
လေ့ကျင့်ရေးကွင်းက ဒဏ်ရာကြောင့် ပီအက်စ်ဂျီစူပါစတားအမ်ဘက်ပီဟာ
ရီးရဲလ်နဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို
ပါဝင်ကစားနိုင်ဖု့ိ မသေချာဖြစ်နေပါတယ်။
အဲဒီအတွက် သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော်တစ်ယောက်ဟာ
ဆိုရှယ်မီဒီယာထက်မှာ အပြစ်ရှာခံနေရတာပါ။
လွန်ခဲ့တဲ့ ၂ ပတ်က ပဲရစ်မှာ ရီးရဲလ်နဲ့ပထမအကျော့ကန်ခဲ့တော့
အမ်ဘက်ပီဟာ အဆုံးအဖြတ်ကစားသမားဖြစ်ခဲ့ပြီး နောက်ဆုံးမိနစ်မှာ
ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရီးရဲလ်နဲ့ဒုတိယအကျော့မှာ သူပါဝင်နိုင်ဖို့က
ပီအက်စ်ဂျီအတွက် အရေးကြီးနေတာပါ။
ဒါပေမဲ့လည်း ၂၃ နှစ်အရွယ် အဲဒီပြင်သစ်ဟာ ပီအက်စ်ဂျီရဲ့
တနင်္လာနေ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရသွားပါတယ်။
အမ်ဘက်ပီဟာ အသင်းဖော်ဖြစ်တဲ့ကွင်းလယ်လူဂူယီရဲ့
ဖျက်ထုတ်မှုကြောင့် အခုလို ဒဏ်ရာရသွားခဲ့တာပါ။
အဲဒါဟာ ပီအက်စ်ဂျီပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပြီး
ဒီ့အတွက် အဲဗာတန်ကစားသမားဟောင်းဂူယီကို
ဆိုရှယ်မီဒီယာထက်မှာ ဆဲဆိုနေကြပါတယ်။
ပရိသတ်တွေရဲ့ဆဲဆိုတဲ့မက်ဆေ့ချ်တွေလက်ခံရရှိနေတာကြောင့်လည်း
ဂူယီနဲ့ဇနီးဖြစ်သူတို့ဟာ သူတို့ရဲ့Instagram အကောင့်တွေမှာ မိန့်ပိတ်ထားရပါတယ်။
ဂူယီဟာ ပီအက်စ်ဂျီကစားသမားဘဝမှာလည်း ခြေစွမ်းပြနိုင်နေသူတစ်ယောက်ပါ။
အမ်ဘက်ပီကတော့ ဒီရာသီပီအက်စ်ဂျီမှာ ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး
သူမပါနိုင်တဲ့ပွဲတွေမှာလည်း အသင်းဟာ ရလဒ်အရ ရုန်းကန်ရတတ်ပါတယ်။
zawgyi
ဘက္ပီကို ဒဏ္ရာရေအာင္လုပ္မိလို႔ သူတို႔ရဲ႕Instagram အေကာင့္ေတြမွာ မိန႔္ပိတ္ထားရတဲ့ ဂူယီနဲ႔ဇနီး
ေလ့က်င့္ေရးကြင္းက ဒဏ္ရာေၾကာင့္ ပီအက္စ္ဂ်ီစူပါစတားအမ္ဘက္ပီဟာ
ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ကို
ပါဝင္ကစားႏိုင္ဖု႔ိ မေသခ်ာျဖစ္ေနပါတယ္။
အဲဒီအတြက္ သူ႔ရဲ႕ပီအက္စ္ဂ်ီအသင္းေဖာ္တစ္ေယာက္ဟာ
ဆိုရွယ္မီဒီယာထက္မွာ အျပစ္ရွာခံေနရတာပါ။
လြန္ခဲ့တဲ့ ၂ ပတ္က ပဲရစ္မွာ ရီးရဲလ္နဲ႔ပထမအေက်ာ့ကန္ခဲ့ေတာ့
အမ္ဘက္ပီဟာ အဆုံးအျဖတ္ကစားသမားျဖစ္ခဲ့ၿပီး ေနာက္ဆုံးမိနစ္မွာ
ပီအက္စ္ဂ်ီအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို သြင္းေပးခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ရီးရဲလ္နဲ႔ဒုတိယအေက်ာ့မွာ သူပါဝင္ႏိုင္ဖို႔က
ပီအက္စ္ဂ်ီအတြက္ အေရးႀကီးေနတာပါ။
ဒါေပမဲ့လည္း ၂၃ ႏွစ္အ႐ြယ္ အဲဒီျပင္သစ္ဟာ ပီအက္စ္ဂ်ီရဲ႕
တနလၤာေန႔ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာရသြားပါတယ္။
အမ္ဘက္ပီဟာ အသင္းေဖာ္ျဖစ္တဲ့ကြင္းလယ္လူဂူယီရဲ႕
ဖ်က္ထုတ္မႈေၾကာင့္ အခုလို ဒဏ္ရာရသြားခဲ့တာပါ။
အဲဒါဟာ ပီအက္စ္ဂ်ီပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခဲ့ၿပီး
ဒီ့အတြက္ အဲဗာတန္ကစားသမားေဟာင္းဂူယီကို ဆိုရွယ္မီဒီယာထက္မွာ ဆဲဆိုေနၾကပါတယ္။
ပရိသတ္ေတြရဲ႕ဆဲဆိုတဲ့မက္ေဆ့ခ်္ေတြလက္ခံရရွိေနတာေၾကာင့္လည္း
ဂူယီနဲ႔ဇနီးျဖစ္သူတို႔ဟာ သူတို႔ရဲ႕Instagram အေကာင့္ေတြမွာ မိန႔္ပိတ္ထားရပါတယ္။
ဂူယီဟာ ပီအက္စ္ဂ်ီကစားသမားဘဝမွာလည္း ေျခစြမ္းျပႏိုင္ေနသူတစ္ေယာက္ပါ။
အမ္ဘက္ပီကေတာ့ ဒီရာသီပီအက္စ္ဂ်ီမွာ ဂိုးအမ်ားဆုံးသြင္းထားသူျဖစ္ၿပီး
သူမပါႏိုင္တဲ့ပြဲေတြမွာလည္း အသင္းဟာ ရလဒ္အရ ႐ုန္းကန္ရတတ္ပါတယ္။