ဘက်ပီကို ဆက်ထိန်းနိုင်ဖို့အတွက် အရမ်းကိုပါဝါကြီးတဲ့အားပေးထောက်ခံမှုတစ်ခုရရှိထားတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ သူတို့ရဲ့စူပါစတားကစားသမားကို ဆက်ထိန်းနိုင်ဖို့အတွက်

အရမ်းကိုပါဝါကြီးတဲ့အားပေးထောက်ခံမှုတစ်ခုကို ရရှိထားပါတယ်။

အဲဒါကတော့ ဘောလုံးနဲ့ပတ်သတ်ရင် ရူးသွပ်တတ်တဲ့

နိုင်ငံတော်သမ္မတကြီး မက်ခရွန်ပါ။

ပြင်သစ်သမ္မတမက်ခရွန်ဟာ ရီးရဲလ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီနဲ့

စာချုပ်သစ်ချုပ်ဖို့ အမ်ဘက်ပီကို တိုက်တွန်းခဲ့တယ်လို့

စပိန်မှာ ဒုတိယအကြီးဆုံးနေ့စဉ်သတင်းစာဖြစ်တဲ့ El Mundo က ဖော်ပြခဲ့တာပါ။

အဲဒီပြင်သစ်ကြယ်ပွင့်ရဲ့လက်ရှိစာချုပ်က အခုရာသီကုန်မှာ

သက်တမ်းကုန်မှာဖြစ်ပြီး ရီးရဲလ်ကို အလွတ်ပြောင်းရွှေ့မှာလို့ သတင်းကြီးနေပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ရီးရဲလ်နဲ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာပါ။

၂၃ နှစ်အရွယ် အဲဒီကြယ်ပွင့်တိုက်စစ်မှုးဟာ အခုရာသီမစခင်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်ကို ပြောင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်

ပီအက်စ်ဂျီက စပိန်အသင်းဆီက ကမ်းလှမ်းမှုမှန်သမျှကို ငြင်းပယ်ခဲ့ပါတယ်။

သူ့ရဲ့အနာဂါတ်နဲ့ပတ်သက်လို့ သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပေမယ့်

အမ်ဘက်ပီရဲ့အမြင့်ဆုံးအဆင့်စွမ်းဆောင်နိုင်မှုကို ရပ်တန့်စေခြင်း မရှိခဲ့ပါဘူး။

သူဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ပီအက်စ်ဂျီအတွက်

အခုချိန်ထိ ၂၂ ဂိုးသွင်းယူပေးထားပါတယ်။

ဒီကြားရက်ထဲမှာလည်း အမ်ဘက်ပီဟာ သူနဲ့သတင်းကြီးနေတဲ့

ရီးရဲလ်ဘက်ကို တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးကို

တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းခဲ့တာပါ။

ရီးရဲလ်နဲ့သတင်းကြီးမှုအမြင့်ဆုံးရေချိန်ဖြစ်ခဲ့တဲ့

ပြီးခဲ့တဲ့စက်တင်ဘာကလည်း မက်ခရွန်ဟာ အမ်ဘက်ပီကို

ဆက်နေဖို့ မက်ဆေ့ချ်ပေးပို့ပြီး တိုက်တွန်းခဲ့ပါသေးတယ်။

လောလောဆယ်တော့ ကမ္ဘာပေါ်မှာ လစာအများဆုံးရ

ကစားသမားဖြစ်စေပေမယ့် ပီအက်စ်ဂျီရဲ့တန်ဖိုးကြီးစာချုပ်သစ်ကမ်းလှမ်းမှုကို

အမ်ဘက်ပီအနေနဲ့ စဉ်းစားဖွယ်ရှိနေကြောင်း သတင်းထွက်နေပါတယ်။

အမ်ဘက်ပီနဲ့လက်ရှိပြင်သစ်သမ္မတို့ဟာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိကြသူတွေပါ။

zawgyi

ဘက္ပီကို ဆက္ထိန္းႏိုင္ဖို႔အတြက္ အရမ္းကိုပါဝါႀကီးတဲ့အားေပးေထာက္ခံမႈတစ္ခုရရွိထားတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာ သူတို႔ရဲ႕စူပါစတားကစားသမားကို ဆက္ထိန္းႏိုင္ဖို႔အတြက္

