ဘဏ်ချေးငွေနဲ့ ဖာရန်းတောရက်စ်ကို ၅ နှစ်စာချုပ်မယ့် ဘာကာ

မန်ချက်စတာ စီးတီးအသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ သဘော

တူညီမှု ရထားတဲ့ စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဖာရန်း

တောရက်စ်ဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ် ၂၅ကို ဝတ်ဆင်ကစား

သွားမယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဖာရန်း တောရက်စ်ကို ၅နှစ် စာချုပ် ချုပ်ဆိုဖို့

သဘောတူညီမှု ရယူထားပြီး ဖာရန်း တောရက်စ် အတွက် မန်ချက်စတာ စီးတီး

အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း + အပိုဆုကြေး ယူရို

၁၀သန်း ပေးချေရဖို့ ရှိပါတယ်။

လာလီဂါကလပ် ဘာစီလိုနာဟာ လက်ရှိမှာ ကြွေးမြီတွေရှိနေပေမဲ့၊ ဘဏ်ချေး

ငွေယူပြီး လိုအပ်နေတဲ့ အသင်းတိုက်စစ်ကို ဖြည့်တင်းဖို့ ကြိုးစားနေတာပါ။

လာလီဂါရဲ့ ဘဏ္ဍာရေး စည်းမျဉ်းအရ ဘာစီလိုနာဟာမူရင်းရှိပြီးသား ကစား

သမားတချို့ကို ထုတ်ရောင်းပြီးမှတောရက်စ်ကို တရားဝင် မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။

တောရက်စ်ဟာ ဒီရာသီ မန်စီးတီး အသင်းမှာ ၆ ပွဲသာကစားထားရပြီး၊

အောက်တိုဘာလမှာ ခြေထောက်ဒဏ်ရာရကာ အနားယူနေရသူ ဖြစ်ပါတယ်။

မန်စီးတီးမှာ စတာလင်၊ ဖိုဒန်၊ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဂျီးဆက်စ်တို့ ရှိနေတာ

ကြောင့် တောရက်စ်လည်းကစားခွင့်ရဖို့ မလွယ်ပါဘူး။ တောရက်စ်ကိုယ်တိုင်က

မန်စီးတီးကနေ ထွက်ခွာခွင့် တောင်းခဲ့သလို နည်းပြ ဂွါဒီယိုလာကလည်း ခွင့်ပြုခဲ့ပါတယ်။

Zawgyi

ဘဏ္ေခ်းေငြနဲ႔ ဖာရန္းေတာရက္စ္ကို ၅ ႏွစ္စာခ်ဳပ္မယ့္ ဘာကာ

မန္ခ်က္စတာ စီးတီးအသင္း ကေန ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ သေဘာ

တူညီမႈ ရထားတဲ့ စပိန္လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား ဖာရန္း

ေတာရက္စ္ဟာ ဘာစီလိုနာအသင္းမွာ ေက်ာနံပါတ္ ၂၅ကို ဝတ္ဆင္ကစား

သြားမယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ဖာရန္း ေတာရက္စ္ကို ၅ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔

သေဘာတူညီမႈ ရယူထားၿပီး ဖာရန္း ေတာရက္စ္ အတြက္ မန္ခ်က္စတာ စီးတီး

အသင္းထံ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၅သန္း + အပိုဆုေၾကး ယူ႐ို

၁၀သန္း ေပးေခ်ရဖို႔ ရွိပါတယ္။

လာလီဂါကလပ္ ဘာစီလိုနာဟာ လက္ရွိမွာ ေႂကြးၿမီေတြရွိေနေပမဲ့၊ ဘဏ္ေခ်း

ေငြယူၿပီး လိုအပ္ေနတဲ့ အသင္းတိုက္စစ္ကို ျဖည့္တင္းဖို႔ ႀကိဳးစားေနတာပါ။

လာလီဂါရဲ႕ ဘ႑ာေရး စည္းမ်ဥ္းအရ ဘာစီလိုနာဟာမူရင္းရွိၿပီးသား ကစား

သမားတခ်ိဳ႕ကို ထုတ္ေရာင္းၿပီးမွေတာရက္စ္ကို တရားဝင္ မွတ္ပုံတင္ႏိုင္မွာ ျဖစ္ပါတယ္။

ေတာရက္စ္ဟာ ဒီရာသီ မန္စီးတီး အသင္းမွာ ၆ ပြဲသာကစားထားရၿပီး၊

ေအာက္တိုဘာလမွာ ေျခေထာက္ဒဏ္ရာရကာ အနားယူေနရသူ ျဖစ္ပါတယ္။

မန္စီးတီးမွာ စတာလင္၊ ဖိုဒန္၊ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဂ်ီးဆက္စ္တို႔ ရွိေနတာ

ေၾကာင့္ ေတာရက္စ္လည္းကစားခြင့္ရဖို႔ မလြယ္ပါဘူး။ ေတာရက္စ္ကိုယ္တိုင္က

မန္စီးတီးကေန ထြက္ခြာခြင့္ ေတာင္းခဲ့သလို နည္းျပ ဂြါဒီယိုလာကလည္း ခြင့္ျပဳခဲ့ပါတယ္။