ဘက်ဟမ်းကိုချစ်လို့ အင်္ဂလန်ကိုအားပေးတာ…ငါတို့ပရိသတ်အတုမဟုတ်ဘူးလို့ အိန္ဒိယသားတွေဒဲ့ရွှေ့ပြီ

ကာတာဟာ ထောင်ပေါင်းများစွာသော ပရိသတ်အတုအယောင်တွေကို ငွေပေးဖန်တီးပြီး နိုင်ငံအသီးသီးက ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အသင်းတွေရဲ့ပရိသတ်တွေအဖြစ်အတုအယောင်

သဘောစေခိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကီရာလာပြည်နယ် ပရိတ်သတ်တွေဟာ ကာတာရောက်လာတဲ့ အင်္ဂလန်အသင်းကိုကြိုဆိုခဲ့ပြီး

သူတို့ဟာပရိသတ်အတုတွေမဟုတ်ကြဘူးလို့အသိပေးလိုက်ပါတယ်။ ဒီပရိသတ်တွေဟာ ကာတာနိုင်ငံဒိုဟာမှာ အမှန်တကယ်နေထိုင်တဲ့ အိန္ဒိယလူလတ်တန်းစား

ကီရာလာပြည်နယ်ပရိတ်သတ်တွေဖြစ်ပြီး Souk Al-Wakrah ဟိုတယ်အပြင်ဘက်မှာရပ်နေတဲ့သူတို့ဟာ လိုက်ဖက်မယ့် အဝတ်အစားနဲ့ လက်မှတ်တွေကို

ကိုယ်တိုင်ဝယ်ယူခဲ့တာဖြစ်တယ်လို့ The Telegraph ကဖော်ပြခဲ့ပါတယ်။ ပရိသတ်တစ်ယောက်က သူတို့ရဲ့အစုအဖွဲ့ထဲမှာ အင်္ဂလန်ပရိသတ် ၅၀၀လောက်ရှိတယ်လို့

The Telegraph သတင်းစာကို ပေါ်တင်ပြောဆိုလိုက်ပါတယ်။ “ဘက်ဟမ်းကစားသမားဘဝတုန်းက သဘောကျခဲ့လို့ ကျွန်တော်တို့အများစုက အင်္ဂလန်ကိုအားပေးကြပါတယ်။

သူ့ကြောင့် အင်္ဂလန်ပရိသတ်ဖြစ်ခဲ့တာပါ။ ငါတို့က အတုအယောင်တွေလို့ သတင်းထွက်လာတဲ့အပေါ်အံ့အားသင့်မိပြီး ဘယ်သူ့ဆီကလာတာလည်းမသိပါဘူး”

လို့ တုံ့ပြန်လိုက်ပါတယ်။ အန်နက်စ်ဟာမတ်ဆိုတဲ့ ပရိသတ်ကတော့ သူတို့ဟာ အင်္ဂလန်ဖန်အစစ်တွေဖြစ်ပြီး အားပေးဖို့အတွက်ဘယ်သူ့ဆီကမှငွေမယူခဲ့ဘူးလို့ The Telegraph နဲ့

တွေ့ဆုံမှုမှာပြောဆိုခဲ့ပါတယ်။ လမ်းမပေါ်ရှိနေတဲ့ ပရိသတ်နောက်တစ်ယောက်ကလည်း Fox Sports သတင်းထောက်တစ်ဦးကို “ဒီသတင်းကအတုအယောင်သက်သက်ဖြစ်ပြီး

တစ်ယောက်ယောက်ကငွေမေပေးခဲ့ဘူးဆိုတာကျယ်ကျယ်ပြန့်ပြန့်ပြောချင်တယ်။ ကျွန်တော်တို့က အင်္ဂလန်ပရိသတ်တွေပါ။ ကလေးဘဝကတည်းက ငါအကြိုက်ဆုံး ဒေးဗစ်ဘက်ဟမ်းပါ။

ငါတို့ထဲမှာ ဝိန်းရွန်နီနဲ့ မိုက်ကယ်အိုဝင်ဖန်တွေလည်းရှိနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ဘက္ဟမ္းကိုခ်စ္လို႔ အဂၤလန္ကိုအားေပးတာ…ငါတို႔ပရိသတ္အတုမဟုတ္ဘူးလို႔ အိႏၵိယသားေတြဒဲ့ေ႐ႊ႕ၿပီ

