မက်ဆီရဲ့အနာဂတ်ကတော့ဒွိဟဖြစ်စရာတွေရှိနေပြီး လက်ရှိမှာ
ပီအက်စ်ဂျီနဲ့ ၂၀၂၄ ခုနှစ်စာချုပ်သက်တမ်းတိုးတော့မယ်လို့
သတင်းထွက်နေပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း
အာဂျင်တီးနားတိုက်စစ်မှူးဟာ အသင်းဟောင်းဘာစီလိုနာမှာ
ကစားသမားဘဝကိုအဆုံးသတ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတာ
ဖြစ်တယ်။ ဒီလိုအချိန်မှာ တိုက်စစ်မှူးလီဝန်ဒေါစကီးက
ဘာစီလိုနာမှာ မက်ဆီနဲ့တွဲကစားချင်တယ်လို့ အတိအလင်း
ပြောဆိုလိုက်ပြီး ကမ္ဘာ့ချန်ပီယံအသင်းသားဟာ ၈ ကြိမ်မြောက်
ဘလွန်းဒီအော်အတွက်ပါ ထိပ်ဆုံးရပ်တည်နေပြီလို့ ချီးကျူးလိုက်ပါတယ်။
“ကျွန်တော့်အတွက်မဟုတ်ပါဘူး။ ခင်ဗျားတို့ပြောတာ ဟုတ်ပါတယ်။
သူက အခုအချိန်မှာ ဖန်တီးရှင်အဖြစ်ပိုကစားနေပြီ။
ဂိုးတွေဆက်သွင်းနေပေမဲ့ ဂိုးဖန်တီးတာပိုများလာတယ်။
အခုအချိန်မှာ ကျွန်တော်ကိုယ်တိုင်သူနဲ့တွဲကစားဖို့ စိတ်ကူးယဉ်နေတဲ့
တိုက်စစ်မှူးအဖြစ်ရှိနေပါတယ်။ ၈ကြိမ်မြောက် ဘလွန်းဒီအောအတွက်
အဆင်သင့်လားလို့မေးချင်တာလား။ ဒါပေါ့။ ဒီရာသီကလပ်
အသင်းတွေမှာ နောက်ထပ်ကစားသမားကောင်းတွေရှိလာနိုင်ပေမဲ့
ဘယ်သူအနိုင်ရမယ်ဆိုတာဆုံးဖြတ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရှိခဲ့တယ်လေ။
မက်ဆီက အခုဆိုထိပ်ဆုံးရောက်နေပြီ။ သူပျော်မယ်ဆို
ပျော်လို့ရနေပါပြီ” လို့ လီဝန်ဒေါစကီးက ဆိုခဲ့ပါတယ်။
zawgyi
ဘယ်တိုက်စစ်မှူးမဆို မက်ဆီနဲ့တွဲကစားချင်စိတ်ရှိလိမ့်မယ်လို့ လီဝန်ဒေါစကီး ဖွင့်ဟလိုက်