ဘန်စေလနည်းပြကို ထိုးခဲ့တဲ့ ကိုဒေါသ ဂျိုယေးဘာတန်

ဘောလုံးသမားဘဝမှာ မထင်ရင်မထင်သလို ပြိုင်ဘက်တွေနဲ့ထထိုးတာ၊

နောက်ဆုံးကိုယ့်အသင်းဖော်အချင်းချင်းတောင် ‘အထာ’မထားဘဲ ကြုံးတတ်တဲ့

ပရီးမီးယားလိဂ်ရဲ့လူရမ်းကားကြီး ဂျိုယေးဘာတန်ဟာ အခု နည်းပြဘဝ

ရောက်တာတောင် သူ့ရဲ့ရန်လိုတတ်တဲ့အပြုအမူကို မဖျောက်နိုင်သေးဘဲ

ပြိုင်ဘက်နည်းပြတစ်ဦးကို လက်သီးနဲ့ထိုးကြိတ်ခဲ့လို့ တရားရင်ဆိုင်နေရပါပြီ။

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်စီးတီး၊ QPR ကစားသမားဟောင်း

ဘာတန်ဟာ အခုလောလောဆယ် League Two ကလပ် ဘရစ္စတိုးလ်

အသင်းနည်းပြအဖြစ်ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ်တုန်းက ဘန်စလေအသင်းနဲ့

ကစားခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းထဲမှာ ပြိုင်ဘက်နည်းပြကို ထိုးကြိတ်ခဲ့တာလို့

စွပ်စွဲခံနေရတာဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ ဘာတန်က ဖလိဒ်ဝုဒ်အသင်းနည်းပြ

အဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး သူ့အသင်းက ဘန်စလေကို(၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို

ကစားသမားတစ်ယောက်ပါအထုတ်ခံခဲ့ရလို့ ဒေါသပေါက်ကွဲခဲ့တာကြောင့်

ဘန်စလေနည်းပြ(ဟောင်း)ဒန်နီယဲလ်စတန်ဒဲလ်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ဘာတန်ရဲ့ လက်သီးစွမ်းကြောင့် ဒန်နီယဲလ်စတန်ဒဲလ်ရဲ့မျက်နှာတစ်ခုလုံး

ရောင်ကိုင်းခဲ့ရပြီး ဒီအဖြစ်အပျက်ကို ဘန်စလေအသင်းက ရဲတပ်ဖွဲ့ဆီ

အကြောင်းကြားခဲ့တဲ့အတွက် နောက်ပိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။ အဲဒီအဖြစ်

အပျက်နဲ့ပတ်သက်လို့ ရှက်ဖီးတရားရုံးက ခုံရုံးတင်စစ်ဆေးနေပြီဖြစ်ပြီး

ဘာတန်ကို ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

မန်စီးတီးလူငယ်အကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ ဘာတန်ဟာ မန်စီးတီး

အသင်းမှာကစားခဲ့ချိန်ကလည်း အသင်းဖော်ဒါဘိုနဲ့ လေ့ကျင့်ရေးကွင်းမှာ

ပြဿနာတက်ခဲ့ပြီး ဒါဘိုကို ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တဲ့အထိ

ထိုးကြိတ်ခဲ့လို့ ၂၀၀၆-၀၇ ရာသီကုန်အထိပွဲပယ်ခံခဲ့ရဖူးပါတယ်။ အရည်အချင်း

ရှိပေမယ့် မလိုလားအပ်တဲ့ဒေါသပေါက်ကွဲမှုကြောင့် မကြာခဏဆိုသလို

အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး သူ့ရဲ့ဘောလုံးသမားဘဝတစ်လျှောက်မှာ

