





ဥရောပထိပ်တန်းကလပ်တွေကြားပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာတော့
လီဗာပူးနည်းပြကလော့ပ်ဟာ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဂမ်နဲ့





ပတ်သတ်လို့ နှုတ်ဆိတ်နေခဲ့တာဖြစ်တယ်။ အခုအချိန်မှာတော့
ဂျာမန်သားက ဒီအရာကိုချိုးဖျက်လိုက်ပြီး ကာတာကမ္ဘာ့ဖလားမှာ
အင်္ဂလန်နဲ့အတူခြေစွမ်းပြခဲ့တဲ့ ဒေါ့တ်မန်လူငယ်ကြယ်ပွင့်ကို





ချီးကျူးလိုက်ပါတယ်။ ဒါပေမဲ့ မန်စီးတီးနဲ့ ရီးရဲလ်တို့လိုအသင်းတွေက
ပေါင်သန်း ၁၀၀ လောက်နဲ့လိုက်လံချိတ်ဆက်နေတာနဲ့ပက်သတ်လို့တော့





ငွေကြေးအကြောင်းထည့်မပြောချင်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။
ဗီလာနဲ့ ဘောက်ဆင်ဒေးပွဲစဉ်မတိုင်ခင်မှာ ကလော့ပ်က
“သူက ထူးခြားတဲ့ကစားသမားဆိုတာ အားလုံးသဘောတူကြမယ်





ထင်ပါတယ်။ တစ်ယောက်ယောက်က သူ့ကိုပထမဆုံးအကြိမ်
မြင်ယောင်ကြည့်လိုက်ပါ၊ သူ့အသက်ဘယ်လောက်ရှိပြီလို့





ထင်လိမ့်မလဲ။ ဘယ်သူမှအနားတောင်မကပ်ရဲဘူး။
သူက အသက် ၂၈ နှစ်အရွယ်ကစားသမားလိုရင့်ကျက်တဲ့ပုံစံနဲ့
ကစားပြနေတယ်။ သူ့မှာလုံးဝထူးခြားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရှိခဲ့ပြီး





အတော်များများကောင်းအောင်လုပ်နိုင်ခဲ့တယ်။
သင်ယူရခက်တဲ့အရာတွေကိုသူလုပ်နိုင်ပြီးသားဖြစ်နေသလို





ကျန်တဲ့တိုးတက်အောင်လုပ်ရမယ့်အပိုင်းက သင်ယူရလွယ်ပါတယ်။
ဘင်လင်ဂမ်လိုကစားသမားမျိုးနဲ့ ပိုက်ဆံအကြောင်းပြောရတာ
မကြိုက်ပါဘူး။ တကယ်လို့ ငါတို့ဘက်ကသူ့အတွက်





အကျိုးပြုချင်တယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုအတွက်
အတားအဆီးတွေမလုပ်ကြပါနဲ့။ အဲ့ဒါမျိုးကမှတကယ်မိုက်တာ” လို့ ဆိုခဲ့ပါတယ်။





zawgyi
ဘယ္လင္ဂမ္ကိုႀကိဳက္ေပမဲ့ ေငြေၾကးအေၾကာင္းမေျပာခ်င္ဘူးလို႔ ကေလာ့ပ္ ဖြင့္ဟ





ဥေရာပထိပ္တန္းကလပ္ေတြၾကားၿပိဳင္ဆိုင္မႈျပင္းထန္ေနခ်ိန္မွာေတာ့
လီဗာပူးနည္းျပကေလာ့ပ္ဟာ အဂၤလန္ၾကယ္ပြင့္ ဘယ္လင္ဂမ္နဲ႔





ပတ္သတ္လို႔ ႏႈတ္ဆိတ္ေနခဲ့တာျဖစ္တယ္။ အခုအခ်ိန္မွာေတာ့
ဂ်ာမန္သားက ဒီအရာကိုခ်ိဳးဖ်က္လိုက္ၿပီး ကာတာကမာၻ႔ဖလားမွာ
အဂၤလန္နဲ႔အတူေျခစြမ္းျပခဲ့တဲ့ ေဒါ့တ္မန္လူငယ္ၾကယ္ပြင့္ကို





ခ်ီးက်ဴးလိုက္ပါတယ္။ ဒါေပမဲ့ မန္စီးတီးနဲ႔ ရီးရဲလ္တို႔လိုအသင္းေတြက
ေပါင္သန္း ၁၀၀ ေလာက္နဲ႔လိုက္လံခ်ိတ္ဆက္ေနတာနဲ႔ပက္သတ္လို႔ေတာ့





ေငြေၾကးအေၾကာင္းထည့္မေျပာခ်င္ဘူးလို႔ ကေလာ့ပ္က ဆိုပါတယ္။
ဗီလာနဲ႔ ေဘာက္ဆင္ေဒးပြဲစဥ္မတိုင္ခင္မွာ ကေလာ့ပ္က
“သူက ထူးျခားတဲ့ကစားသမားဆိုတာ အားလုံးသေဘာတူၾကမယ္





ထင္ပါတယ္။ တစ္ေယာက္ေယာက္က သူ႔ကိုပထမဆုံးအႀကိမ္
ျမင္ေယာင္ၾကည့္လိုက္ပါ၊ သူ႔အသက္ဘယ္ေလာက္ရွိၿပီလို႔





ထင္လိမ့္မလဲ။ ဘယ္သူမွအနားေတာင္မကပ္ရဲဘူး။
သူက အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားလိုရင့္က်က္တဲ့ပုံစံနဲ႔
ကစားျပေနတယ္။ သူ႔မွာလုံးဝထူးျခားတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲရွိခဲ့ၿပီး





အေတာ္မ်ားမ်ားေကာင္းေအာင္လုပ္ႏိုင္ခဲ့တယ္။
သင္ယူရခက္တဲ့အရာေတြကိုသူလုပ္ႏိုင္ၿပီးသားျဖစ္ေနသလို





က်န္တဲ့တိုးတက္ေအာင္လုပ္ရမယ့္အပိုင္းက သင္ယူရလြယ္ပါတယ္။
ဘင္လင္ဂမ္လိုကစားသမားမ်ိဳးနဲ႔ ပိုက္ဆံအေၾကာင္းေျပာရတာ
မႀကိဳက္ပါဘူး။ တကယ္လို႔ ငါတို႔ဘက္ကသူ႔အတြက္





အက်ိဳးျပဳခ်င္တယ္ဆိုရင္ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္
အတားအဆီးေတြမလုပ္ၾကပါနဲ႔။ အဲ့ဒါမ်ိဳးကမွတကယ္မိုက္တာ” လို႔ ဆိုခဲ့ပါတယ္။