
လက်စတာနဲ့ပရီးမီးယားလိဂ်ပွဲမှာ စပါးအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့
နယ်သာလန်တောင်ပံကစားသမားဘက်ဝင်းက
အဲဒီပွဲက စွမ်းဆောင်ရည်ဟာ သူ့အတွက် အိပ်မက်လိုပဲလို့ ဖွင့်ဟလိုက်ပါတယ်။
စပါးအသင်းဟာ အဲဒီပွဲမှာ နာကျင်အချိန်ပိုအရောက် ၂-၁ နဲ့ရှုံးနေပေမယ့်
လူစားဝင်ဘက်ဝင်းက နာကျင်အချိန်ပိုနောက်ဆုံးမိနစ်တွေမှာ
ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းသွားခဲ့တာပါ။
စပါးအသင်းနည်းပြကွန်တီဟာ ၇၉ မိနစ်အရောက်မှာ ဘက်ဝင်းကို
လူစားသွင်းခဲ့တာဖြစ်ပြီး အဲဒီနယ်သာလန်သားက
နာကျင်အချိန်ပို ၅ မိနစ်နဲ့ ၇ မိနစ်တို့မှာ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
ဘက်ဝင်းရဲ့ဂိုးတွေကြောင့်လည်း စပါးဟာ ကွန်တီလက်ထက်
ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးပါဘူး။
ဒါ့အပြင် ဘက်ဝင်းရဲ့ဂိုးတွေက ပရီးမီးယားလိဂ်သမိုင်းမှာ
နောက်အကျဆုံးပြန်လာနိုင်မှု ဖြစ်ခဲ့ပါတယ်။
အဲဒီပွဲမှာ စပါးဟာ ၉၄ မိနစ် ၅၂ စက္ကန့်မှာ ရှုံးနေတာဖြစ်ပြီး
အရင်စံချိန်ကတော့ မန်စီးတီးက ကျူပီအာကို အနိုင်ရပြီး
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၂ မှာဖြစ်ကာ
အဲဒီတုန်းက ၉၁ မိနစ် ၁၄ စက္ကန့်အရောက် ရှုံးနေရာကနေ နိုင်ခဲ့တာပါ။
”အဲဒါက သိပ်ကောင်းလွန်းပါတယ်။ ပရိသတ်တွေဟာ
သိပ်ကောင်းတဲ့နေ့တစ်နေ့ကို ရခဲ့တာပါ။
ကျွန်တော် ၂ ဂိုးသွင်းခဲ့လို့ ပျော်ရွှင်မိပါတယ်။ လူစားမဝင်ခင်မှာ
နည်းပြက ဂိုးတွေသွင်းဖို့၊ ပြိုင်ဘက်နောက်ခံလူတွေ
အခက်အခဲဖြစ်အောင် လုပ်ဖို့နဲ့ ဟယ်ရီကိန်းနားမှာနေဖို့
ကျွန်တော့်ကို မှာခဲ့ပါတယ်။ အခုလိုပွဲတစ်ပွဲကို
အလှည့်အပြောင်းဖြစ်စေတာဟာ လူငယ်လေးတိုင်းအတွက်
အိပ်မက်ပဲပေါ့”လို့ ပွဲအပြီးမှာ ဘက်ဝင်းက ပြောခဲ့ပါတယ်။
ဘက်ဝင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၃ ပွဲသာ ပွဲထွက်ခွင့်ရထားသလို
ကွန်တီလက်ထက် ၁၁ ပွဲမှာလည်း တစ်ပွဲမှ ပွဲထွက်ပါရခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ ကွန်တီကတော့ သူ့ရဲ့အစီအစဉ်ထဲမှာ
ဘက်ဝင်းပါဝင်ကြောင်း ပွဲအပြီးမှာ အခိုင်အမာပြောခဲ့ပါတယ်။
zawgyi
