ဘင်ဖီကာတိုက်စစ်မှူး နူနက်ဇ်ကို ယူနိုက်တက်ခေါ်ယူနိုင်ရေးက ချန်ပီယံလိဂ်ဝင်ခွင့်ရ မရအပေါ် မူတည်နေ

သတင်းတွေရဲ့ဖော်ပြချက်အရ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို

ယူနိုက်တက်အသင်း ခေါ်ယူရေးကြိုးစားမှုက ချန်ပီယံလိဂ်ဝင်ခွင့်
ရ မရအပေါ် အဓိကမူတည်နေတယ်လို့ သိရပါတယ်။
ယခုရာသီမှာ အထူးခြေစွမ်းပြနေတဲ့ နူနက်ဇ်ကို ခေါ်ယူဖို့
ဥရောပအသင်းကြီးတွေက ပစ်မှတ်ထားနေတဲ့အနက်
ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်တွေလည်း ပါဝင်နေတယ်လို့

ယူဆရပြီး နူနက်ဇ်က ယခုရာသီ ၃၃ပွဲမှာ ၂၆ဂိုးအထိ သွင်းယူထားပါတယ်။
လာမယ့်နွေရာသီမှာ အမြဲတမ်းနည်းပြခန့်အပ်ဖို့ ပြင်ဆင်နေတဲ့
ယူနိုက်တက်အနေနဲ့ နူနက်ဇ်ကို ခေါ်ယူချင်တယ်ဆိုရင်
အရင်ဆုံး ယခုရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
ကြိုးစားရဖွယ်ရှိနေကြောင်း သိရပါတယ်။

The Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ
ဘင်ဖီကာအသင်းဟာ နူနက်ဇ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့
အတတ်နိုင်ဆုံး စောစောဖြေရှင်းလိုနေပြီး ကစားသမားဖြစ်သူရဲ့
အပြောင်းအရွှေ့ကနေ မြင့်မားတဲ့ပြောင်းရွှေ့ကြေး
ရရှိဖို့လည်း မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ယခုရာသီ ချန်ပီယံလိဂ်မှာ ဘင်ဖီကာနဲ့အတူ
ခြေစွမ်းပြနေတဲ့ အသက် ၂၂နှစ်အရွယ်ရှိ နူနက်ဇ်ဟာ
ရာသီသစ်မှာလည်း ချန်ပီယံလိဂ်ကစားခွင့်ရအသင်းမှာပဲ ကစားလိုနေပါတယ်။
သူဟာ အုပ်စုတွင်းမှာ ဘာစီလိုနာအသင်းဘက်
၂ ဂိုးသွင်းယူခဲ့သလို အေဂျက်စ်နဲ့ ၁၆သင်းအဆင့်ပွဲမှာလည်း

အနိုင်ဂိုးသွင်းယူခဲ့လို့ သူ့ရဲ့နာမည်ကျော်ကြားမှုက ပိုမိုထင်ရှားလာပါတယ်။
ယူနိုက်တက်အတွက် နောက်ထပ်စိန်ခေါ်မှုကတော့
နူနက်ဇ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ အာဆင်နယ်လည်း
ပါဝင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်က
ယူနိုက်တက်ကို ၄ မှတ်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ

အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အဲဒီသတင်းဌာနရဲ့ဖော်ပြချက်အရ အာဆင်နယ်အနေနဲ့
နူနက်ဇ်ကို ခေါ်ယူရေးစိတ်ဝင်စားမှုမှာ ယူနိုက်တက်ထက် ပိုနည်းပေမယ့်
နွေရာသီအတွင်း အနည်းဆုံး အထောင်တိုက်စစ်မှူးတစ်ဦး
ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဘင်ဖီကာအသင်းဟာ နူနက်ဇ်ရဲ့ပြောင်းရွှေ့ကြေးအဖြစ်
အနည်းဆုံးပေါင်သန်း ၆၀ တောင်းဆိုဖွယ်ရှိနေပြီး သူ့ကို
၂၀၂၀ နွေရာသီကမှ အယ်လ်မီရီယာအသင်းကနေ
ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပေါင်သန်း ၆၀နဲ့သာ
ရောင်းချနိုင်ခဲ့ရင် ၂ နှစ်အတွင်း ပေါင်သန်း ၄၀ အထိ

အမြတ်ထွက်မှာဖြစ်ပါတယ်။
ဥရုဂွေးလက်ရွေးစင် နူနက်ဇ် စပိန်မြေ ပြန်ရောက်ဖို့က
ဖြစ်နိုင်ခြေများနေပြီး အက်သလက်တီကိုအသင်းက
သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi

ဘင္ဖီကာတုိက္စစ္မွဴး ႏူနက္ဇ္ကို ယူႏုိက္တက္ေခၚယူႏိုင္ေရးက ခ်န္ပီယံလိဂ္၀င္ခြင့္ရ မရအေပၚ မူတည္ေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘင္ဖီကာတုိက္စစ္မွဴး ဒါ၀င္ႏူနက္ဇ္ကို
ယူႏုိက္တက္အသင္း ေခၚယူေရးႀကိဳးစားမႈက ခ်န္ပီယံလိဂ္၀င္ခြင့္

