
မန်ယူဟာ အင်္ဂါညပရီးမီးယားလိဂ်မှာ ဇယားအောက်ခြေက ဘန်လေကို
အနိုင်မယူနိုင်ခဲ့လို့ အမှတ်ပေးဇယားမှာ ဝက်စ်ဟမ်းရဲ့ကျော်တက်ခြင်းကိုခံခဲ့ရပြီး
အဆင့် ၅ နေရာ ဆင်းပေးလိုက်ရပါတယ်။
မန်ယူရဲ့အဲဒီသရေပွဲအတွက် အသင်းပရိသတ်တွေဒေါသထွက်ခဲ့ကြပြီး
အထူးသဖြင့် အသင်းခေါင်းဆောင်မက်ဂွိုင်းယားကို သည်းမခံနိုင်ဖြစ်ခဲ့ကြတာပါ။
ဒုတိယပိုင်းအစ ဘန်လေကိုပေးခဲ့ရတဲ့ချေပဂိုးမှာ ပြိုင်ဘက်တိုက်စစ်မှုးကို
တားဆီးနိုင်ခြင်းမရှိခဲ့တဲ့အပေါ် အသင်းပရိသတ်တွေက ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဂိုးမှာ မက်ဂွိုင်းယားဟာ သူ့ရှေ့က ဖြတ်ဆွဲသွားတဲ့
ဘန်လေတိုက်စစ်မှုးရိုဒရီဂွက်ဇ်ကို ဒီအတိုင်း လွှတ်ပေးလိုက်သလိုဖြစ်ခဲ့တာပါ။
မန်ယူဟာ ပထမပိုင်းမှာ ပွဲကိုစိုးမိုးနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်းသွင်းယူနိုင်ခဲ့ပေမယ့်
ဒုတိယပိုင်းမှာ တာထွက်ဆိုးခဲ့လို့ အခုလို သရေနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
မန်ယူအသင်းအနိုင်မရခဲ့မှုမှာ ပြသနာများစွာရှိနေပေမယ့်
လောလောဆယ်မှာ အားလုံးက မက်ဂွိုင်းယားကို ဒေါသစုပြုံနေကြပါတယ်။
မန်ယူဟာ ပေါ့ဂ်ဘာဦးဆောင်ဂိုးမသွင်းခင် ဖာနန်ဒက်စ်ရဲ့ဖရီးကစ်ကနေ
ဗာရာနီရဲ့ခေါင်းတိုက်ချက်နဲ့ ဂိုးရခဲ့သေးပေမယ့်
အဲဒီတုန်းက မက်ဂွိုင်းယားလူကျွံတယ်ဆိုပြီး VAR ရဲ့ငြင်းပယ်ခြင်းကို ခံခဲ့ရသေးတာပါ။
ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်က အသင်းပရိသတ်တစ်ယောက်က
မက်ဂွိုင်းယားကို ချက်ချင်းရောင်းဖို့ တောင်းဆိုခဲ့ပါတယ်။
နောက်ထပ်အသင်းပရိသတ်တစ်ယောက်ကလည်း
အဲဒီအင်္ဂလန်လက်ရွေးစင်ကို သည်းမခံနိုင်တော့ကြောင်း ရေးတင်ခဲ့တာပါ။
ပေါင်သန်း ၈၀ ပေးခဲ့ရတဲ့မက်ဂွိုင်းယားဟာ မန်ယူအသင်းသမိုင်းတစ်လျှောက်
အဆိုးဆုံးခေါ်ယူမှုတွေထဲက တစ်ခုအဖြစ်လည်း သတ်မှတ်ခံနေရပါတယ်။
zawgyi