ကာတာဟာ ေထာင္ေပါင္းမ်ားစြာေသာ ပရိသတ္အတုအေယာင္ေတြကိုေငြေပးဖန္တီးၿပီး ႏိုင္ငံအသီးသီးက ခ်န္ပီယံျဖစ္ႏိုင္ေျခရွိတဲ့အသင္းေတြရဲ႕ပရိသတ္ေတြအျဖစ္အတုအေယာင္သေဘာေစခိုင္းခဲ့တယ္လို႔စြပ္စြဲခံထားရပါတယ္။

ဒါေပမဲ့ အိႏၵိယႏိုင္ငံကီရာလာျပည္နယ္ပရိတ္သတ္ေတြဟာ ကာတာေရာက္လာတဲ့ အဂၤလန္အသင္းကိုႀကိဳဆိုခဲ့ၿပီး သူတို႔ဟာပရိသတ္အတုေတြမဟုတ္ၾကဘူးလို႔အသိေပးလိုက္ပါတယ္။

ဒီပရိသတ္ေတြဟာ ကာတာႏိုင္ငံဒိုဟာမွာ အမွန္တကယ္ေနထိုင္တဲ့ အိႏၵိယလူလတ္တန္းစား ကီရာလာျပည္နယ္ပရိတ္သတ္ေတြျဖစ္ၿပီး Souk Al-Wakrah ဟိုတယ္အျပင္ဘက္မွာရပ္ေနတဲ့သူတို႔ဟာ

လိုက္ဖက္မယ့္ အဝတ္အစားနဲ႔ လက္မွတ္ေတြကိုကိုယ္တိုင္ဝယ္ယူခဲ့တာျဖစ္တယ္လို႔ The Telegraph ကေဖာ္ျပခဲ့ပါတယ္။ ပရိသတ္တစ္ေယာက္က သူတို႔ရဲ႕အစုအဖြဲ႕ထဲမွာ အဂၤလန္ပရိသတ္ ၅၀၀ေလာက္ရွိတယ္လို႔

The Telegraph သတင္းစာကို ေပၚတင္ေျပာဆိုလိုက္ပါတယ္။ “ဘက္ဟမ္းကစားသမားဘဝတုန္းက သေဘာက်ခဲ့လို႔ ကြၽန္ေတာ္တို႔အမ်ားစုက အဂၤလန္ကိုအားေပးၾကပါတယ္။

သူ႔ေၾကာင့္ အဂၤလန္ပရိသတ္ျဖစ္ခဲ့တာပါ။ ငါတို႔က အတုအေယာင္ေတြလို႔ သတင္းထြက္လာတဲ့အေပၚအံ့အားသင့္မိၿပီး ဘယ္သူ႔ဆီကလာတာလည္းမသိပါဘူး” လို႔ တုံ႔ျပန္လိုက္ပါတယ္။

အန္နက္စ္ဟာမတ္ဆိုတဲ့ ပရိသတ္ကေတာ့ သူတို႔ဟာ အဂၤလန္ဖန္အစစ္ေတြျဖစ္ၿပီး အားေပးဖို႔အတြက္ဘယ္သူ႔ဆီကမွေငြမယူခဲ့ဘူးလို႔ The Telegraph နဲ႔ေတြ႕ဆုံမႈမွာေျပာဆိုခဲ့ပါတယ္။

လမ္းမေပၚရွိေနတဲ့ ပရိသတ္ေနာက္တစ္ေယာက္ကလည္း Fox Sports သတင္းေထာက္တစ္ဦးကို

“ဒီသတင္းကအတုအေယာင္သက္သက္ျဖစ္ၿပီး တစ္ေယာက္ေယာက္ကေငြေမေပးခဲ့ဘူးဆိုတာက်ယ္က်ယ္ျပန႔္ျပန႔္ေျပာခ်င္တယ္။

ကြၽန္ေတာ္တို႔က အဂၤလန္ပရိသတ္ေတြပါ။ ကေလးဘဝကတည္းက ငါအႀကိဳက္ဆုံး ေဒးဗစ္ဘက္ဟမ္းပါ။ ငါတို႔ထဲမွာ ဝိန္း႐ြန္နီနဲ႔ မိုက္ကယ္အိုဝင္ဖန္ေတြလည္းရွိေနပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။