ဘယ်နေရာရောက်ရောက် စူပါပရော်ဖက်ရှင်နယ် ပီသတယ်ဆိုတာကို ပြသနေတဲ့ စီရော်နယ်ဒို

အခုတစ်ပတ်ထဲမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အတိအလင်း ထုတ်ပြောမယ်လို့ ကတိပေးထားပြီးဖြစ်တဲ့ စီရော်နယ်ဒိုဟာ မန်ယူအသင်းလေ့ကျင့်ရေး အစီအစဉ်ကို ကိုယ်တိုင် ကားမောင်းလာခဲ့ပြီး ပုံမှန် လေ့ကျင့်ခန်းအစီအစဉ် တွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ပေါ်တူဂီသားရဲ့ အိုးလ်ထရက် ဖို့ဒ်အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်အေးရပြီလို့ ထင်လိုက်ရင်တော့ ရာနှုန်းပြည့် မမှန်ပါဘူး။ အကြောင်းကတော့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်ဇ်ဟာ စီရော်နယ်ဒိုအတွက် အသင်းသစ်ကို ရှာဖွေနေလို့ပဲ ဖြစ်ပါတယ်။

မန်ယူဟာ ဒီရာသီ မှာ ချန်ပီယံလိဂ်ကစားခွင့် မရတာကြောင့် အသင်းပြောင်းချင်တယ်လို့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ကြိုပြောထားပြီးသားပါ။ ဒါကြောင့် အေးဂျင့်မန်ဒက်ဇ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ ဥရောပထိပ်တန်း အသင်းပေါင်း မြောက်မြားစွာနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။

ဒါပေမဲ့ ပရော်ဖက်ရှင်နယ်သွင်းဂိုးပေါင်း ၈၁၅ ဂိုးအထိ သွင်းထားတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုအတွက် ဘယ်အသင်းကမှ မီးစိမ်းမပြသေးပါဘူး။ အခုလက်ရှိမှာ စီရော်နယ်ဒိုကို မာဆေးက ဆက်သွယ်မှုတချို့ ပြုလုပ်နေပေမယ့် ကောလာ ဟလအဆင့်မှာသာပဲ ရှိပါသေးတယ်။

အဲဒီလို အကြောင်းအရာတွေရှိနေပေ မယ့်လည်း ပရော်ဖက်ရှင်နယ်ပီသသူဆိုတဲ့ ဂုဏ်ပုဒ်ကို ခါးဝတ်ပုဆိုးလို မြဲမြံ အောင် ဝတ်ဆင်ထားတဲ့ စီရော်နယ်ဒိုကတော့ မန်ယူရဲ့ လေ့ကျင့်ခန်း အစီ အစဉ်တွေကို အာရုံစိုက်ပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဝတ် လဲခန်းအတွင်းမှာလည်း ဘယ်လိုပြဿနာမျိုးမှမရှိဘဲ အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တယ်ဆိုတာကို ဘောလုံးရေးရာ အတွင်းသတင်းတွေနဲ့ နာမည်ကျော်သူ အီတလီသား ဖာဘ ရီဇီယို ရိုမာနိုရဲ့ ပြောဆိုချက်အရ သိရပါတယ်။

‘’သူကတော့ တကယ့်ကို စူပါ ပရော်ဖက်ရှင်နယ် ပီသနေဆဲပါဗျာ။ အလုပ်ကို အရမ်းကြိုးစားနေပြီး မန်ယူ အဝတ်လဲခန်းထဲမှာလည်း ဘာပြဿနာမှကို မရှိတဲ့သူပါ။ မာဆေးပရိသတ် တွေကတော့ အရမ်းကို စိတ်လှုပ်ရှားနေကြပြီး ခေါ်ယူဖို့အတွက် အိပ်မက် မက်နေကြပါတယ်။

ဒါပေမဲ့ ပထမဆုံးတစ်ချက်အနေနဲ့ ကျွန်တော်ပြောပါရ စေ။ ဘာမှ မဟုတ်ပါဘူး။ စီရော်နယ်ဒိုနဲ့ မာဆေးတို့ကြားမှာ ဘာ အကြောင်းအရာမှ မရှိသေးပါဘူး’’ လို့ ရိုမာနိုက YouTube ချန်နယ်ကို ပြော ဆိုသွားခဲ့ပါတယ်။

(zawgyi)