နာမည်ကောင်းဆိုလို့မရှိသလောက်ဖြစ်ခဲ့ရသလို လောင်းကစားမှုနဲ့ပတ်သက်

ပြီးတော့လည်း ပြဿနာတွေတက်ခဲ့ပါသေးတယ်။

Zawgyi

ဘန္ေစလနည္းျပကို ထိုးခဲ့တဲ့ ကိုေဒါသ ဂ်ိဳေယးဘာတန္

ေဘာလုံးသမားဘဝမွာ မထင္ရင္မထင္သလို ၿပိဳင္ဘက္ေတြနဲ႔ထထိုးတာ၊

ေနာက္ဆုံးကိုယ့္အသင္းေဖာ္အခ်င္းခ်င္းေတာင္ ‘အထာ’မထားဘဲ ႀကဳံးတတ္တဲ့

ပရီးမီးယားလိဂ္ရဲ႕လူရမ္းကားႀကီး ဂ်ိဳေယးဘာတန္ဟာ အခု နည္းျပဘဝ

ေရာက္တာေတာင္ သူ႔ရဲ႕ရန္လိုတတ္တဲ့အျပဳအမူကို မေဖ်ာက္ႏိုင္ေသးဘဲ

ၿပိဳင္ဘက္နည္းျပတစ္ဦးကို လက္သီးနဲ႔ထိုးႀကိတ္ခဲ့လို႔ တရားရင္ဆိုင္ေနရပါၿပီ။

အသက္(၃၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မန္စီးတီး၊ QPR ကစားသမားေဟာင္း

ဘာတန္ဟာ အခုေလာေလာဆယ္ League Two ကလပ္ ဘရစၥတိုးလ္

အသင္းနည္းျပအျဖစ္ေဆာင္႐ြက္ေနၿပီး ၂၀၁၉ ခုႏွစ္တုန္းက ဘန္စေလအသင္းနဲ႔

ကစားခဲ့တဲ့ပြဲအၿပီး အဝတ္လဲခန္းထဲမွာ ၿပိဳင္ဘက္နည္းျပကို ထိုးႀကိတ္ခဲ့တာလို႔

စြပ္စြဲခံေနရတာျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္မွာ ဘာတန္က ဖလိဒ္ဝုဒ္အသင္းနည္းျပ

အျဖစ္ေဆာင္႐ြက္ေနတာျဖစ္ၿပီး သူ႔အသင္းက ဘန္စေလကို(၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို

ကစားသမားတစ္ေယာက္ပါအထုတ္ခံခဲ့ရလို႔ ေဒါသေပါက္ကြဲခဲ့တာေၾကာင့္

ဘန္စေလနည္းျပ(ေဟာင္း)ဒန္နီယဲလ္စတန္ဒဲလ္နဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တာပါ။

ဘာတန္ရဲ႕ လက္သီးစြမ္းေၾကာင့္ ဒန္နီယဲလ္စတန္ဒဲလ္ရဲ႕မ်က္ႏွာတစ္ခုလုံး

ေရာင္ကိုင္းခဲ့ရၿပီး ဒီအျဖစ္အပ်က္ကို ဘန္စေလအသင္းက ရဲတပ္ဖြဲ႕ဆီ

အေၾကာင္းၾကားခဲ့တဲ့အတြက္ ေနာက္ပိုင္းမွာ အဖမ္းခံခဲ့ရပါတယ္။ အဲဒီအျဖစ္

အပ်က္နဲ႔ပတ္သက္လို႔ ရွက္ဖီးတရား႐ုံးက ခုံ႐ုံးတင္စစ္ေဆးေနၿပီျဖစ္ၿပီး

ဘာတန္ကို ဘယ္လိုျပစ္ဒဏ္ခ်မွတ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါပဲ။

မန္စီးတီးလူငယ္အကယ္ဒမီကေနထြက္ေပၚခဲ့တဲ့ ဘာတန္ဟာ မန္စီးတီး

အသင္းမွာကစားခဲ့ခ်ိန္ကလည္း အသင္းေဖာ္ဒါဘိုနဲ႔ ေလ့က်င့္ေရးကြင္းမွ

ာျပႆနာတက္ခဲ့ၿပီး ဒါဘိုကို ျပင္းျပင္းထန္ထန္ဒဏ္ရာရခဲ့တဲ့အထိ

ထိုးႀကိတ္ခဲ့လို႔ ၂၀၀၆-၀၇ ရာသီကုန္အထိပြဲပယ္ခံခဲ့ရဖူးပါတယ္။ အရည္အခ်င္း

ရွိေပမယ့္ မလိုလားအပ္တဲ့ေဒါသေပါက္ကြဲမႈေၾကာင့္ မၾကာခဏဆိုသလို

အနီကတ္နဲ႔အထုတ္ခံခဲ့ရၿပီး သူ႔ရဲ႕ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာ

နာမည္ေကာင္းဆိုလို႔မရွိသေလာက္ျဖစ္ခဲ့ရသလို ေလာင္းကစားမႈနဲ႔ပတ္သက္

ၿပီးေတာ့လည္း ျပႆနာေတြတက္ခဲ့ပါေသးတယ္။