ဘယ်နည်းပြပြောင်းပြောင်း ဟီးရိုးမပြောင်းသေးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဂိုးသမားဒီဂီယာကတော့ အသင်းနည်းပြတွေ

တစ်ယောက်ပြီးတစ်ယောက်အပြောင်းအလဲဖြစ်ခဲ့ပေမယ့် သူကတော့

အသင်းအတွက် တာဝန်ကျေနေဆဲဖြစ်ပြီး နောဝစ်ချ်အသင်းကို(၁-၀)ဂိုးနဲ့

အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့မယုံနိုင်လောက်တဲ့ကာကွယ်မှုတွေသာမရှိရင်

ပွဲအဖြေက အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ ဒီဂီယာဟာ

နောဝစ်ချ်အသင်းတိုက်စစ်မှူးပူကီရဲ့ကန်ချက်ကို ပုတ်ထုတ်ခဲ့သလို

နောက်ခံလူခါဘတ် အပိုင်ခေါင်းတိုက်သွင်းခဲ့တာကိုလည်း

ကာကွယ်နိုင်ခဲ့တဲ့အပြင် ဂိုးပေါက်ကာကွယ်မှု(၅)ကြိမ်ပြုလုပ်ခဲ့ပြီး

ဒီပွဲရဲ့ Man Of The Match ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

နောဝစ်ချ်နဲ့ပွဲမှာ Clean Sheet ရယူနိုင်ခဲ့တာက ဒီဂီယာရဲ့စီနီယာ

ဘောလုံးသမားဘဝမှာ Clean Sheets ပွဲပေါင်း(၂၀၀)ပြည့်မြောက်ခဲ့ပြီး

ယူနိုက်တက်အသင်းအတွက် (၁၅၉)ပွဲ၊ အက်သလက်တီကိုအသင်းအတွက်

(၂၂)ပွဲနဲ့ စပိန်အသင်းအတွက်(၁၉)ပွဲ Clean Sheets ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဂီယာဟာ ခရစ္စတယ်ပဲလေ့စ်၊ နောဝစ်ချ် နှစ်ပွဲဆက်တိုက်

ပေးဂိုးမရှိအောင်စွမ်းဆောင်ခဲ့ပြီး ဒါက ဒီနှစ်အစပိုင်းတုန်းက

ဇန်နဝါရီ-ဖေဖော်ဝါရီလနောက်ပိုင်းပထမဆုံးအကြိမ် ပရီးမီးယားလိဂ်

နှစ်ပွဲဆက်ဂိုးမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

နောဝစ်ချ်နဲ့ပွဲအပြီးမှာ ဒီဂီယာက “ကျွန်တော်အရမ်းပျော်မိပါတယ်။

ဒီပွဲမှာ ကျွန်တော်အကောင်းဆုံးကစားနိုင်ခဲ့ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့

ကစားခဲ့ပါတယ်။ ဂိုးပေါက်ကာကွယ်မှုတွေပြုလုပ်နိုင်လို့ ယုံကြည်ထားတာကြောင့်

အခွင့်အရေးတချို့ကို ကာကွယ်နိုင်ခဲ့ပြီး အသင်းအတွက်နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။

အသင်းနိုင်ပွဲရဖို့အတွက် ဂိုးပေါက်ကာကွယ်မှုပြုလုပ်နိုင်ဖို့က

အရေးပါ,ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ယာယီနည်းပြရန်နစ်ခ်ရဲ့နည်းဗျူဟာတွေနဲ့ပတ်သက်လို့လည်

း ဒီဂီယာက “ရန်နစ်ခ်လက်အောက်မှာကစားရတာ ကျေနပ်ဖို့ကောင်းပါတယ်။

ကျွန်တော်တို့အသင်း ခံစစ်ကစားပုံတိုးတက်လာပြီး ဒီနေ့ပွဲမှာတော့

ပြိုင်ဘက်အသင်းကို အခွင့်အရေးအများကြီးပေးခဲ့ရပါတယ်။

ဒါပေမဲ့ ရန်နစ်ခ်က High Pressing ကစားချင်တာကြောင့် ကျွန်တော့်ကို

ကိုယ့်ပယ်နယ်တီဧရိယာဘက်ကနေ အမြင့်ဘောတွေနဲ့တိုက်ရိုက်ကန်တင်တဲ့

ပုံစံကစားခိုင်းခဲ့ပါတယ်။ ကျွန်တော်ကလည်း သူလိုချင်တဲ့အတိုင်းဖြစ်အောင်

အာရုံစိုက်ကစားနိုင်ခဲ့ပါတယ်”လို့ဆိုခဲ့ပါတယ်။

zawgyi

ဘယ္နည္းျပေျပာင္းေျပာင္း ဟီး႐ိုးမေျပာင္းေသးတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားဒီဂီယာကေတာ့ အသင္းနည္းျပေတြ

