
ရီးရဲလ်မက်ထရစ်ဟာ အမ်ဘာပေကို ရာသီကုန်မှာ
အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အကြို သဘောတူညီမှု
ရရှိသွားခဲ့ကြောင်း သိရပါတယ်။
အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး
အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၀ဦး
စာရင်းဝင်သူ ဖြစ်သလို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိမယ့်သူ အဖြစ် ထင်ကြေးပေးခံထားရသူပါ။
အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ
စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်တာကြောင့်
ယခုအချိန်မှာ သူ နှစ်သက်ရာ အသင်းထံ ပြောင်းရွှေ့ဖို့
အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုလို့ ရနေပါတယ်။
ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ
ရီးရဲလ်မက်ထရစ်နဲ့အတူ တစ်နှစ်လုပ်ခ ပေါင် (၄၁.၆) သန်းရရှိမယ့်
စာချုပ်တစ်ရပ်အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရှိရပါတယ်။
ရီးရဲလ်မက်ထရစ်ဟာအမ်ဘာပေအတွက် တစ်ပတ်လုပ်ခ ပေါင် (၈) သိန်းပေးပါမယ်။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ အဆုံးသတ်ပိုင်းကာလမှာ
ရီးရဲလ်မက်ထရစ်တို့ အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေးအထိ ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့်
ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခီလိုင်ဖီ၊ အားကစားဒါရိုက်တာ လီယိုနာဒိုတို့က
ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။အခုတော့ အမ်ဘာပေကို
လာမယ့် ဘောလုံးရာသီမှာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်
ဘန်ဇီမာနဲ့အတူ ဘာနေဗျူး မြက်ခင်းပြင်ပေါ်မှာ မြင်တွေ့ရဖို့ ရှိနေပါပြီ။
zawgyi
ဘန္ဇီမာနဲ႔အတူ ဘာေနဗ်ဴး ျမက္ခင္းျပင္ေပၚမွာ ျမင္ေတြ႕ရဖို႔ ရွိေနၿပီျဖစ္တဲ့ ဘာေပ
ရီးရဲလ္မက္ထရစ္ဟာ အမ္ဘာေပကို ရာသီကုန္မွာ
အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ အႀကိဳ သေဘာတူညီမႈ
ရရွိသြားခဲ့ေၾကာင္း သိရပါတယ္။
အသက္ ၂၃ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး
အမ္ဘာေပဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမား ၁၀ဦး
စာရင္းဝင္သူ ျဖစ္သလို လာမယ့္ ႏွစ္အနည္းငယ္ အတြင္းမွာ
ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ရရွိမယ့္သူ အျဖစ္ ထင္ေၾကးေပးခံထားရသူပါ။
အမ္ဘာေပဟာ ပီအက္စ္ဂ်ီနဲ႔ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ
စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ကစားသမား ျဖစ္တာေၾကာင့္
ယခုအခ်ိန္မွာ သူ ႏွစ္သက္ရာ အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔
အႀကိဳ သေဘာတူညီမႈစာခ်ဳပ္ ခ်ဳပ္ဆိုလို႔ ရေနပါတယ္။
ဂ်ာမန္သတင္းစာ Bild ရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပဟာ
ရီးရဲလ္မက္ထရစ္နဲ႔အတူ တစ္ႏွစ္လုပ္ခ ေပါင္ (၄၁.၆) သန္းရရွိမယ့္
စာခ်ဳပ္တစ္ရပ္အတြက္ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သိရွိရပါတယ္။
ရီးရဲလ္မက္ထရစ္ဟာအမ္ဘာေပအတြက္ တစ္ပတ္လုပ္ခ ေပါင္ (၈) သိန္းေပးပါမယ္။
ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ႊ႕ရဲ႕ အဆုံးသတ္ပိုင္းကာလမွာ
ရီးရဲလ္မက္ထရစ္တို႔ အမ္ဘာေပကို ကမာၻ႔စံခ်ိန္တင္
ေျပာင္းေ႐ႊ႕ေၾကးအထိ ေပးၿပီး ကမ္းလွမ္းခဲ့ေပမယ့္
ပီအက္စ္ဂ်ီ ဥကၠဌ အယ္လ္ခီလိုင္ဖီ၊ အားကစားဒါ႐ိုက္တာ လီယိုနာဒိုတို႔က
ခါးခါးသီးသီး ျငင္းဆန္ခဲ့ပါတယ္။အခုေတာ့ အမ္ဘာေပကို
လာမယ့္ ေဘာလုံးရာသီမွာ သူ႔ရဲ႕ လက္ေ႐ြးစင္ အသင္းေဖာ္
ဘန္ဇီမာနဲ႔အတူ ဘာေနဗ်ဴး ျမက္ခင္းျပင္ေပၚမွာ ျမင္ေတြ႕ရဖို႔ ရွိေနပါၿပီ။