
နှလုံးရောဂါကြောင့် အဂူရို ဘောလုံးသမားဘဝကနေ အနားယူသွားလို
ဘာစီလိုနာအသင်းဟာ ငွေကြေးအကုန်ခံပြီးတိုက်စစ်မှူး တစ်ဦးမခေါ်နိုင်လို့
အင်တာမီလန်က အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူဖို့ဆွေးနွေးမှုတွေလုပ်နေ
တယ်ဆိုပြီး သတင်းတွေထွက် ပေါ်နေပါတယ်။ အာဆင်နယ်နဲ့ မန်ယူတို့ရဲ့
ကစားသမားဟောင်းလည်းဖြစ်တဲ့ ဆန်းချက်ဇ်ဟာ ၂၀၁၉ ဩဂုတ်လက
ဘာစီလို နာကနေ အင်တာမီလန်ကိုအငှားစာချုပ်နဲ့ပြောင်းသွားသူဖြစ်ပြီး
တစ်နှစ်အကြာမှာတော့အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ လက်ရှိနည်းပြ ဆီမြွန်နီအင်ဇာဂီ
လက်ထက်မှာပုံမှန်နေရာ မရဘဲဒီရာသီစီးရီးအေ မှာ ၂ ပွဲသာပွဲထွက်ကစားရပါသေးတယ်။
နောက်ဆုံးပွဲထွက်ကစားခဲ့တာ ကက်ဂလီယာရီကို ၄-၀ နဲ့နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး
သူကအဖွင့် ဂိုးလည်းသွင်းနိုင်ခဲ့လို့ အခုရာသီစီးရီးအေမှာသူ့အတွက်ပထမဆုံး
သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဆန်းချက်ဇ်ကိုခေါ်ယူဖို့အတွက် ဘာကာရဲ့စီစဥ်မှုဟာ
ရှုပ်ထွေးနေပြီး ဆီဗီလာကနေအငှားခေါ်ထားတဲ့ လုခ်ဒီဂျောင်ကို အသုံးချကာ
အဲဒီချီလီသားကိုခေါ်ဖို့လုပ်နေတာပါ။ သဘောကတော့ ဒီဂျောင်ကို အင်တာ
ဆီပို့၊ အင်တာကနေ ဆန်းချက်ဇ်ကိုအငှားပြန် ခေါ်မယ့်သဘောပါဘဲ။ ဒါကို
ဆီဗီလာကလည်းခွင့်ပြုထားပြီး ဒီဂျောင်ကို ရာသီကုန်ချိန်အထိပြန်မခေါ်ရရင်
ပြီးရော ဆိုတဲ့သဘော မျိုးလုပ်နေတယ်လို့ သတင်းမှာဖော်ပြပါတယ်။
အင်တာမီလန်ဟာဒီရာသီစီးရီးအေမှာခြေစွမ်းပြနေပေမယ့် ဆန်းချက်ဇ်ကတော့
ဦးစားပေးစာရင်းထဲမှာမပါ ပါဘူး။ သူတို့ဟာ ၁၇ ပွဲကစားပြီးချိန်မှာ ၄၀ မှတ်
ရရှိထားပါတယ်။ ဘာစီလိုနာကတော့ လာလီဂါ ၁၆ ပွဲကစားပြီးချိန်မှာ ၂၄ မှတ်
သာရထားလို့ အဆင့် ၈ မှာရှိနေပြီးထိပ်ဆုံးကဦးဆောင်နေတဲ့ ရီးရဲလ်မက်
ဒရစ်နဲ့ ၁၈ မှတ်ကွာ ဟနေပါတယ်။
Zawgyi
