
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဆယ်ကျော်သက်ကြယ်ပွင့် ကစားသမား ဂါဗီကို
ကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မျှော်လင့်နေပါတယ်။
အသက် (၁၇)နှစ်သာရှိသေးတဲ့ ဂါဗီဟာ ဒီရာသီမှာ ဘာစီလိုနာရဲ့
ပထမအသင်းမှာပွဲထွက် ကစားခွင့်ရလာခဲ့သလို
လာလီဂါပွဲပေါင်း ၁၅ ပွဲထိ ကစားထားခဲ့ပြီး သူ့ရဲ့ လာလီဂါ အဖွင့်ဂိုးကို
အယ်ချီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းပြ သွင်းယူခဲ့ပါတယ်။
ဘာစီလိုနာအတွက်လည်း ပြိုင်ပွဲစုံ (၄)ပွဲဆက်
နိုင်ပွဲပျောက်ဆုံးနေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ အကယ်ဒမီထွက် ဂန္တဝင်ကွင်းလယ်လူဟောင်း ဖြစ်တဲ့
နည်းပြဇာဗီ ကတော့ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဍာရေးပြဿနာတွေ
ဘယ်လိုပဲ ရင်ဆိုင်ကြုံတွေ့နေရပါစေ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်
ဒီကစားသမားလေးကို အသင်းမှာဆက်ရှိနေဖို့
စာချုပ်သစ်ရအောင် ချုပ်ဆိုထားဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇာဗီက “ ဂါဗီကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ဆိုတာ တစ်ကယ့်လိုအပ်ချက်ပါ။
ငွေကြေးလိုအပ်ချက်ရှိနေတယ်ဆိုရင်လည်း ငွေရမယ့်နည်းလမ်း ကို
အတူရှာသင့်ရင် ရှာရတော့မှာပါပဲ။သူ၊ အန်ဆု(ဖာတီ)၊ ပက်ဒရီ ၊ အရူဂျို တိုတွေက
ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားလေးတွေပါ။
ဂါဗီ ဆိုရင် အသင်းရဲ့အနာဂတ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး
သူ့ရဲ့စာချုပ်သက်တမ်းတိုးဖို့ ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”ဆိုပြီး
မာကာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဂါဗီအပြင် ၁၉ နှစ်အရွယ် နီကိုဂွန်ဇာလက်ဇ်၊ အသက် ၂၀ အရွယ်
အက်ဘ်ဒီအက်ဇဲလ်ဇူလီတို့ဟာလည်း
ဘာစီလိုနာရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ကြသူတွေဖြစ်သလို
အသင်းနဲ့ စာချုပ်သစ်ချုပ်ထားဖို့ လိုအပ်နေသူတွေလည်း ဖြစ်ပါတယ်။
နောက်ထပ် သတင်းတစ်ခုကတော့ တိုက်စစ်မှူး အဂူရိုက
ကစားသမားဘဝက ရုတ်တရက် အနားယူလိုက်ရတာကြောင့်
လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေတဲ့
ဘာစီလိုနာဟာ အာဆင်နယ်မှာ ပွဲထွက်ကစားခွင့်မရလို့
အသင်းပြောင်းချင်နေတဲ့ အူဘာမီယန်းကို အငှားနဲ့
ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
zawgyi
