ဘက်ပီ+မက်ဆီ= Go o o o a l…

ပီအက်စ်ဂျီဟာ သောကြာညက ကစားခဲ့တဲ့ ရန်းနက်စ်နဲ့လီဂူးပွဲစဉ်မှာ

သရေကျမလိုဖြစ်ခဲ့ပေမယ့် အသင်းစူပါစတားနှစ်ယောက်ရဲ့တွဲဖက်စွမ်းဆောင်မှုနဲ့

နောက်ဆုံးမိနစ်အနိုင်ဂိုးရရှိသွားခဲ့ပါတယ်။ နောက်ပိုင်းရာသီတွေအတွင်း

တွေ့ဆုံမှုတွေမှာ သူတို့ကို အခက်တွေ့စေခဲ့တဲ့ရန်းနက်စ်ဟာ ပီအက်စ်ဂျီကို

ဒီတစ်ကြိမ်မှာလည်း ဒုက္ခပေးနိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တာပါ။

ပွဲပြီးခါနီးနာကျင်အချိန်ပို ၉၂ မိနစ်အထိ ပီအက်စ်ဂျီကို ဂိုးမရှိသရေကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဒါပေမဲ့ ၉၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် ပီအက်စ်ဂျီဟာ

တစ်လုံးတည်းသောအနိုင်ဂိုးရသွားခဲ့ပါတယ်။

အဲဒီဂိုးမှာ မက်ဆီဟာ ဘယ်ခြမ်းကနေ ပြေးတက်သွားတဲ့ အမ်ဘက်ပီဆီ

ဘောလုံးထိုးပေးလိုက်ပါတယ်။ မက်ဆီပေးတဲ့ဘောလုံးကို အမ်ဘက်ပီက

တစ်ချက်ထိန်းပြီးတော့ ဂိုးတိုင်ညာဘက်ထောင့်ထဲ ကန်သွင်းခဲ့တာပါ။

အဲဒါဟာ တစ်ပွဲလုံးမှာ ပီအက်စ်ဂျီရဲ့တစ်ခုတည်းသော ဂိုးပေါက်တည့်ကန်ချက်လည်း

ဖြစ်ပါတယ်။ အမ်ဘက်ပီရဲ့အဲဒီဂိုးဟာ ဒီရာသီလီဂူးမှာ သူ့ရဲ့၁၂ ဂိုးမြောက်သွင်းဂိုးလည်း

ဖြစ်ပါတယ်။


မက်ဆီကတော့ ပီအက်စ်ဂျီအတွက် လီဂူး ၁၄ ပွဲမှာ ၈ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး

သူဟာ နောက်ဆုံးလီဂူး ၃ ပွဲမှာ ၁ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

အဲဒီနိုင်ပွဲနဲ့အတူ ပီအက်စ်ဂျီဟာ ဒုတိယနေရာက မာဆေးကို ၁၆ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ လာမယ့်ကြားရက်မှာ ရီးရဲလ်နဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့

အိမ်ကွင်းပွဲစဉ်ကို ကစားရမှာပါ။ အဲဒီပွဲမတိုင်ခင် မက်ဆီနဲ့အမ်ဘက်ပီတို့

ပေါင်းစပ်ဂိုးသွင်းနိုင်ခဲ့တာဟာ သူတို့အတွက် အားတက်စရာဖြစ်ပါလိမ့်မယ်။

Zawgyi

ဘက္ပီ+မက္ဆီ= Go o o o a l…

ပီအက္စ္ဂ်ီဟာ ေသာၾကာညက ကစားခဲ့တဲ့ ရန္းနက္စ္နဲ႔လီဂူးပြဲစဥ္မွာ

သေရက်မလိုျဖစ္ခဲ့ေပမယ့္ အသင္းစူပါစတားႏွစ္ေယာက္ရဲ႕တြဲဖက္စြမ္းေဆာင္မႈနဲ႔

ေနာက္ဆုံးမိနစ္အႏိုင္ဂိုးရရွိသြားခဲ့ပါတယ္။ ေနာက္ပိုင္းရာသီေတြအတြင္း

ေတြ႕ဆုံမႈေတြမွာ သူတို႔ကို အခက္ေတြ႕ေစခဲ့တဲ့ရန္းနက္စ္ဟာ ပီအက္စ္ဂ်ီကို

ဒီတစ္ႀကိမ္မွာလည္း ဒုကၡေပးႏိုင္ဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့တာပါ။

ပြဲၿပီးခါနီးနာက်င္အခ်ိန္ပို ၉၂ မိနစ္အထိ ပီအက္စ္ဂ်ီကို ဂိုးမရွိသေရကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ ၉၃ မိနစ္မွာ တန္ျပန္တိုက္စစ္ကတစ္ဆင့္ ပီအက္စ္ဂ်ီဟာ

တစ္လုံးတည္းေသာအႏိုင္ဂိုးရသြားခဲ့ပါတယ္။

အဲဒီဂိုးမွာ မက္ဆီဟာ ဘယ္ျခမ္းကေန ေျပးတက္သြားတဲ့ အမ္ဘက္ပီဆီ

ေဘာလုံးထိုးေပးလိုက္ပါတယ္။ မက္ဆီေပးတဲ့ေဘာလုံးကို အမ္ဘက္ပီက

တစ္ခ်က္ထိန္းၿပီးေတာ့ ဂိုးတိုင္ညာဘက္ေထာင့္ထဲ ကန္သြင္းခဲ့တာပါ။

အဲဒါဟာ တစ္ပြဲလုံးမွာ ပီအက္စ္ဂ်ီရဲ႕တစ္ခုတည္းေသာ ဂိုးေပါက္တည့္ကန္ခ်က္လည္း

ျဖစ္ပါတယ္။ အမ္ဘက္ပီရဲ႕အဲဒီဂိုးဟာ ဒီရာသီလီဂူးမွာ သူ႔ရဲ႕၁၂ ဂိုးေျမာက္သြင္းဂိုးလည္း

ျဖစ္ပါတယ္။

မက္ဆီကေတာ့ ပီအက္စ္ဂ်ီအတြက္ လီဂူး ၁၄ ပြဲမွာ ၈ ဂိုးဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး

သူဟာ ေနာက္ဆုံးလီဂူး ၃ ပြဲမွာ ၁ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။

အဲဒီႏိုင္ပြဲနဲ႔အတူ ပီအက္စ္ဂ်ီဟာ ဒုတိယေနရာက မာေဆးကို ၁၆ မွတ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ လာမယ့္ၾကားရက္မွာ ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့

အိမ္ကြင္းပြဲစဥ္ကို ကစားရမွာပါ။ အဲဒီပြဲမတိုင္ခင္ မက္ဆီနဲ႔အမ္ဘက္ပီတို႔

ေပါင္းစပ္ဂိုးသြင္းႏိုင္ခဲ့တာဟာ သူတို႔အတြက္ အားတက္စရာျဖစ္ပါလိမ့္မယ္။