
အာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ တိုက်စစ်မှူးဘန်ဇီမာ
ပြန်ကစားနိုင်မလားဆိုတဲ့ အမေးကိုတော့ ပြင်သစ်နည်းပြဒက်ချမ့်စ်က ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။
ဒက်ချမ့်စ်ဟာ ပြိုင်ပွဲမတိုင်ခင်မှာ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာရဲ့ဦးဆောင်မှုနဲ့လာရောက်ခဲ့ပေမဲ့
ရီးရဲလ်တိုက်စစ်မှူးဒဏ်ရာပြဿနာကြုံခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပုံစံအတိုင်း
ဂီရောက်၊ ဂရေ့ဇ်မန်းနဲ့ အမ်ဘာပီ တို့အတွဲအဖက်ကိုသာ ဆက်လက်အသုံးပြုခဲ့ရတာဖြစ်တယ်။
အထောင်တိုက်စစ်မှူးနေရာမှာပါဝင်ကစားခဲ့တဲ့ ဂီရောက်က ဒီပြိုင်ပွဲမှာ ၄ဂိုးသွင်းပြီး ပုံစံကောင်းရရှိခဲ့သလို
ပြင်သစ်သမိုင်းတစ်လျှောက်ထာဝရဂိုးသွင်းအများဆုံးနေရာကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ဒက်ချမ့်စ်ဟာ ဘန်ဇီမာနေရာအတွက်အစားထိုးခေါ်ယူမှုတစ်ရပ်မလုပ်ခဲ့တာကြောင့်
စိတ်ဝင်စားစရာဖြစ်နေသလို လက်ရှိအချိန်မှာ ရီးရဲလ်တိုက်စစ်မှူးက ကြံ့ခိုင်မှုအပြည့်နဲ့လေ့ကျင့်ရေးတွေပြန်လည်ပြုလုပ်နေပြီဖြစ်တယ်။
သီအိုရီအရတော့ ပြင်သစ်အသင်းသားအဖြစ်ဆက်ရှိနေတဲ့ ဘန်ဇီမာဟာ အာဂျင်တီးနားနဲ့ဖိုင်နယ်ပွဲမှာပါဝင်ကစားခွင့်ရှိနေပါတယ်။
မော်ရိုကိုနဲ့ပွဲအပြီး မီဒီယာတွေနဲ့တွေ့ဆုံမှုမှာတော့ ပြင်သစ်နည်းပြဒက်ချမ့်စ်ဟာ
ဘန်ဇီမာနဲ့ပတ်သတ်တဲ့မေးခွန်းကို ကွက်လပ်တစ်ခုအဖြစ်သာချန်ရစ်ခဲ့ပါတယ်။
ရီးရဲလ်တိုက်စစ်မှူးဟာ ကာတာကိုပြန်လာပြီး ဗိုလ်လုပွဲပြန်ကစားမလားဆိုတဲ့အမေးနဲ့ပတ်သတ်လို့ ဒက်ချမ့်စ်က
“ငါ ဒီကိစ္စကိုကျော်ပြီး နောက်မေးခွန်းတစ်ခုကိုဆက်သွားချင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာတော့ ဘန်ဇီမာပြန်လာနိုင်ခြင်းနဲ့ပတ်သတ်တဲ့ ကောလဟလတွေဟာ စိတ်ကူးယဉ်သက်သက်တွေဖြစ်တယ်လို့
ဒက်ချမ့်စ်က တုံ့ပြန်ထားပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကွက်လပ်တစ်ခုအဖြစ်ချန်ခဲ့တာက စိတ်ဝင်စားစရာကောင်းနေတာပါ။
zawgyi
