ဘယ်နောက်ခံလူနေရာအတွက် ဂွါဒီယိုလာရဲ့ ပစ်မှတ်များ

နည်းပြ ဂွါဒီယိုလာဟာ အသင်းရဲ့ဘယ်နောက်ခံလူနေရာအတွက် အဖြေရှာနေပြီး အခုနောက်ဆုံး မန်စီးတီး စိတ်ဝင်စားနေတဲ့ကစားသမားစာရင်းမှာ ဒေါ့မွန်ကစားသမား ရာဖေးဂွါရဲရိုး လည်းပါဝင်လာပါတယ်။ အသက် ၂၈နှစ်အရွယ် ဂွါရဲရိုးဟာ

၂၀၁၆ခုနှစ်မှာ ဒေါ့မွန်ကိုရောက်လာပြီးနောက် ပွဲပေါင်း ၁၈၉ပွဲကစားခဲ့ရာမှာ ၃၄ဂိုး သွင်းနိုင်ခဲ့ပြီး ၃၇ ဂိုးဖန်တီးပေးထားနိုင်တဲ့ ဘယ်နောက်ခံကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီအသင်းမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

အဲဒါကြောင့် မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့ စိတ်ဝင်စားမှု ကိုခံလာရတာလည်းဖြစ်ပါတယ်။ မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ဂွါရဲရိုးအပြင် စတုဂတ်က ဘော်နာဆိုဆာနဲ့ ဘင်ဖီကာက ဂရီမဲလ်ဒိုတိုကိုလည်း စိတ်ဝင်စားနေတာပါ။

ဘော်နာဆိုဆာကို ဝက်စ်ဟမ်းကလည်းခေါ်ယူဖိုစိတ်ဝင် စားနေပြီး စတုဂတ်က ပေါင် ၁၇ သန်းတောင်းနေလို အပြောင်းအရွှေ့တော့ မဖြစ်မြောက်သေးပါဘူး။ ဂရီမဲလ်ဒိုလည်း ဘင်ဖီကာက သူတိုကစားသမားအတွက်

ပေါင် ၁၇ သန်းသတ်မှတ်ထားတာဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဇင်ချန်ကို ကိုအာဆင်နယ်ဆီရောင်းချခဲ့ပြီးနောက် ဘယ်နောက်ခံလူနေရာ အတွက် ကန်ဆယ်လိုတစ်ယောက်သာအားကိုးနေရတာဖြစ်ပါတယ်။

ဒါကြောင့် နည်းပြဂွါဒီယိုလာအတွက် ဘယ်နောက်ခံလူနေရာက အသင်းအတွက် အဓိကလိုအပ်ချက်ဖြစ်နေပြီး အချိန်မီပြန်လည်ဖြည့်တင်းနိုင်ဖို ကြိုးစားနေတာလည်းဖြစ်တယ်။ လက်ရှိမှာ အန်ဒါလက်ချ်နောက်ခံလူ

ဆာဂျီယိုဂိုမက်ဇ်ကိုခေါ်ယူနိုင်ဖိုနီးစပ်နေ တယ်လိုတော့သတင်းတွေထွက်နေပါတယ်။ မန်စီးတီးဟာ ရာသီအဖွင့်ပွဲစဉ်မှာ ဝက်စ်ဟမ်းကိုအနိုင်ရခဲ့ပြီးနောက် အခုတစ်ပတ်အိမ်ကွင်းပွဲမှာ ဘုန်းမောက်ကို ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။

(zawgyi)

နည္းျပ ဂြါဒီယိုလာဟာ အသင္းရဲ႕ဘယ္ေနာက္ခံလူေနရာအတြက္ အေျဖရွာေနၿပီး အခုေနာက္ဆုံး မန္စီးတီး စိတ္ဝင္စားေနတဲ့ကစားသမားစာရင္းမွာ ေဒါ့မြန္ကစားသမား ရာေဖးဂြါရဲ႐ိုး လည္းပါဝင္လာပါတယ္။

အသက္ ၂၈ႏွစ္အ႐ြယ္ ဂြါရဲ႐ိုးဟာ ၂၀၁၆ခုႏွစ္မွာ ေဒါ့မြန္ကိုေရာက္လာၿပီးေနာက္ ပြဲေပါင္း ၁၈၉ပြဲကစားခဲ့ရာမွာ ၃၄ဂိုး သြင္းႏိုင္ခဲ့ၿပီး ၃၇ ဂိုးဖန္တီးေပးထားႏိုင္တဲ့ ဘယ္ေနာက္ခံကစားသမားတစ္ဦးျဖစ္ပါတယ္။ ဒါ့အျပင္ ယူ႐ို ၂၀၁၆ ခ်န္ပီယံေပၚတူဂီအသင္းမွာပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ မန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕ စိတ္ဝင္စားမႈ ကိုခံလာရတာလည္းျဖစ္ပါတယ္။ မန္စီးတီးနည္းျပဂြါဒီယိုလာဟာ ဂြါရဲ႐ိုးအျပင္ စတုဂတ္က ေဘာ္နာဆိုဆာနဲ႔ ဘင္ဖီကာက ဂရီမဲလ္ဒိုတိုကိုလည္း စိတ္ဝင္စားေနတာပါ။

ေဘာ္နာဆိုဆာကို ဝက္စ္ဟမ္းကလည္းေခၚယူဖိုစိတ္ဝင္ စားေနၿပီး စတုဂတ္က ေပါင္ ၁၇ သန္းေတာင္းေနလို အေျပာင္းအေ႐ႊ႕ေတာ့ မျဖစ္ေျမာက္ေသးပါဘူး။ ဂရီမဲလ္ဒိုလည္း ဘင္ဖီကာက သူတိုကစားသမားအတြက္

ေပါင္ ၁၇ သန္းသတ္မွတ္ထားတာျဖစ္ပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဇင္ခ်န္ကို ကိုအာဆင္နယ္ဆီေရာင္းခ်ခဲ့ၿပီးေနာက္ ဘယ္ေနာက္ခံလူေနရာ အတြက္ ကန္ဆယ္လိုတစ္ေယာက္သာအားကိုးေနရတာျဖစ္ပါတယ္။

ဒါေၾကာင့္ နည္းျပဂြါဒီယိုလာအတြက္ ဘယ္ေနာက္ခံလူေနရာက အသင္းအတြက္ အဓိကလိုအပ္ခ်က္ျဖစ္ေနၿပီး အခ်ိန္မီျပန္လည္ျဖည့္တင္းႏိုင္ဖို ႀကိဳးစားေနတာလည္းျဖစ္တယ္။ လက္ရွိမွာ အန္ဒါလက္ခ်္ေနာက္ခံလူ

ဆာဂ်ီယိုဂိုမက္ဇ္ကိုေခၚယူႏိုင္ဖိုနီးစပ္ေန တယ္လိုေတာ့သတင္းေတြထြက္ေနပါတယ္။ မန္စီးတီးဟာ ရာသီအဖြင့္ပြဲစဥ္မွာ ဝက္စ္ဟမ္းကိုအႏိုင္ရခဲ့ၿပီးေနာက္ အခုတစ္ပတ္အိမ္ကြင္းပြဲမွာ ဘုန္းေမာက္ကို ဧည့္ခံကစားသြားရမွာျဖစ္ပါတယ္။