ဘယ်နောက်ခံနေရာမှာတစ်ခါမှမကစားဖူးပေမဲ့ စံချိန်ချိုးတဲ့အထိ ခြေစွမ်းပြခဲ့တဲ့ ကာမာဗင်ဂါ

တူနီးရှားကိုရှုံးနိမ့်တဲ့ပွဲမှာတော့ ပြင်သစ်ကွင်းလယ်လူကာမာဗင်ဂါဟာ ကစားသမားဘဝတစ်လျှောက်လုံးဝမကစားခဲ့ဘူးတဲ့ ဘယ်နောက်ခံနေရာမှာပါဝင်သွားခဲ့ပါတယ်။

ဒါပေမဲ့ ရီးရဲလ်ကစားသမားကလျှော့တွက်လို့မရတဲ့ ခြေစွမ်းမျိုးပြသခဲ့တာပါ။ နည်းပြဒက်ချမ့်စ်ဟာ အုပ်စုအဖွင့် ၂ပွဲအပြီးမှာ ၁၆ သင်းအဆင့်တက်ရောက်ဖို့သေချာသွားပြီဖြစ်တာကြောင့်

တူနီးရှားနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကို ၉ဦး အထိအပြောင်းအလဲလုပ်ခဲ့ပါတယ်။ ကာမာဗင်ဂါကတော့ သီယိုဟာနန်ဒက်ဇ်ရဲ့ ဘယ်နောက်ခံနေရာမှာ ပါဝင်ကစားသွားခဲ့ရတာဖြစ်တယ်။

ပရော်ဖက်ရှင်ပွဲပေါင်း ၁၄၀ ကစားထားရာမှာ ကွင်းလယ်ကစားသမားအဖြစ်သာပါဝင်ခဲ့တဲ့ ကာမာဗင်ဂါအတွက်တော့ စွန့်စားခန်းတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ အကောင်းဆုံးစွမ်းဆောင်ပြခဲ့ပြီး

တူနီးရှားတိုက်စစ်ကိုဟန့်တားရာမှာ အတော်လေးပါးပါးနပ်နပ်ရှိခဲ့တာတွေ့ရပါတယ်။ ဆိုရှယ်မီဒီယာပရိသတ်တွေကတော့ သူနဲ့မရင်းနှီးတဲ့နေရာမှာဝင်ကစားသွားခဲ့တဲ့ ကာမာဗင်ဂါကိုချီးကျူးမှုတွေပြုလုပ်သွားခဲ့ကြပါတယ်။

“သူတို့ကတော့ ရီးရဲလ်နည်းပြအန်ဆလော့တီကို အကြံတွေပေးတော့မယ်” လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာရေးသားခဲ့သလို ဒုတိယတစ်ယောက်က “ကာမာဗင်ဂါဟာ ရီးရဲလ်မှာ တိုနီခရူးစ်၊ မိုဒရစ်နဲ့

ကက်စ်မီရိုတို့နေရာကိုအစားဝင်ဖို့ရှိနေခဲ့တယ်။ ဒီနှုန်းအတိုင်းဆိုရင်တော့ မာဆယ်လိုတောင်ဖြစ်နိုင်တယ်” လို့ ချီးကျူးခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့ “ပြင်သစ်အတွက် ဒီနေရာမှာကစားနေသူတိုင်းကိုတော့

ကာမာဗင်ဂါက သတိထားသင့်တယ်လို့ မက်ဆေ့ချ်ပေးပို့လိုက်နိုင်ပါပြီ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အသက်၂၀ အရွယ် ကာမာဗင်ဂါဟာ မိနစ် ၉၀ အတွင်းမှာ အရေးကြီးတဲ့အနေအထားကဘောလုံးကို ၁၈ကြိမ်အထိ

အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး Sofascore ရဲ့ဒေတာအချက်အလက်တွေအရတော့ ၁၉၉၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ အကောင်းဆုံးမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။

(Zawgyi)

ဘယ္ေနာက္ခံေနရာမွာတစ္ခါမွမကစားဖူးေပမဲ့ စံခ်ိန္ခ်ိဳးတဲ့အထိ ေျခစြမ္းျပခဲ့တဲ့ ကာမာဗင္ဂါ

