ဘန်လေကို အရေးနိမ့်ခဲ့ရပြီးနောက် လမ်းပတ်ကို ရာထူးကနေထုတ်ပယ်လို့ အဲဗာတန်ပရိသတ်တွေ တောင်းဆို

အဲဗာတန်ပရိသတ်တွေဟာ တန်းမဆင်းရရေးပြိုင်ဘက်

ဘန်လေကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက်
နည်းပြဖရန့်လမ်းပတ်ကို ရာထူးကနေ
ထုတ်ပယ်လို့ တောင်းဆိုလိုက်ပါတယ်။
အင်္ဂလန်ဂန္ထဝင်ကစားသမား လမ်းပတ်ဟာ ဇန်နဝါရီလကမှ
အဲဗာတန်အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပေမယ့်

သူ့လက်ထက် ပရီးမီးယားလိဂ် ၈ပွဲမှာ ၆ပွဲအထိ
အရေးနိမ့်ထားပြီး အသင်းရဲ့အခြေအနေက ပိုမိုဆိုးရွားလာပါတယ်။
အဲဗာတန်ဟာ ၁၉၅၁ ခုနှစ်ကတည်းက တန်းမဆင်းရဖူးပေမယ့်
ယခုအခါ တန်းဆင်းဇုန်ရဲ့အထက်မှာ ၁မှတ်အကွာနဲ့ပဲ
ရပ်တည်နေရပြီး အသင်းက ၂၀၁၆ ဖေဖော်ဝါရီလက

အသင်းပိုင်ရှင် မိုရှီရီ စတင်တာဝန်ယူချိန်ကတည်းက
ကစားသမားသစ်ခေါ်ယူရေးအတွက် ပေါင်သန်း ၅၀၀ကျော်
သုံးစွဲခဲ့တာတောင် အသင်းရဲ့အခြေအနေက ဆိုးရွားနေတာပါ။
လမ်းပတ်ဟာ အဲဗာတန်ကို တာဝန်ယူလာတာ
လပိုင်းလေးပဲ ရှိသေးပေမယ့် အဲဗာတန်ပရိသတ်တွေကတော့

နည်းပြအပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
”ကျွန်တော်တို့အသင်း တန်းတင်ကျန်ရစ်နိုင်ပါသေးတယ်။
ဒါပေမဲ့ လမ်းပတ် ရှိမနေတော့မှပါ။
သူသာ ဆက်ပြီးတာဝန်ယူနေမယ်ဆိုရင် အခွင့်အရေးလုံးဝရှိမှာမဟုတ်ပါဘူး”
”လမ်းပတ်က အဆင်မပြေပါဘူး။ ကျွန်တော်တို့ဟာ

ဝါရင့်နည်းပြထက် အတွေ့အကြုံမရှိတဲ့နည်းပြကို ခန့်အပ်ခဲ့ပြီး
ကလပ်အနေနဲ့ ပရိသတ်တွေရဲ့အသံကို နားထောင်သင့်ပါတယ်”
”ခံစစ်က တကယ့်ကိုကမ်းကုန်ဆိုးရွားလွန်းပြီး နလပိန်းတုံးတွေပါပဲ။
ဒီပုံစံအတိုင်းဆိုရင် ရာသီမကုန်ခင် နောက်ဆုံး ၉ပွဲမှာ
နိုင်ပွဲတွေ ရနိုင်ဖို့ဆိုတာ ဝေးလွန်းပါတယ်။ ရာသီမကုန်ခင်

အသင်းကနေ လမ်းပတ်ထွက်ခွာသွားဖို့ ဖြစ်နိုင်ခြေများပါတယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။
အဲဗာတန်ဟာ ပထမပိုင်းအပြီးမှာ ဘန်လေကို
၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ
၂ဂိုးအထိ ပေးလိုက်ရတာဖြစ်ပါတယ်။

ဒါပေမဲ့ တချို့အဲဗာတန်ပရိသတ်တွေကတော့
ချဲလ်ဆီးနဲ့ ဒါဘီနည်းပြဟောင်း လမ်းပတ်ကို
ထောက်ခံနေဆဲဖြစ်ပြီး အခုလိုတန်းမဆင်းရရေးအတွက်
ရုန်းကန်နေရတာက လမ်းပတ်ရဲ့အမှားမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

Zawgyi

ဘန္ေလကို အေရးနိမ့္ခဲ့ရၿပီးေနာက္ လမ္းပတ္ကုိ ရာထူးကေနထုတ္ပယ္လုိ႔ အဲဗာတန္ပရိသတ္ေတြ ေတာင္းဆုိ
အဲဗာတန္ပရိသတ္ေတြဟာ တန္းမဆင္းရေရးၿပိဳင္ဘက္
ဘန္ေလကို ၃-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္