ဘက္ဝင္းက လူစားဝင္ၿပီး နာက်င္အခ်ိန္ပိုမွာ ၂ ဂိုးသြင္းခဲ့တာဟာ သူ႔အတြက္ အိပ္မက္လိုပဲလို႔ ဖြင့္ဟ
လက္စတာနဲ႔ပရီးမီးယားလိဂ္ပြဲမွာ စပါးအတြက္ သူရဲေကာင္းျဖစ္ခဲ့တဲ့
နယ္သာလန္ေတာင္ပံကစားသမားဘက္ဝင္းက
အဲဒီပြဲက စြမ္းေဆာင္ရည္ဟာ သူ႔အတြက္ အိပ္မက္လိုပဲလို႔ ဖြင့္ဟလိုက္ပါတယ္။
စပါးအသင္းဟာ အဲဒီပြဲမွာ နာက်င္အခ်ိန္ပိုအေရာက္ ၂-၁ နဲ႔ရႈံးေနေပမယ့္
လူစားဝင္ဘက္ဝင္းက နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္ေတြမွာ
ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြသြင္းသြားခဲ့တာပါ။
စပါးအသင္းနည္းျပကြန္တီဟာ ၇၉ မိနစ္အေရာက္မွာ ဘက္ဝင္းကို
လူစားသြင္းခဲ့တာျဖစ္ၿပီး အဲဒီနယ္သာလန္သားက
နာက်င္အခ်ိန္ပို ၅ မိနစ္နဲ႔ ၇ မိနစ္တို႔မွာ ဂိုးသြင္းခဲ့တာ ျဖစ္ပါတယ္။
ဘက္ဝင္းရဲ႕ဂိုးေတြေၾကာင့္လည္း စပါးဟာ ကြန္တီလက္ထက္
ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေသးပါဘူး။
ဒါ့အျပင္ ဘက္ဝင္းရဲ႕ဂိုးေတြက ပရီးမီးယားလိဂ္သမိုင္းမွာ
ေနာက္အက်ဆုံးျပန္လာႏိုင္မႈ ျဖစ္ခဲ့ပါတယ္။
အဲဒီပြဲမွာ စပါးဟာ ၉၄ မိနစ္ ၅၂ စကၠန႔္မွာ ရႈံးေနတာျဖစ္ၿပီး
အရင္စံခ်ိန္ကေတာ့ မန္စီးတီးက က်ဴပီအာကို အႏိုင္ရၿပီး
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၂ မွာျဖစ္ကာ
အဲဒီတုန္းက ၉၁ မိနစ္ ၁၄ စကၠန႔္အေရာက္ ရႈံးေနရာကေန ႏိုင္ခဲ့တာပါ။
”အဲဒါက သိပ္ေကာင္းလြန္းပါတယ္။ ပရိသတ္ေတြဟာ
သိပ္ေကာင္းတဲ့ေန႔တစ္ေန႔ကို ရခဲ့တာပါ။
ကြၽန္ေတာ္ ၂ ဂိုးသြင္းခဲ့လို႔ ေပ်ာ္႐ႊင္မိပါတယ္။ လူစားမဝင္ခင္မွာ
နည္းျပက ဂိုးေတြသြင္းဖို႔၊ ၿပိဳင္ဘက္ေနာက္ခံလူေတြ
အခက္အခဲျဖစ္ေအာင္ လုပ္ဖို႔နဲ႔ ဟယ္ရီကိန္းနားမွာေနဖို႔
ကြၽန္ေတာ့္ကို မွာခဲ့ပါတယ္။ အခုလိုပြဲတစ္ပြဲကို
အလွည့္အေျပာင္းျဖစ္ေစတာဟာ လူငယ္ေလးတိုင္းအတြက္
အိပ္မက္ပဲေပါ့”လို႔ ပြဲအၿပီးမွာ ဘက္ဝင္းက ေျပာခဲ့ပါတယ္။
ဘက္ဝင္းဟာ ဒီရာသီပရီးမီးယားလိဂ္ ၃ ပြဲသာ ပြဲထြက္ခြင့္ရထားသလို
ကြန္တီလက္ထက္ ၁၁ ပြဲမွာလည္း တစ္ပြဲမွ ပြဲထြက္ပါရျခင္း မရွိေသးပါဘူး။
ဒါေပမဲ့ ကြန္တီကေတာ့ သူ႔ရဲ႕အစီအစဥ္ထဲမွာ
ဘက္ဝင္းပါဝင္ေၾကာင္း ပြဲအၿပီးမွာ အခိုင္အမာေျပာခဲ့ပါတယ္။