
၂၀၁၇ တုန်းက အမ်ဘက်ပီအစား ဒမ်ဘီလီကိုသာ ခေါ်ယူခဲ့မှုအတွက် ဘာစီလိုနာအသင်း
ဥက္ကဌဟောင်းဘာတိုမြူဟာ ကလပ်က အခြားသူတွေကို ပြစ်တင်ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အရှုပ်အထွေးတွေကြားကနေ ဘာစီလိုနာဥက္ကဌအဖြစ်က နုတ်ထွက်ခဲ့ရတဲ့
ဘာတိုမြူက နည်းပြအဖွဲ့ဟာ အတိုးအလှုပ်ပိုကောင်းတယ်ဆိုပြီး ဒမ်ဘီလီကိုသာ
ထောက်ခံမှုပေးခဲ့ကြောင်း ဖွင့်ဟခဲ့တာပါ။
အဲဒီကတည်းက အမ်ဘက်ပီဟာ အလားအလာအကောင်းဆုံးကစားသမားတွေထဲက
တစ်ယောက်ဖြစ်လာခဲ့ပြီး ဒမ်ဘီလီကတော့ ဘာစီလိုနာကိုရောက်လာချိန်မှာ
ဒဏ်ရာပြသနာတွေများလွန်းခဲ့လို့ သူ့ကစားသမားဘဝတိုးတက်မှုတုံ့ဆိုင်းခဲ့ရပါတယ်။
”အမ်ဘက်ပီကို ခေါ်ယူဖို့က စားပွဲပေါ်ရောက်နေပြီ။ ဒါပေမဲ့ နည်းပြအဖွဲ့က ဒမ်ဘီလီကိုသာ
ပိုကြိုက်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အတိုးအလှုပ်ကောင်းတဲ့ကစားသမား
တစ်ယောက်ကိုသာ ခေါ်ချင်နေတာပါ”လို့ ဘာတိုမြူက စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ AS ကို ဖွင့်ဟခဲ့တာပါ။
အခုတော့ ဒမ်ဘီလီနဲ့ကော်တင်ဟိုတို့ကို ခေါ်ယူခဲ့မှုတွေဟာ ဝေဖန်စရာဖြစ်နေခဲ့ပြီး
အဲဒါနဲ့ပတ်သက်လို့လည်း ဘာတိုမြူက ”တချို့အပြောင်းအရွှေ့တွေက ကျွန်တော်တို့
မျှော်မှန်းထားသလို မဖြစ်ခဲ့ပါဘူး။ သူတို့အတွက် ငွေကြေးကုန်ကျလည်း များခဲ့ပါတယ်။
ဒါပေမဲ အဲဒါမျိုးတွေက ဘောလုံးမှာ ဖြစ်နေကျပါ။
ဒီကစားသမားတွေကို ခေါ်ယူတုန်းကဆိုရင် သူတို့ဟာ အားလုံးရဲ့ချီးကျူးခြင်းကိုခံခဲ့ရတယ်။
အင်နီယေစတာ မရှိတော့တဲ့အချိန်မှာ ကော်တင်ဟိုရောက်လာခဲ့တာဖြစ်ပြီး
သူဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ခဲ့တာပါ။ ဒမ်ဘီလီကလည်း နေမာမရှိတော့လို့
ရောက်လာခဲ့တာပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
အဲဒီထဲမှာ ဒမ်ဘီလီက ယူရိုမှာရခဲ့တဲ့တံကောက်ကြောဒဏ်ရာကြောင့် လက်ရှိမှာ
နားနေရသူပါ။ သူဟာ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ပြန်ဆင်းခဲ့ပေမယ့် ပထမအသင်းကို
ဘယ်အချိန်ပြန်ပူပေါင်းနိုင်မလဲဆိုတာ မသိရသေးပါဘူး။
ဒမ်ဘီလီနဲ့ဘာစီလိုနာတို့ရဲ့စာချုပ်သက်တမ်းကလည်း လာမယ့်နွေမှာ ကုန်ဆုံးတော့မှာပါ။
ဘာစီလိုနာအတွက် ပိုဆိုးသွားတာက ၂၀၁၇ မှာ သူတို့လက်လွတ်ခဲ့တဲ့အမ်ဘက်ပီဟာ
အနှေးနဲ့အမြန်ဆိုသလိုပဲ အဓိကပြိုင်ဘက်ရီးရဲလ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
အမ်ဘက်ပီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက
ရီးရဲလ်ကို ပြောင်းဖို့လုပ်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
zawgyi