အခုတစ္ပတ္ထဲမွာ သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး အတိအလင္း ထုတ္ေျပာမယ္လို႔ ကတိေပးထားၿပီးျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ မန္ယူအသင္းေလ့က်င့္ေရး အစီအစဥ္ကို ကိုယ္တိုင္ ကားေမာင္းလာခဲ့ၿပီး ပုံမွန္ ေလ့က်င့္ခန္းအစီအစဥ္ ေတြ လုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ေပၚတူဂီသားရဲ႕ အိုးလ္ထရက္ ဖို႔ဒ္အနာဂတ္နဲ႔ ပတ္သက္ၿပီး စိတ္ေအးရၿပီလို႔ ထင္လိုက္ရင္ေတာ့ ရာႏႈန္းျပည့္ မမွန္ပါဘူး။ အေၾကာင္းကေတာ့ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္ဇ္ဟာ စီေရာ္နယ္ဒိုအတြက္ အသင္းသစ္ကို ရွာေဖြေနလို႔ပဲ ျဖစ္ပါတယ္။

မန္ယူဟာ ဒီရာသီ မွာ ခ်န္ပီယံလိဂ္ကစားခြင့္ မရတာေၾကာင့္ အသင္းေျပာင္းခ်င္တယ္လို႔ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ႀကိဳေျပာထားၿပီးသားပါ။ ဒါေၾကာင့္ ေအးဂ်င့္မန္ဒက္ဇ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားတဲ့ ဥေရာပထိပ္တန္း အသင္းေပါင္း

ေျမာက္ျမားစြာနဲ႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတာပါ။ ဒါေပမဲ့ ပေရာ္ဖက္ရွင္နယ္သြင္းဂိုးေပါင္း ၈၁၅ ဂိုးအထိ သြင္းထားတဲ့ တိုက္စစ္မႉး စီေရာ္နယ္ဒိုအတြက္ ဘယ္အသင္းကမွ မီးစိမ္းမျပေသးပါဘူး။ အခုလက္ရွိမွာ စီေရာ္နယ္ဒိုကို မာေဆးက

ဆက္သြယ္မႈတခ်ိဳ႕ ျပဳလုပ္ေနေပမယ့္ ေကာလာ ဟလအဆင့္မွာသာပဲ ရွိပါေသးတယ္။ အဲဒီလို အေၾကာင္းအရာေတြရွိေနေပ မယ့္လည္း ပေရာ္ဖက္ရွင္နယ္ပီသသူဆိုတဲ့ ဂုဏ္ပုဒ္ကို ခါးဝတ္ပုဆိုးလို ၿမဲၿမံ ေအာင္ ဝတ္ဆင္ထားတဲ့ စီေရာ္နယ္ဒိုကေတာ့ မန္ယူရဲ႕ ေလ့က်င့္ခန္း

အစီ အစဥ္ေတြကို အာ႐ုံစိုက္ၿပီး လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အဝတ္ လဲခန္းအတြင္းမွာလည္း ဘယ္လိုျပႆနာမ်ိဳးမွမရွိဘဲ အသင္းေဖာ္ေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ထိန္းသိမ္းထားႏိုင္ဆဲျဖစ္တယ္ဆိုတာကို ေဘာလုံးေရးရာ

အတြင္းသတင္းေတြနဲ႔ နာမည္ေက်ာ္သူ အီတလီသား ဖာဘ ရီဇီယို ႐ိုမာႏိုရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။ ‘’သူကေတာ့ တကယ့္ကို စူပါ ပေရာ္ဖက္ရွင္နယ္ ပီသေနဆဲပါဗ်ာ။ အလုပ္ကို အရမ္းႀကိဳးစားေနၿပီး မန္ယူ အဝတ္လဲခန္းထဲမွာလည္း ဘာျပႆနာမွကို မရွိတဲ့သူပါ။

မာေဆးပရိသတ္ ေတြကေတာ့ အရမ္းကို စိတ္လႈပ္ရွားေနၾကၿပီး ေခၚယူဖို႔အတြက္ အိပ္မက္ မက္ေနၾကပါတယ္။ ဒါေပမဲ့ ပထမဆုံးတစ္ခ်က္အေနနဲ႔ ကြၽန္ေတာ္ေျပာပါရ ေစ။ ဘာမွ မဟုတ္ပါဘူး။ စီေရာ္နယ္ဒိုနဲ႔ မာေဆးတို႔ၾကားမွာ ဘာ အေၾကာင္းအရာမွ မရွိေသးပါဘူး’’ လို႔ ႐ိုမာႏိုက YouTube ခ်န္နယ္ကို ေျပာ ဆိုသြားခဲ့ပါတယ္။