို ျပသေနတဲ့ ဘယ္လင္ဂမ္ကို

ဥေရာပ ေဘာလုံးအင္ အားႀကီးအသင္းႀကီးေတြျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီးနဲ႔ ဘာစီလိုနာ တို႔ကလည္း မ်က္စိက်ေနႏိုင္တယ္လို႔ ဖာဒီနန္က မွတ္ခ်က္ျပဳခဲ့ေပမယ့္ မန္ယူ ကေတာ့

ေခၚယူႏိုင္ဖို႔ အလွမ္းေဝးေနေသးတယ္လို႔ ဖာဒီနန္က သုံးသပ္ပါ တယ္။ ‘’ဟင့္အင္း။ ဘယ္လင္ဂမ္ကို ေခၚခ်င္တယ္ဆိုရင္ လက္ေတြ႕က်က် သာဓက ျပႏိုင္ဖို႔ လုပ္ရမယ္။ မန္စီးတီးက အခုဆိုရင္ သူ႔ကို

ေခၚေတာ့မွာ။ ရီးရဲလ္ကလည္း ေခၚဖို႔ ႀကိဳးစားေတာ့မွာပါ။ ဘာစီလိုနာကလည္း ႀကိဳးစား ေတာ့မွာပါ။ ဘိုင္ယန္ျမဴးနစ္ေတာင္ ပါေကာင္း ပါလာႏိုင္ပါတယ္။ မန္ယူမွာ ကေတာ့ လုပ္စရာ

အလုပ္ေတြက အမ်ားႀကီး ရွိေနပါေသးတယ္’’ လို႔ ဖာဒီ နန္က ေျပာဆိုသြားခဲ့ပါတယ္။