
စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ





စစ်ဆေးမှုတွေအပြီးမှာ ၁၅ မှတ်လျှော့ချခံခဲ့ရပြီး အဆင့် ၁၀ နေရာ
ရောက်သွားခဲ့ပြီလို့ sportbible ကဖော်ပြခဲ့ပါတယ်။





အီတလီဘောလုံးအဖွဲ့ချုပ် FIGC ရဲ့ရှေ့နေကတော့
ရင်းနှီးမှုဆိုင်ရာချိုးဖောက်တယ်လို့ ပြစ်ချက်ရှာဖွေ





တွေ့ရှိခဲ့ပြီးတဲ့နောက် ဒီရာသီမှာ အိုးလေဒီတွေကို
အမှတ်ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရာသီအစောပိုင်းမှာ





ကတည်းက ကလပ်ရဲ့ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ
စတင်ပြီးနောက် နက်ဗက်အပါအဝင် ဂျူဗင်တပ်ဘုတ်အဖွဲ့ဝင်





တစ်ခုလုံးရာထူးကနေနှုတ်ထွက်ခဲ့တာဖြစ်တယ်။
စီးရီးအေကလပ်ဟာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသက်ရောက်မှု





ရှိခဲ့တဲ့ ရာသီတွေဖြစ်တဲ့ ၂၀၂၀နဲ့ ၂၀၂၁ အတွင်း ကစားသမားတွေကို
လစာပေးချေမှုနဲ့ပက်သတ်လို့ စုံစမ်းစစ်ဆေးခံရတာပါ။





ဒီစုံစမ်းစစ်ဆေးမှုဟာ ကလပ်သမိုင်းမှာအပြင်းထန်ဆုံးဖြတ်ခဲ့ပြီး
ဂျူဗင်တပ်ကိုတန်းဆင်းစေခဲ့တဲ့ Calciopoli အရှုပ်တော်ပုံ





အကြောင်းကိုပါထည့်သွင်းစဉ်းစားခဲ့တာဖြစ်တယ်။
FIGC အစိုးရရှေ့နေက ကလပ်နဲ့ပက်သတ်တဲ့အားကစား
ဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေကိုပြန်လည်ဖွင့်လှစ်ဖို့





တောင်းဆိုချက်ကို နိုင်ငံရဲ့ ဗဟိုအယူခံရုံးကလက်ခံခဲ့တာ





ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အစိုးရရှေ့နေတွေဟာ
ဂျူဗင်တပ်ကို ၉မှတ်ဖြတ်တောက်ဖို့တောင်းဆိုခဲ့ပေမဲ့
ဒီနေရာမှာတော့ ၁၅ မှတ်ဖြတ်တောက်ခွင့်ကိုပေးအပ်ခဲ့တာဖြစ်ပြီး





ဂျူဗင်တပ်အသင်းဘက်က အယူခံဝင်ခွင့်ရှိနေတာဖြစ်တယ်။
တန်းပြန်တက်လာခဲ့ပြီးနောက စကူဒက်တိုဖလားကို





၉နှစ်ဆက်တိုက်ဆွတ်ခူးခဲ့တဲ့ အိုးလေဒီတွေဟာ လွန်ခဲ့တဲ့
၂နှစ်အတွင်းမှာ ချန်ပီယံဆုနဲ့လွဲချော်ခဲ့သလို
ဒီရာသီမှာလည်းဖြစ်နိုင်ချေမရှိသလောက်ဖြစ်သွားခဲ့ပါပြီ။





zawgyi
ဘ႑ာေရး စုံစမ္းစစ္ေဆးမႈအၿပီးမွာ ၁၅ မွတ္ျဖတ္ခံရၿပီး အဆင့္ ၁၀ ေရာက္သြားတဲ့ ဂ်ဳဗင္တပ္





စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္အသင္းဟာ ဘ႑ာေရးဆိုင္ရာ
စစ္ေဆးမႈေတြအၿပီးမွာ ၁၅ မွတ္ေလွ်ာ့ခ်ခံခဲ့ရၿပီး အဆင့္ ၁၀ ေနရာ
ေရာက္သြားခဲ့ၿပီလို႔ sportbible ကေဖာ္ျပခဲ့ပါတယ္။





အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ FIGC ရဲ႕ေရွ႕ေနကေတာ့
ရင္းႏွီးမႈဆိုင္ရာခ်ိဳးေဖာက္တယ္လို႔ ျပစ္ခ်က္ရွာေဖြ





ေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ ဒီရာသီမွာ အိုးေလဒီေတြကို
အမွတ္ျဖတ္ေတာက္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ရာသီအေစာပိုင္းမွာ
ကတည္းက ကလပ္ရဲ႕ဘ႑ာေရးဆိုင္ရာ စုံစမ္းစစ္ေဆးမႈမ်ား





စတင္ၿပီးေနာက္ နက္ဗက္အပါအဝင္ ဂ်ဴဗင္တပ္ဘုတ္အဖြဲ႕ဝင္
တစ္ခုလုံးရာထူးကေနႏႈတ္ထြက္ခဲ့တာျဖစ္တယ္။





စီးရီးေအကလပ္ဟာ ကမာၻလုံးဆိုင္ရာကပ္ေရာဂါသက္ေရာက္မႈ
ရွိခဲ့တဲ့ ရာသီေတြျဖစ္တဲ့ ၂၀၂၀နဲ႔ ၂၀၂၁ အတြင္း ကစားသမားေတြကို
လစာေပးေခ်မႈနဲ႔ပက္သတ္လို႔ စုံစမ္းစစ္ေဆးခံရတာပါ။





ဒီစုံစမ္းစစ္ေဆးမႈဟာ ကလပ္သမိုင္းမွာအျပင္းထန္ဆုံးျဖတ္ခဲ့ၿပီး
ဂ်ဴဗင္တပ္ကိုတန္းဆင္းေစခဲ့တဲ့ Calciopoli အရႈပ္ေတာ္ပုံ





အေၾကာင္းကိုပါထည့္သြင္းစဥ္းစားခဲ့တာျဖစ္တယ္။
FIGC အစိုးရေရွ႕ေနက ကလပ္နဲ႔ပက္သတ္တဲ့အားကစား
ဆိုင္ရာစုံစမ္းစစ္ေဆးမႈေတြကိုျပန္လည္ဖြင့္လွစ္ဖို႔





ေတာင္းဆိုခ်က္ကို ႏိုင္ငံရဲ႕ ဗဟိုအယူခံ႐ုံးကလက္ခံခဲ့တာ
ျဖစ္ပါတယ္။ အေစာပိုင္းမွာေတာ့ အစိုးရေရွ႕ေနေတြဟာ





ဂ်ဴဗင္တပ္ကို ၉မွတ္ျဖတ္ေတာက္ဖို႔ေတာင္းဆိုခဲ့ေပမဲ့
ဒီေနရာမွာေတာ့ ၁၅ မွတ္ျဖတ္ေတာက္ခြင့္ကိုေပးအပ္ခဲ့တာျဖစ္ၿပီး
ဂ်ဴဗင္တပ္အသင္းဘက္က အယူခံဝင္ခြင့္ရွိေနတာျဖစ္တယ္။





တန္းျပန္တက္လာခဲ့ၿပီးေနာက စကူဒက္တိုဖလားကို
၉ႏွစ္ဆက္တိုက္ဆြတ္ခူးခဲ့တဲ့ အိုးေလဒီေတြဟာ လြန္ခဲ့တဲ့





၂ႏွစ္အတြင္းမွာ ခ်န္ပီယံဆုနဲ႔လြဲေခ်ာ္ခဲ့သလို
ဒီရာသီမွာလည္းျဖစ္ႏိုင္ေခ်မရွိသေလာက္ျဖစ္သြားခဲ့ပါၿပီ။