တူနီးရွားကိုရႈံးနိမ့္တဲ့ပြဲမွာေတာ့ ျပင္သစ္ကြင္းလယ္လူကာမာဗင္ဂါဟာ ကစားသမားဘဝတစ္ေလွ်ာက္လုံးဝမကစားခဲ့ဘူးတဲ့ ဘယ္ေနာက္ခံေနရာမွာပါဝင္သြားခဲ့ပါတယ္။ ဒါေပမဲ့ ရီးရဲလ္ကစားသမားကေလွ်ာ့တြက္လို႔မရတဲ့

ေျခစြမ္းမ်ိဳးျပသခဲ့တာပါ။ နည္းျပဒက္ခ်မ့္စ္ဟာ အုပ္စုအဖြင့္ ၂ပြဲအၿပီးမွာ ၁၆ သင္းအဆင့္တက္ေရာက္ဖို႔ေသခ်ာသြားၿပီျဖစ္တာေၾကာင့္ တူနီးရွားနဲ႔ပြဲစဥ္မွာ ပြဲထြက္လူစာရင္းကို ၉ဦး

အထိအေျပာင္းအလဲလုပ္ခဲ့ပါတယ္။ ကာမာဗင္ဂါကေတာ့ သီယိုဟာနန္ဒက္ဇ္ရဲ႕ ဘယ္ေနာက္ခံေနရာမွာပါဝင္ကစားသြားခဲ့ရတာျဖစ္တယ္။ ပေရာ္ဖက္ရွင္ပြဲေပါင္း ၁၄၀ ကစားထားရာမွာ ကြင္းလယ္ကစားသမားအျဖစ္သာပါဝင္ခဲ့တဲ့

ကာမာဗင္ဂါအတြက္ေတာ့ စြန႔္စားခန္းတစ္ခုျဖစ္ခဲ့တယ္။ ဒါေပမဲ့ အေကာင္းဆုံးစြမ္းေဆာင္ျပခဲ့ၿပီး တူနီးရွားတိုက္စစ္ကိုဟန႔္တားရာမွာ အေတာ္ေလးပါးပါးနပ္နပ္ရွိခဲ့တာေတြ႕ရပါတယ္။

ဆိုရွယ္မီဒီယာပရိသတ္ေတြကေတာ့ သူနဲ႔မရင္းႏွီးတဲ့ေနရာမွာဝင္ကစားသြားခဲ့တဲ့ ကာမာဗင္ဂါကိုခ်ီးက်ဴးမႈေတြျပဳလုပ္သြားခဲ့ၾကပါတယ္။ “သူတို႔ကေတာ့ ရီးရဲလ္နည္းျပအန္ဆေလာ့တီကို

အႀကံေတြေပးေတာ့မယ္” လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာေရးသားခဲ့သလို ဒုတိယတစ္ေယာက္က “ကာမာဗင္ဂါဟာ ရီးရဲလ္မွာ တိုနီခ႐ူးစ္၊ မိုဒရစ္နဲ႔ ကက္စ္မီ႐ိုတို႔ေနရာကိုအစားဝင္ဖို႔ရွိေနခဲ့တယ္။

ဒီႏႈန္းအတိုင္းဆိုရင္ေတာ့ မာဆယ္လိုေတာင္ျဖစ္ႏိုင္တယ္” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “ျပင္သစ္အတြက္ ဒီေနရာမွာကစားေနသူတိုင္းကိုေတာ့ ကာမာဗင္ဂါက

သတိထားသင့္တယ္လို႔ မက္ေဆ့ခ်္ေပးပို႔လိုက္ႏိုင္ပါၿပီ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ အသက္၂၀ အ႐ြယ္ ကာမာဗင္ဂါဟာ မိနစ္ ၉၀ အတြင္းမွာ အေရးႀကီးတဲ့အေနအထားကေဘာလုံးကို

၁၈ႀကိမ္အထိအႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္ခဲ့ၿပီး Sofascore ရဲ႕ေဒတာအခ်က္အလက္ေတြအရေတာ့ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ အေကာင္းဆုံးမွတ္တမ္းတစ္ခုျဖစ္ခဲ့ပါတယ္။