ဘက္ပီကို ေခၚယူဖို႔က စားပြဲေပၚေရာက္ေနၿပီ။ ဒါေပမဲ့ နည္းျပအဖြဲ႕က ဒမ္ဘီလီကိုသာ ပိုႀကိဳက္ေနတယ္ – ဘာတိုျမဴ
၂၀၁၇ တုန္းက အမ္ဘက္ပီအစား ဒမ္ဘီလီကိုသာ ေခၚယူခဲ့မႈအတြက္ ဘာစီလိုနာအသင္း
ဥကၠဌေဟာင္းဘာတိုျမဴဟာ ကလပ္က အျခားသူေတြကို ျပစ္တင္ေျပာၾကားလိုက္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က အရႈပ္အေထြးေတြၾကားကေန ဘာစီလိုနာဥကၠဌအျဖစ္က ႏုတ္ထြက္ခဲ့ရတဲ့
ဘာတိုျမဴက နည္းျပအဖြဲ႕ဟာ အတိုးအလႈပ္ပိုေကာင္းတယ္ဆိုၿပီး ဒမ္ဘီလီကိုသာ
ေထာက္ခံမႈေပးခဲ့ေၾကာင္း ဖြင့္ဟခဲ့တာပါ။
အဲဒီကတည္းက အမ္ဘက္ပီဟာ အလားအလာအေကာင္းဆုံးကစားသမားေတြထဲက
တစ္ေယာက္ျဖစ္လာခဲ့ၿပီး ဒမ္ဘီလီကေတာ့ ဘာစီလိုနာကိုေရာက္လာခ်ိန္မွာ
ဒဏ္ရာျပသနာေတြမ်ားလြန္းခဲ့လို႔ သူ႔ကစားသမားဘဝတိုးတက္မႈတုံ႔ဆိုင္းခဲ့ရပါတယ္။
”အမ္ဘက္ပီကို ေခၚယူဖို႔က စားပြဲေပၚေရာက္ေနၿပီ။ ဒါေပမဲ့ နည္းျပအဖြဲ႕က ဒမ္ဘီလီကိုသာ
ပိုႀကိဳက္ေနတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က အတိုးအလႈပ္ေကာင္းတဲ့ကစားသမား
တစ္ေယာက္ကိုသာ ေခၚခ်င္ေနတာပါ”လို႔ ဘာတိုျမဴက စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ AS ကို ဖြင့္ဟခဲ့တာပါ။
အခုေတာ့ ဒမ္ဘီလီနဲ႔ေကာ္တင္ဟိုတို႔ကို ေခၚယူခဲ့မႈေတြဟာ ေဝဖန္စရာျဖစ္ေနခဲ့ၿပီး
အဲဒါနဲ႔ပတ္သက္လို႔လည္း ဘာတိုျမဴက ”တခ်ိဳ႕အေျပာင္းအေ႐ႊ႕ေတြက ကြၽန္ေတာ္တို႔
ေမွ်ာ္မွန္းထားသလို မျဖစ္ခဲ့ပါဘူး။ သူတို႔အတြက္ ေငြေၾကးကုန္က်လည္း မ်ားခဲ့ပါတယ္။
ဒါေပမဲ အဲဒါမ်ိဳးေတြက ေဘာလုံးမွာ ျဖစ္ေနက်ပါ။
ဒီကစားသမားေတြကို ေခၚယူတုန္းကဆိုရင္ သူတို႔ဟာ အားလုံးရဲ႕ခ်ီးက်ဴးျခင္းကိုခံခဲ့ရတယ္။
အင္နီေယစတာ မရွိေတာ့တဲ့အခ်ိန္မွာ ေကာ္တင္ဟိုေရာက္လာခဲ့တာျဖစ္ၿပီး
သူဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးျဖစ္ခဲ့တာပါ။ ဒမ္ဘီလီကလည္း ေနမာမရွိေတာ့လို႔
ေရာက္လာခဲ့တာပါ”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။
အဲဒီထဲမွာ ဒမ္ဘီလီက ယူ႐ိုမွာရခဲ့တဲ့တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လက္ရွိမွာ
နားေနရသူပါ။ သူဟာ ၿပီးခဲ့တဲ့အပတ္က ေလ့က်င့္ျပန္ဆင္းခဲ့ေပမယ့္ ပထမအသင္းကို
ဘယ္အခ်ိန္ျပန္ပူေပါင္းႏိုင္မလဲဆိုတာ မသိရေသးပါဘူး။
ဒမ္ဘီလီနဲ႔ဘာစီလိုနာတို႔ရဲ႕စာခ်ဳပ္သက္တမ္းကလည္း လာမယ့္ေႏြမွာ ကုန္ဆုံးေတာ့မွာပါ။
ဘာစီလိုနာအတြက္ ပိုဆိုးသြားတာက ၂၀၁၇ မွာ သူတို႔လက္လြတ္ခဲ့တဲ့အမ္ဘက္ပီဟာ
အေႏွးနဲ႔အျမန္ဆိုသလိုပဲ အဓိကၿပိဳင္ဘက္ရီးရဲလ္ကို ေျပာင္းေ႐ႊ႕ေတာ့မွာ ျဖစ္ပါတယ္။
အမ္ဘက္ပီဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကတည္းက ရီးရဲလ္ကို ေျပာင္းဖို႔လုပ္ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။