ဘန္ေလနဲ႔ပြဲမွာ ေခါင္းႀကီးကို မန္ယူပရိသတ္ေတြ သည္းမခံႏိုင္ေအာင္ျဖစ္ခဲ့ၾက
မန္ယူဟာ အဂၤါညပရီးမီးယားလိဂ္မွာ ဇယားေအာက္ေျခက ဘန္ေလကို
အႏိုင္မယူႏိုင္ခဲ့လို႔ အမွတ္ေပးဇယားမွာ ဝက္စ္ဟမ္းရဲ႕ေက်ာ္တက္ျခင္းကိုခံခဲ့ရၿပီး
အဆင့္ ၅ ေနရာ ဆင္းေပးလိုက္ရပါတယ္။
မန္ယူရဲ႕အဲဒီသေရပြဲအတြက္ အသင္းပရိသတ္ေတြေဒါသထြက္ခဲ့ၾကၿပီး
အထူးသျဖင့္ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကို သည္းမခံႏိုင္ျဖစ္ခဲ့ၾကတာပါ။
ဒုတိယပိုင္းအစ ဘန္ေလကိုေပးခဲ့ရတဲ့ေခ်ပဂိုးမွာ ၿပိဳင္ဘက္တိုက္စစ္မႈးကို
တားဆီးႏိုင္ျခင္းမရွိခဲ့တဲ့အေပၚ အသင္းပရိသတ္ေတြက ေဒါသထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။
အဲဒီဂိုးမွာ မက္ဂြိဳင္းယားဟာ သူ႔ေရွ႕က ျဖတ္ဆြဲသြားတဲ့
ဘန္ေလတိုက္စစ္မႈး႐ိုဒရီဂြက္ဇ္ကို ဒီအတိုင္း လႊတ္ေပးလိုက္သလိုျဖစ္ခဲ့တာပါ။
မန္ယူဟာ ပထမပိုင္းမွာ ပြဲကိုစိုးမိုးႏိုင္ခဲ့သလို ဦးေဆာင္ဂိုးလည္းသြင္းယူႏိုင္ခဲ့ေပမယ့္
ဒုတိယပိုင္းမွာ တာထြက္ဆိုးခဲ့လို႔ အခုလို သေရနဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။
မန္ယူအသင္းအႏိုင္မရခဲ့မႈမွာ ျပသနာမ်ားစြာရွိေနေပမယ့္
ေလာေလာဆယ္မွာ အားလုံးက မက္ဂြိဳင္းယားကို ေဒါသစုၿပဳံေနၾကပါတယ္။
မန္ယူဟာ ေပါ့ဂ္ဘာဦးေဆာင္ဂိုးမသြင္းခင္ ဖာနန္ဒက္စ္ရဲ႕ဖရီးကစ္ကေန
ဗာရာနီရဲ႕ေခါင္းတိုက္ခ်က္နဲ႔ ဂိုးရခဲ့ေသးေပမယ့္
အဲဒီတုန္းက မက္ဂြိဳင္းယားလူကြၽံတယ္ဆိုၿပီး VAR ရဲ႕ျငင္းပယ္ျခင္းကို ခံခဲ့ရေသးတာပါ။
ဒါေၾကာင့္ ဆိုရွယ္မီဒီယာေပၚက အသင္းပရိသတ္တစ္ေယာက္က
မက္ဂြိဳင္းယားကို ခ်က္ခ်င္းေရာင္းဖို႔ ေတာင္းဆိုခဲ့ပါတယ္။
ေနာက္ထပ္အသင္းပရိသတ္တစ္ေယာက္ကလည္း
အဲဒီအဂၤလန္လက္ေ႐ြးစင္ကို သည္းမခံႏိုင္ေတာ့ေၾကာင္း ေရးတင္ခဲ့တာပါ။
ေပါင္သန္း ၈၀ ေပးခဲ့ရတဲ့မက္ဂြိဳင္းယားဟာ မန္ယူအသင္းသမိုင္းတစ္ေလွ်ာက္
အဆိုးဆုံးေခၚယူမႈေတြထဲက တစ္ခုအျဖစ္လည္း သတ္မွတ္ခံေနရပါတယ္။