နည္းျပဖရန္႔လမ္းပတ္ကို ရာထူးကေန
ထုတ္ပယ္လုိ႔ ေတာင္းဆိုလုိက္ပါတယ္။
အဂၤလန္ဂႏၳ၀င္ကစားသမား လမ္းပတ္ဟာ ဇန္န၀ါရီလကမွ
အဲဗာတန္အသင္းကို စတင္တာ၀န္ယူခဲ့တာျဖစ္ေပမယ့္
သူ႕လက္ထက္ ပရီးမီးယားလိဂ္ ၈ပြဲမွာ ၆ပြဲအထိ

အေရးနိမ့္ထားၿပီး အသင္းရဲ႕အေျခအေနက ပိုမိုဆုိးရြားလာပါတယ္။
အဲဗာတန္ဟာ ၁၉၅၁ ခုႏွစ္ကတည္းက တန္းမဆင္းရဖူးေပမယ့္
ယခုအခါ တန္းဆင္းဇုန္ရဲ႕အထက္မွာ ၁မွတ္အကြာနဲ႔ပဲ
ရပ္တည္ေနရၿပီး အသင္းက ၂၀၁၆ ေဖေဖာ္၀ါရီလက
အသင္းပိုင္ရွင္ မုိရွီရီ စတင္တာ၀န္ယူခ်ိန္ကတည္းက

ကစားသမားသစ္ေခၚယူေရးအတြက္ ေပါင္သန္း ၅၀၀ေက်ာ္
သုံးစြဲခဲ့တာေတာင္ အသင္းရဲ႕အေျခအေနက ဆုိးရြားေနတာပါ။
လမ္းပတ္ဟာ အဲဗာတန္ကို တာ၀န္ယူလာတာ
လပိုင္းေလးပဲ ရွိေသးေပမယ့္ အဲဗာတန္ပရိသတ္ေတြကေတာ့
နည္းျပအေျပာင္းအလဲျပဳလုပ္ဖို႔ ေတာင္းဆိုေနၾကပါတယ္။

”ကၽြန္ေတာ္တုိ႔အသင္း တန္းတင္က်န္ရစ္ႏိုင္ပါေသးတယ္။
ဒါေပမဲ့ လမ္းပတ္ ရွိမေနေတာ့မွပါ။
သူသာ ဆက္ၿပီးတာ၀န္ယူေနမယ္ဆုိရင္ အခြင့္အေရးလုံး၀ရွိမွာမဟုတ္ပါဘူး”
”လမ္းပတ္က အဆင္မေျပပါဘူး။ ကၽြန္ေတာ္တုိ႔ဟာ
၀ါရင့္နည္းျပထက္ အေတြ႕အႀကံဳမရွိတဲ့နည္းျပကို ခန္႔အပ္ခဲ့ၿပီး

ကလပ္အေနနဲ႔ ပရိသတ္ေတြရဲ႕အသံကို နားေထာင္သင့္ပါတယ္”
”ခံစစ္က တကယ့္ကိုကမ္းကုန္ဆုိးရြားလြန္းၿပီး နလပိန္းတုံးေတြပါပဲ။
ဒီပုံစံအတုိင္းဆုိရင္ ရာသီမကုန္ခင္ ေနာက္ဆုံး ၉ပြဲမွာ
ႏိုင္ပြဲေတြ ရႏိုင္ဖို႔ဆုိတာ ေ၀းလြန္းပါတယ္။ ရာသီမကုန္ခင္
အသင္းကေန လမ္းပတ္ထြက္ခြာသြားဖို႔ ျဖစ္ႏုိင္ေျခမ်ားပါတယ္”လုိ႔

ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
အဲဗာတန္ဟာ ပထမပိုင္းအၿပီးမွာ ဘန္ေလကို
၂-၁ ဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ
၂ဂိုးအထိ ေပးလုိက္ရတာျဖစ္ပါတယ္။
ဒါေပမဲ့ တခ်ိဳ႕အဲဗာတန္ပရိသတ္ေတြကေတာ့

ခ်ဲလ္ဆီးနဲ႔ ဒါဘီနည္းျပေဟာင္း လမ္းပတ္ကို
ေထာက္ခံေနဆဲျဖစ္ၿပီး အခုလိုတန္းမဆင္းရေရးအတြက္
ရုန္းကန္ေနရတာက လမ္းပတ္ရဲ႕အမွားမဟုတ္ဘူးလို႔ ေထာက္ျပပါတယ္။