ဘယ်ကစားသမားမှ မလာချင်သေးတဲ့ နယူးကာဆဲလ်
ဘာစီလိုနာအသင်းရဲ့ဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂန်အနေနဲ့
ဓနအင်အားနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူလိုနေတဲ့
နယူးကာဆဲလ်အသင်းကို ပြောင်းရဖို့အတွက်နဲ့ လက်ရှိကလပ်
ဘာစီလိုနာအသင်းကို စွန့်ခွါဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိကြောင်း
နယူးကာဆဲလ်အသင်းရဲ့ ကမ်းလှမ်းချက်ကို “နားတာင်မထောင်ခဲ့ဘဲ ငြင်းလိုက်ခဲ့ပြီး”
နောက်မှာ ပြောသွားခဲ့ပါတယ်။ နယူးကာဆဲလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ
တင်ကျန်နေဖို့အတွက် ကြိုးစားနေပြီး ပိုင်ရှင်သစ်တွေကလည်း
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားအင်အားဖြည့်တင်းမှု
ကောင်းကောင်းမွန်မွန်ပြုလုပ်ပေးဖို့အတွက်လည်း ပရိသတ်တွေကို
ကတိကဝတ်ပြုထားခဲ့တာပါ။မကြာသေးမီကမှ နည်းပြသစ်အဖြစ်
အက်ဒီဟောင်းကို ခန့်အပ်ထားခဲ့တဲ့ နယူးကာဆဲလ်အသင်းအနေနဲ့
ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့မငြိဖို့အတွက်ဆို
လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၃၀၀ ပဲ
ထုတ်သုံးလို့ရနိုင်မှာလည်း ဖြစ်ပါတယ်။
အဆိုပါငွေကြေးပမာဏနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်တိုက်စစ်ကစားသမား
ဂျက်ဆီ လင်ဂတ်၊ ဘာစီလိုနာအသင်းရဲ့ ဖလိပီ ကော်တင်ညိုနဲ့
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇက်တို့ကို
မက်ပီတွေအနေနဲ့ ချိတ်ဆက်နေပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်စေမယ့်
ကယ်တင်ရှင်ကို ရှာဖွေနေတာပါ။ တာစတီဂန်ကတော့
အဆိုပါပစ်မှတ်ကစားသမား မြောက်မြားစွာထဲက တစ်ယောက်ဖြစ်ပြီး
နယူးကာဆဲလ်အသင်းအနေနဲ့ ခံစစ်ပိုင်းကိုလည်း ပြုပြင်ပြောင်းလဲလိုနေတာပါ။
ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ နံပါတ် ၁ ဦးစားပေးဂိုးသမားက
အသင်းကထွက်ခွါဖို့အတွက်အစီအစဉ်မရှိသေးဘုးလို့လည်း သိရပါတယ်။
Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၂၉ နှစ်အရွယ်
ဂျာမန်ကြယ်ပွင့်အနေနဲ့ နယူးကာဆဲလ်အသင်းက သူ့ကိုစိတ်ဝင်စားနေတယ်ဆိုလို့
အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တာစတီဂန်အနေနဲ့
နယူးကာဆဲလ်အသင်းရဲ့ ကမ်းလှမ်းချက်ကို နားတောင်မထောင်ဘဲနဲ့
ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။နယူးကာဆဲလ်အသင်းအနေနဲ့ တာစတီဂန်ကို
အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၄၇ သန်းနဲ့
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကမ်းလှမ်းသွားဖို့အတွက် စီစဉ်နေပြီး
လာမယ့်အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၂၀၀-၃၀၀ ဝန်းကျင်အထိသုံးစွဲမယ့်
နယူးကာဆဲလ်အသင်းအတွက်တော့ တာစတီဂန်ကိုမရရင်
တခြားဂိုးသမားတွေကိုပဲ ပြောင်းလဲပစ်မှတ်ထားရတော့မယ့်ပုံပါပဲ။
zawgyi