ဘစ်ဆာကာရဲ့ သရဲနီကစားသမားဘဝကိုရှင်သန်ခွင့်ပေးမယ်လို့ တန်ဟတ် လမ်းကြောင်းပေးပြောဆို

ဇန်နဝါရီဈေးကွက်မှာ ဘစ်ဆာကာကိုရောင်းချမယ်ဆိုတဲ့

သတင်းတွေကို ယူနိုက်တက်နည်းပြတန်ဟတ်က ပယ်ချလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ဟာ တန်ဟတ်

လက်အောက်မှာကစားခွင့်မရသလောက်ဖြစ်ခဲ့ပြီးနောက်

ဇန်နဝါရီမှာထွက်ခွာဖို့ရှိနေတယ်လို့ သတင်းပြေးခဲ့တာဖြစ်တယ်။

နယ်သာလန်သားနည်းပြဟာ ညာနောက်ခံနေရာမှာ ဒါလော့ကို

ဖိသုံးခဲ့ပြီး ဘစ်ဆာကာက လူပိုတစ်ယောက်လိုဖြစ်ခဲ့တာပါ။

၂၀၁၉ မှာ ပဲလေ့စ်ကနေ ပေါင်သန်း ၅၀ နဲ့ရောက်လာတဲ့

ဘစ်ဆာကာနေရာမှာ အစားထိုးမှုတစ်ခုလုပ်နိုင်ရင် သူ့ကို

ထွက်ခွာခွင့်ပေးလိမ့်မယ်လို့ ဗြိတိန်မီဒီယာတွေက ဆက်တိုက်

ဖော်ပြခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ ဒါလော့ဒဏ်ရာရပြီးတဲ့နောက်

ဘစ်ဆာကာရဲ့ အိုးလ်ထရက်ဖို့ဒ်အနာဂတ်က ပြန်လင်းလက်လာတာပါ။

ကမ္ဘာ့ဖလားအပြီးကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ပွဲစဉ် ၄ပွဲ စလုံး

ပြန်ကစားခွင့်ရခဲ့တဲ့ ဘစ်ဆာကာနဲ့ပက်သတ်လို့ တန်ဟတ်က

“ဒီပြဿနာတွေကို သဘောကျတယ်။ ဘစ်ဆာကာဟာ

နောက်ဆုံးပွဲအနည်းငယ်မှာ တကယ်ကိုကောင်းနေပါတယ်။

ခံစစ်ကိုတိတိကျကျကာကွယ်နိုင်တယ်။ တိုက်စစ်အတွက်လည်း

အားကိုးခဲ့ရတယ်။ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့

သူပံ့ပိုးပေးနိုင်တယ်။ ဒါဟာ အသင်းအတွက်ကောင်းမွန်တဲ့

တိုက်ပွဲတစ်ခုဖြစ်တယ်၊ ကျွန်တော်တို့မှာပွဲစဉ်တွေအများကြီး

ကစားရဖို့ရှိတာကြောင့် သူတို့အားလုံးကိုလိုအပ်ပါတယ်”

မန်ယူတီဗွီနဲ့တွေ့ဆုံမှုမှာ ပြောဆိုသွားပါတယ်။

ဆောင်းရာသီအားလပ်ရက်အပြီး ပထမဆုံးပြန်ကစားခဲ့တဲ့

ယူနိုက်တက် ၂-၀ ဘန် ကာရာဘောင်းပွဲစဉ်အပြီးမှာကတည်းက

ဘစ်ဆာကာဟာ အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ တန်ဟတ်က ဖွင့်ဟခဲ့ပါသေးတယ်။

zawgyi

ဘစ္ဆာကာရဲ႕ သရဲနီကစားသမားဘဝကိုရွင္သန္ခြင့္ေပးမယ္လို႔ တန္ဟတ္ လမ္းေၾကာင္းေပးေျပာဆို

ဇန္နဝါရီေဈးကြက္မွာ ဘစ္ဆာကာကိုေရာင္းခ်မယ္ဆိုတဲ့

သတင္းေတြကို ယူႏိုက္တက္နည္းျပတန္ဟတ္က ပယ္ခ်လိုက္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္ၾကယ္ပြင့္ဟာ တန္ဟတ္

လက္ေအာက္မွာကစားခြင့္မရသေလာက္ျဖစ္ခဲ့ၿပီးေနာက္

ဇန္နဝါရီမွာထြက္ခြာဖို႔ရွိေနတယ္လို႔ သတင္းေျပးခဲ့တာျဖစ္တယ္။

နယ္သာလန္သားနည္းျပဟာ ညာေနာက္ခံေနရာမွာ ဒါေလာ့ကို

ဖိသုံးခဲ့ၿပီး ဘစ္ဆာကာက လူပိုတစ္ေယာက္လိုျဖစ္ခဲ့တာပါ။

၂၀၁၉ မွာ ပဲေလ့စ္ကေန ေပါင္သန္း ၅၀ နဲ႔ေရာက္လာတဲ့

ဘစ္ဆာကာေနရာမွာ အစားထိုးမႈတစ္ခုလုပ္ႏိုင္ရင္ သူ႔ကို

ထြက္ခြာခြင့္ေပးလိမ့္မယ္လို႔ ၿဗိတိန္မီဒီယာေတြက ဆက္တိုက္

ေဖာ္ျပခဲ့ၾကပါတယ္။ လက္ရွိအခ်ိန္မွာ ဒါေလာ့ဒဏ္ရာရၿပီးတဲ့ေနာက္

ဘစ္ဆာကာရဲ႕ အိုးလ္ထရက္ဖို႔ဒ္အနာဂတ္က ျပန္လင္းလက္လာတာပါ။

ကမာၻ႔ဖလားအၿပီးကစားခဲ့တဲ့ ယူႏိုက္တက္ရဲ႕ပြဲစဥ္ ၄ပြဲ စလုံး

ျပန္ကစားခြင့္ရခဲ့တဲ့ ဘစ္ဆာကာနဲ႔ပက္သတ္လို႔ တန္ဟတ္က

“ဒီျပႆနာေတြကို သေဘာက်တယ္။ ဘစ္ဆာကာဟာ

ေနာက္ဆုံးပြဲအနည္းငယ္မွာ တကယ္ကိုေကာင္းေနပါတယ္။

ခံစစ္ကိုတိတိက်က်ကာကြယ္ႏိုင္တယ္။ တိုက္စစ္အတြက္လည္း

အားကိုးခဲ့ရတယ္။ အသင္းရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္နဲ႔

သူပံ့ပိုးေပးႏိုင္တယ္။ ဒါဟာ အသင္းအတြက္ေကာင္းမြန္တဲ့

တိုက္ပြဲတစ္ခုျဖစ္တယ္၊ ကြၽန္ေတာ္တို႔မွာပြဲစဥ္ေတြအမ်ားႀကီး

ကစားရဖို႔ရွိတာေၾကာင့္ သူတို႔အားလုံးကိုလိုအပ္ပါတယ္”

မန္ယူတီဗြီနဲ႔ေတြ႕ဆုံမႈမွာ ေျပာဆိုသြားပါတယ္။

ေဆာင္းရာသီအားလပ္ရက္အၿပီး ပထမဆုံးျပန္ကစားခဲ့တဲ့

ယူႏိုက္တက္ ၂-၀ ဘန္ ကာရာေဘာင္းပြဲစဥ္အၿပီးမွာကတည္းက

ဘစ္ဆာကာဟာ အသင္းရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္တယ္လို႔ တန္ဟတ္က ဖြင့္ဟခဲ့ပါေသးတယ္။