အရမ္းကိုပါဝါႀကီးတဲ့အားေပးေထာက္ခံမႈတစ္ခုကို ရရွိထားပါတယ္။

အဲဒါကေတာ့ ေဘာလုံးနဲ႔ပတ္သတ္ရင္ ႐ူးသြပ္တတ္တဲ့

ႏိုင္ငံေတာ္သမၼတႀကီး မက္ခ႐ြန္ပါ။

ျပင္သစ္သမၼတမက္ခ႐ြန္ဟာ ရီးရဲလ္ကို ျငင္းပယ္ၿပီး ပီအက္စ္ဂ်ီနဲ႔

စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အမ္ဘက္ပီကို တိုက္တြန္းခဲ့တယ္လို႔

စပိန္မွာ ဒုတိယအႀကီးဆုံးေန႔စဥ္သတင္းစာျဖစ္တဲ့ El Mundo က ေဖာ္ျပခဲ့တာပါ။

အဲဒီျပင္သစ္ၾကယ္ပြင့္ရဲ႕လက္ရွိစာခ်ဳပ္က အခုရာသီကုန္မွာ

သက္တမ္းကုန္မွာျဖစ္ၿပီး ရီးရဲလ္ကို အလြတ္ေျပာင္းေ႐ႊ႕မွာလို႔ သတင္းႀကီးေနပါတယ္။

သူဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ရီးရဲလ္နဲ႔သတင္းေတြ ဆက္တိုက္ထြက္ေပၚခဲ့တာပါ။

၂၃ ႏွစ္အ႐ြယ္ အဲဒီၾကယ္ပြင့္တိုက္စစ္မႈးဟာ အခုရာသီမစခင္

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ရီးရဲလ္ကို ေျပာင္းႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္

ပီအက္စ္ဂ်ီက စပိန္အသင္းဆီက ကမ္းလွမ္းမႈမွန္သမွ်ကို ျငင္းပယ္ခဲ့ပါတယ္။

သူ႔ရဲ႕အနာဂါတ္နဲ႔ပတ္သက္လို႔ သတင္းေတြအမ်ိဳးမ်ိဳးထြက္ေပၚေနေပမယ့္

အမ္ဘက္ပီရဲ႕အျမင့္ဆုံးအဆင့္စြမ္းေဆာင္ႏိုင္မႈကို ရပ္တန႔္ေစျခင္း မရွိခဲ့ပါဘူး။

သူဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ပီအက္စ္ဂ်ီအတြက္

အခုခ်ိန္ထိ ၂၂ ဂိုးသြင္းယူေပးထားပါတယ္။

ဒီၾကားရက္ထဲမွာလည္း အမ္ဘက္ပီဟာ သူနဲ႔သတင္းႀကီးေနတဲ့

ရီးရဲလ္ဘက္ကို တစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးကို

တစ္ကိုယ္ေတာ္အစြမ္းနဲ႔ သြင္းခဲ့တာပါ။

ရီးရဲလ္နဲ႔သတင္းႀကီးမႈအျမင့္ဆုံးေရခ်ိန္ျဖစ္ခဲ့တဲ့

ၿပီးခဲ့တဲ့စက္တင္ဘာကလည္း မက္ခ႐ြန္ဟာ အမ္ဘက္ပီကို

ဆက္ေနဖို႔ မက္ေဆ့ခ်္ေပးပို႔ၿပီး တိုက္တြန္းခဲ့ပါေသးတယ္။

ေလာေလာဆယ္ေတာ့ ကမာၻေပၚမွာ လစာအမ်ားဆုံးရ

ကစားသမားျဖစ္ေစေပမယ့္ ပီအက္စ္ဂ်ီရဲ႕တန္ဖိုးႀကီးစာခ်ဳပ္သစ္ကမ္းလွမ္းမႈကို

အမ္ဘက္ပီအေနနဲ႔ စဥ္းစားဖြယ္ရွိေနေၾကာင္း သတင္းထြက္ေနပါတယ္။

အမ္ဘက္ပီနဲ႔လက္ရွိျပင္သစ္သမၼတို႔ဟာ ပုဂၢိဳလ္ေရးအရ ရင္းႏွီးမႈရွိၾကသူေတြပါ။