တစ္ေယာက္ၿပီးတစ္ေယာက္အေျပာင္းအလဲျဖစ္ခဲ့ေပမယ့္ သူကေတာ့

အသင္းအတြက္ တာဝန္ေက်ေနဆဲျဖစ္ၿပီး ေနာဝစ္ခ်္အသင္းကို(၁-၀)ဂိုးနဲ႔

အႏိုင္ရခဲ့တဲ့ပြဲမွာ သူ႔ရဲ႕မယုံႏိုင္ေလာက္တဲ့ကာကြယ္မႈေတြသာမရွိရင္

ပြဲအေျဖက အေျပာင္းအလဲျဖစ္သြားႏိုင္ပါတယ္။ ဒီဂီယာဟာ

ေနာဝစ္ခ်္အသင္းတိုက္စစ္မႉးပူကီရဲ႕ကန္ခ်က္ကို ပုတ္ထုတ္ခဲ့သလို

ေနာက္ခံလူခါဘတ္ အပိုင္ေခါင္းတိုက္သြင္းခဲ့တာကိုလည္း

ကာကြယ္ႏိုင္ခဲ့တဲ့အျပင္ ဂိုးေပါက္ကာကြယ္မႈ(၅)ႀကိမ္ျပဳလုပ္ခဲ့ၿပီး

ဒီပြဲရဲ႕ Man Of The Match ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေနာဝစ္ခ်္နဲ႔ပြဲမွာ Clean Sheet ရယူႏိုင္ခဲ့တာက ဒီဂီယာရဲ႕စီနီယာ

ေဘာလုံးသမားဘဝမွာ Clean Sheets ပြဲေပါင္း(၂၀၀)ျပည့္ေျမာက္ခဲ့ၿပီး

ယူႏိုက္တက္အသင္းအတြက္ (၁၅၉)ပြဲ၊ အက္သလက္တီကိုအသင္းအတြက္

(၂၂)ပြဲနဲ႔ စပိန္အသင္းအတြက္(၁၉)ပြဲ Clean Sheets ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီဂီယာဟာ ခရစၥတယ္ပဲေလ့စ္၊ ေနာဝစ္ခ်္ ႏွစ္ပြဲဆက္တိုက္

ေပးဂိုးမရွိေအာင္စြမ္းေဆာင္ခဲ့ၿပီး ဒါက ဒီႏွစ္အစပိုင္းတုန္းက

ဇန္နဝါရီ-ေဖေဖာ္ဝါရီလေနာက္ပိုင္းပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္

ႏွစ္ပြဲဆက္ဂိုးမေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ေနာဝစ္ခ်္နဲ႔ပြဲအၿပီးမွာ ဒီဂီယာက “ကြၽန္ေတာ္အရမ္းေပ်ာ္မိပါတယ္။

ဒီပြဲမွာ ကြၽန္ေတာ္အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး အာ႐ုံစူးစိုက္မႈအျပည့္နဲ႔

ကစားခဲ့ပါတယ္။ ဂိုးေပါက္ကာကြယ္မႈေတြျပဳလုပ္ႏိုင္လို႔ ယုံၾကည္ထားတာေၾကာင့္

အခြင့္အေရးတခ်ိဳ႕ကို ကာကြယ္ႏိုင္ခဲ့ၿပီး အသင္းအတြက္ႏိုင္ပြဲရယူေပးႏိုင္ခဲ့ပါတယ္။

အသင္းႏိုင္ပြဲရဖို႔အတြက္ ဂိုးေပါက္ကာကြယ္မႈျပဳလုပ္ႏိုင္ဖို႔က

အေရးပါ,ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယာယီနည္းျပရန္နစ္ခ္ရဲ႕နည္းဗ်ဴဟာေတြနဲ႔ပတ္သက္လို႔လည္

း ဒီဂီယာက “ရန္နစ္ခ္လက္ေအာက္မွာကစားရတာ ေက်နပ္ဖို႔ေကာင္းပါတယ္။

ကြၽန္ေတာ္တို႔အသင္း ခံစစ္ကစားပုံတိုးတက္လာၿပီး ဒီေန႔ပြဲမွာေတာ့

ၿပိဳင္ဘက္အသင္းကို အခြင့္အေရးအမ်ားႀကီးေပးခဲ့ရပါတယ္။

ဒါေပမဲ့ ရန္နစ္ခ္က High Pressing ကစားခ်င္တာေၾကာင့္ ကြၽန္ေတာ့္ကို

ကိုယ့္ပယ္နယ္တီဧရိယာဘက္ကေန အျမင့္ေဘာေတြနဲ႔တိုက္႐ိုက္ကန္တင္တဲ့

ပုံစံကစားခိုင္းခဲ့ပါတယ္။ ကြၽန္ေတာ္ကလည္း သူလိုခ်င္တဲ့အတိုင္းျဖစ္ေအာင္

အာ႐ုံစိုက္ကစားႏိုင္ခဲ့ပါတယ္”လို႔ဆိုခဲ့ပါတယ္။