ဘ႑ာေရးျပႆနာေတြ ဘယ္လိုပဲ ရင္ဆိုင္ႀကဳံေတြ႕ေနရပါေစ ဂါဗီကို စာခ်ဳပ္သစ္ရေအာင္ ခ်ဳပ္ဆိုထားဖို႔ ဇာဗီတိုက္တြန္း
ဘာစီလိုနာအသင္းနည္းျပ ဇာဗီဟာ ဆယ္ေက်ာ္သက္ၾကယ္ပြင့္ ကစားသမား ဂါဗီကို
ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေမွ်ာ္လင့္ေနပါတယ္။
အသက္ (၁၇)ႏွစ္သာရွိေသးတဲ့ ဂါဗီဟာ ဒီရာသီမွာ ဘာစီလိုနာရဲ႕
ပထမအသင္းမွာပြဲထြက္ ကစားခြင့္ရလာခဲ့သလို
လာလီဂါပြဲေပါင္း ၁၅ ပြဲထိ ကစားထားခဲ့ၿပီး သူ႔ရဲ႕ လာလီဂါ အဖြင့္ဂိုးကို
အယ္ခ်ီအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေျခစြမ္းျပ သြင္းယူခဲ့ပါတယ္။
ဘာစီလိုနာအတြက္လည္း ၿပိဳင္ပြဲစုံ (၄)ပြဲဆက္
ႏိုင္ပြဲေပ်ာက္ဆုံးေနမႈကိုလည္း အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ဘာစီလိုနာ အသင္းရဲ႕ အကယ္ဒမီထြက္ ဂႏၲဝင္ကြင္းလယ္လူေဟာင္း ျဖစ္တဲ့
နည္းျပဇာဗီ ကေတာ့ဘာစီလိုနာအသင္းအေနနဲ႔ ဘ႑ာေရးျပႆနာေတြ
ဘယ္လိုပဲ ရင္ဆိုင္ႀကဳံေတြ႕ေနရပါေစ ၂၀၂၃ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္
ဒီကစားသမားေလးကို အသင္းမွာဆက္ရွိေနဖို႔
စာခ်ဳပ္သစ္ရေအာင္ ခ်ဳပ္ဆိုထားဖို႔ တိုက္တြန္းခဲ့ပါတယ္။
ဇာဗီက “ ဂါဗီကို စာခ်ဳပ္သက္တမ္း တိုးႏိုင္ဖို႔ဆိုတာ တစ္ကယ့္လိုအပ္ခ်က္ပါ။
ေငြေၾကးလိုအပ္ခ်က္ရွိေနတယ္ဆိုရင္လည္း ေငြရမယ့္နည္းလမ္း ကို
အတူရွာသင့္ရင္ ရွာရေတာ့မွာပါပဲ။သူ၊ အန္ဆု(ဖာတီ)၊ ပက္ဒရီ ၊ အ႐ူဂ်ိဳ တိုေတြက
ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ကစားသမားေလးေတြပါ။
ဂါဗီ ဆိုရင္ အသင္းရဲ႕အနာဂတ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး
သူ႔ရဲ႕စာခ်ဳပ္သက္တမ္းတိုးဖို႔ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။”ဆိုၿပီး
မာကာသတင္းဌာနကို ေျပာခဲ့ပါတယ္။
ဂါဗီအျပင္ ၁၉ ႏွစ္အ႐ြယ္ နီကိုဂြန္ဇာလက္ဇ္၊ အသက္ ၂၀ အ႐ြယ္
အက္ဘ္ဒီအက္ဇဲလ္ဇူလီတို႔ဟာလည္း
ဘာစီလိုနာရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာခဲ့ၾကသူေတြျဖစ္သလို
အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ထားဖို႔ လိုအပ္ေနသူေတြလည္း ျဖစ္ပါတယ္။
ေနာက္ထပ္ သတင္းတစ္ခုကေတာ့ တိုက္စစ္မႉး အဂူ႐ိုက
ကစားသမားဘဝက ႐ုတ္တရက္ အနားယူလိုက္ရတာေၾကာင့္
လာမယ့္ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မွာ တိုက္စစ္မႉးတစ္ဦး ေခၚယူခ်င္ေနတဲ့
ဘာစီလိုနာဟာ အာဆင္နယ္မွာ ပြဲထြက္ကစားခြင့္မရလို႔
အသင္းေျပာင္းခ်င္ေနတဲ့ အူဘာမီယန္းကို အငွားနဲ႔
ေခၚယူဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။