ဘန္ဇီမာ ဗိုလ္လုပြဲကစားႏိုင္မလားဆိုတဲ့အေမးကိုေတာ့ ေက်ာ္သြားပါရေစလို႔ ဒက္ခ်မ့္စ္ လွ်ိဳ႕ဝွက္ထား
အာဂ်င္တီးနားနဲ႔ရင္ဆိုင္ရမယ့္ ကမာၻ႔ဖလားဗိုလ္လုပြဲစဥ္မွာ တိုက္စစ္မႉးဘန္ဇီမာ
ျပန္ကစားႏိုင္မလားဆိုတဲ့ အေမးကိုေတာ့ ျပင္သစ္နည္းျပဒက္ခ်မ့္စ္က ေျဖဆိုဖို႔ျငင္းဆန္ခဲ့ပါတယ္။
ဒက္ခ်မ့္စ္ဟာ ၿပိဳင္ပြဲမတိုင္ခင္မွာ ဘလြန္းဒီေအာ္ဆုရွင္ ဘန္ဇီမာရဲ႕ဦးေဆာင္မႈနဲ႔လာေရာက္ခဲ့ေပမဲ့
ရီးရဲလ္တိုက္စစ္မႉးဒဏ္ရာျပႆနာႀကဳံခဲ့တာေၾကာင့္ ၂၀၁၈ ကမာၻ႔ဖလားပုံစံအတိုင္း
ဂီေရာက္၊ ဂေရ႕ဇ္မန္းနဲ႔ အမ္ဘာပီ တို႔အတြဲအဖက္ကိုသာ ဆက္လက္အသုံးျပဳခဲ့ရတာျဖစ္တယ္။
အေထာင္တိုက္စစ္မႉးေနရာမွာပါဝင္ကစားခဲ့တဲ့ ဂီေရာက္က ဒီၿပိဳင္ပြဲမွာ ၄ဂိုးသြင္းၿပီး ပုံစံေကာင္းရရွိခဲ့သလို
ျပင္သစ္သမိုင္းတစ္ေလွ်ာက္ထာဝရဂိုးသြင္းအမ်ားဆုံးေနရာကိုပါ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
အျခားတစ္ဖက္မွာေတာ့ ဒက္ခ်မ့္စ္ဟာ ဘန္ဇီမာေနရာအတြက္အစားထိုးေခၚယူမႈတစ္ရပ္မလုပ္ခဲ့တာေၾကာင့္
စိတ္ဝင္စားစရာျဖစ္ေနသလို လက္ရွိအခ်ိန္မွာ ရီးရဲလ္တိုက္စစ္မႉးက ႀကံ့ခိုင္မႈအျပည့္နဲ႔ေလ့က်င့္ေရးေတြျပန္လည္ျပဳလုပ္ေနၿပီျဖစ္တယ္။
သီအိုရီအရေတာ့ ျပင္သစ္အသင္းသားအျဖစ္ဆက္ရွိေနတဲ့ ဘန္ဇီမာဟာ အာဂ်င္တီးနားနဲ႔ဖိုင္နယ္ပြဲမွာပါဝင္ကစားခြင့္ရွိေနပါတယ္။
ေမာ္႐ိုကိုနဲ႔ပြဲအၿပီး မီးီယာေတြနဲ႔ေတြ႕ဆုံမႈမွာေတာ့ ျပင္သစ္နည္းျပဒက္ခ်မ့္စ္ဟာ ဘန္ဇီမာနဲ႔ပတ္သတ္တဲ့ေမးခြန္းကို ကြက္လပ္တစ္ခုအျဖစ္သာခ်န္ရစ္ခဲ့ပါတယ္။
ရီးရဲလ္တိုက္စစ္မႉးဟာ ကာတာကိုျပန္လာၿပီး ဗိုလ္လုပြဲျပန္ကစားမလားဆိုတဲ့အေမးနဲ႔ပတ္သတ္လို႔ ဒက္ခ်မ့္စ္က
“ငါ ဒီကိစၥကိုေက်ာ္ၿပီး ေနာက္ေမးခြန္းတစ္ခုကိုဆက္သြားခ်င္တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
အုပ္စုအဖြင့္ပြဲစဥ္အၿပီးမွာေတာ့ ဘန္ဇီမာျပန္လာႏိုင္ျခင္းနဲ႔ပတ္သတ္တဲ့ ေကာလဟလေတြဟာ စိတ္ကူးယဥ္သက္သက္ေတြျဖစ္တယ္လို႔
ဒက္ခ်မ့္စ္က တုံ႔ျပန္ထားေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ ကြက္လပ္တစ္ခုအျဖစ္ခ်န္ခဲ့တာက စိတ္ဝင္စားစရာေကာင္းေနတာပါ။