ရ မရအေပၚ အဓိကမူတည္ေနတယ္လုိ႔ သိရပါတယ္။
ယခုရာသီမွာ အထူးေျခစြမ္းျပေနတဲ့ ႏူနက္ဇ္ကို ေခၚယူဖို႔
ဥေရာပအသင္းႀကီးေတြက ပစ္မွတ္ထားေနတဲ့အနက္
ယူႏုိက္တက္ရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြလည္း ပါ၀င္ေနတယ္လုိ႔
ယူဆရၿပီး ႏူနက္ဇ္က ယခုရာသီ ၃၃ပြဲမွာ ၂၆ဂုိးအထိ သြင္းယူထားပါတယ္။

လာမယ့္ေႏြရာသီမွာ အၿမဲတမ္းနည္းျပခန္႔အပ္ဖို႔ ျပင္ဆင္ေနတဲ့
ယူႏိုက္တက္အေနနဲ႔ ႏူနက္ဇ္ကို ေခၚယူခ်င္တယ္ဆိုရင္
အရင္ဆုံး ယခုရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔
ႀကိဳးစားရဖြယ္ရွိေနေၾကာင္း သိရပါတယ္။
The Telegraph သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ

ဘင္ဖီကာအသင္းဟာ ႏူနက္ဇ္ရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔
အတတ္ႏိုင္ဆုံး ေစာေစာေျဖရွင္းလုိေနၿပီး ကစားသမားျဖစ္သူရဲ႕
အေျပာင္းအေရႊ႕ကေန ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကး
ရရွိဖို႔လည္း ေမွ်ာ္လင့္ထားတယ္လုိ႔ သိရပါတယ္။
ယခုရာသီ ခ်န္ပီယံလိဂ္မွာ ဘင္ဖီကာနဲ႔အတူ

ေျခစြမ္းျပေနတဲ့ အသက္ ၂၂ႏွစ္အရြယ္ရွိ ႏူနက္ဇ္ဟာ
ရာသီသစ္မွာလည္း ခ်န္ပီယံလိဂ္ကစားခြင့္ရအသင္းမွာပဲ ကစားလုိေနပါတယ္။
သူဟာ အုပ္စုတြင္းမွာ ဘာစီလုိနာအသင္းဘက္
၂ ဂိုးသြင္းယူခဲ့သလို ေအဂ်က္စ္နဲ႔ ၁၆သင္းအဆင့္ပြဲမွာလည္း
အႏိုင္ဂုိးသြင္းယူခဲ့လုိ႔ သူ႕ရဲ႕နာမည္ေက်ာ္ၾကားမႈက ပိုမိုထင္ရွားလာပါတယ္။

ယူႏုိက္တက္အတြက္ ေနာက္ထပ္စိန္ေခၚမႈကေတာ့
ႏူနက္ဇ္ကို ေခၚယူလုိတဲ့အသင္းေတြထဲမွာ အာဆင္နယ္လည္း
ပါ၀င္ေနတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အာဆင္နယ္က
ယူႏုိက္တက္ကို ၄ မွတ္ျဖတ္ကာ ခ်န္ပီယံလိဂ္၀င္ခြင့္ရ
အဆင့္ ၄ ေနရာမွာ ရပ္တည္ေနပါတယ္။

အဲဒီသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အေနနဲ႔
ႏူနက္ဇ္ကို ေခၚယူေရးစိတ္၀င္စားမႈမွာ ယူႏုိက္တက္ထက္ ပိုနည္းေပမယ့္
ေႏြရာသီအတြင္း အနည္းဆုံး အေထာင္တုိက္စစ္မွဴးတစ္ဦး
ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။
ဘင္ဖီကာအသင္းဟာ ႏူနက္ဇ္ရဲ႕ေျပာင္းေရႊ႕ေၾကးအျဖစ္

အနည္းဆံုးေပါင္သန္း ၆၀ ေတာင္းဆိုဖြယ္ရိွေနၿပီး သူ႕ကို
၂၀၂၀ ေႏြရာသီကမွ အယ္လ္မီရီယာအသင္းကေန
ေပါင္သန္း ၂၀ နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ေပါင္သန္း ၆၀နဲ႔သာ
ေရာင္းခ်ႏိုင္ခဲ့ရင္ ၂ ႏွစ္အတြင္း ေပါင္သန္း ၄၀ အထိ
အျမတ္ထြက္မွာျဖစ္ပါတယ္။

ဥရုေဂြးလက္ေရြးစင္ ႏူနက္ဇ္ စပိန္ေျမ ျပန္ေရာက္ဖို႔က
ျဖစ္ႏုိင္ေျခမ်ားေနၿပီး အက္သလက္တီကိုအသင္းက
သူ႕ကို ေခၚယူဖုိ႔ စိတ္၀င္စားေနပါတယ္။