ဘတ္ဂ်က္ကမရွိ ကစားသမားက လိုခ်င္ ဇာတ္ရႈပ္ေနတဲ့ ဘာကာ
ႏွလုံးေရာဂါေၾကာင့္ အဂူ႐ို ေဘာလုံးသမားဘဝကေန အနားယူသြားလို႔
ဘာစီလိုနာအသင္းဟာ ေငြေၾကးအကုန္ခံၿပီးတိုက္စစ္မႉး တစ္ဦးမေခၚႏိုင္လို႔
အင္တာမီလန္က အလက္ဆစ္ဆန္းခ်က္ဇ္ကို ေခၚယူဖို႔ေဆြးေႏြးမႈေတြလုပ္ေန
တယ္ဆိုၿပီး သတင္းေတြထြက္ ေပၚေနပါတယ္။ အာဆင္နယ္နဲ႔ မန္ယူတို႔ရဲ႕
ကစားသမားေဟာင္းလည္းျဖစ္တဲ့ ဆန္းခ်က္ဇ္ဟာ ၂၀၁၉ ဩဂုတ္လက
ဘာစီလို နာကေန အင္တာမီလန္ကိုအငွားစာခ်ဳပ္နဲ႔ေျပာင္းသြားသူျဖစ္ၿပီး
တစ္ႏွစ္အၾကာမွာေတာ့အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္
ရွိၿပီျဖစ္တဲ့ ဆန္းခ်က္ဇ္ဟာ လက္ရွိနည္းျပ ဆီႁမြန္နီအင္ဇာဂီလက္ထက္မွာ
ပုံမွန္ေနရာ မရဘဲဒီရာသီစီးရီးေအ မွာ ၂ ပြဲသာပြဲထြက္ကစားရပါေသးတယ္။
ေနာက္ဆုံးပြဲထြက္ကစားခဲ့တာ ကက္ဂလီယာရီကို ၄-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲျဖစ္ၿပီး
သူကအဖြင့္ ဂိုးလည္းသြင္းႏိုင္ခဲ့လို႔ အခုရာသီစီးရီးေအမွာသူ႔အတြက္ပထမဆုံး
သြင္းဂိုးျဖစ္ခဲ့ပါတယ္။ ဆန္းခ်က္ဇ္ကိုေခၚယူဖို႔အတြက္ ဘာကာရဲ႕စီစဥ္မႈဟာ
ရႈပ္ေထြးေနၿပီး ဆီဗီလာကေနအငွားေခၚထားတဲ့ လုခ္ဒီေဂ်ာင္ကို အသုံးခ်ကာ
အဲဒီခ်ီလီသားကိုေခၚဖို႔လုပ္ေနတာပါ။ သေဘာကေတာ့ ဒီေဂ်ာင္ကို အင္တာ
ဆီပို႔၊ အင္တာကေန ဆန္းခ်က္ဇ္ကိုအငွားျပန္ ေခၚမယ့္သေဘာပါဘဲ။ ဒါကို
ဆီဗီလာကလည္းခြင့္ျပဳထားၿပီး ဒီေဂ်ာင္ကို ရာသီကုန္ခ်ိန္အထိျပန္မေခၚရရင္
ၿပီးေရာ ဆိုတဲ့သေဘာ မ်ိဳးလုပ္ေနတယ္လို႔ သတင္းမွာေဖာ္ျပပါတယ္။ အင္တာ
မီလန္ဟာဒီရာသီစီးရီးေအမွာေျခစြမ္းျပေနေပမယ့္ ဆန္းခ်က္ဇ္ကေတာ့
ဦးစားေပးစာရင္းထဲမွာမပါ ပါဘူး။ သူတို႔ဟာ ၁၇ ပြဲကစားၿပီးခ်ိန္မွာ ၄၀ မွတ္
ရရွိထားပါတယ္။ ဘာစီလိုနာကေတာ့ လာလီဂါ ၁၆ ပြဲကစားၿပီးခ်ိန္မွာ ၂၄ မွတ္
သာရထားလို႔ အဆင့္ ၈ မွာရွိေနၿပီးထိပ္ဆုံးကဦးေဆာင္ေနတဲ့ ရီးရဲလ္မက္
ဒရစ္နဲ႔ ၁၈ မွတ္ကြာ ဟေနပါတယ္။