ဘက်ခမ်းကို တစ်ပေးနေတဲ့ ပီးယာ့စ်မော်ဂန်ရဲ့အတွေးက ဖာဂူဆန်အလွယ်ဆွဲထုတ်ပြလိုက်တဲ့အကောင်းဆုံးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ

အတိတ်က ယူနိုက်တက်ကြယ်ပွင့်တွေထဲမှတစ်ဦးအပေါ်

ဖာဂူဆန်ရဲ့အမြင်ဟာ ရုပ်သံတင်ဆက်သူ ပီးယာ့စ်မော်ဂန်ရဲ့အတွေးတွေနဲ့

ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်လို ဂန္တဝင်နည်းပြတစ်ယောက်အတွက်တော့

ယူနိုက်တက်နည်းပြဘ၀ ၂၆ နှစ်တာကာလအတွင်း ကမ္ဘာ့အဆင့်

ကစားသမားများစွာကို တာဝန်ယူကိုင်တွယ်ခဲ့ရတာဖြစ်တယ်။

ပရီးမီးယားလိဂ်ဆုဖလား ၁၃ ကြိမ်အပါအဝင် ချန်ပီယံလိဂ် ၂ကြိမ်နဲ့

အခြားသောဆုဖလားပေါင်းများစွာကိုရယူခဲ့ဖူးတဲ့ ဖာဂီကြီးအနားယူသွားကတည်းက

သရဲနီတွေအမှတ်ပေးချန်ပီယံမဖြစ်တော့ပါဘူး။ TalkTV ရုပ်သံတင်ဆက်သူ

ပီးယာ့စ်မော်ဂန်ဟာ မနှစ်က Super Bowl ကိုကြည့်ရှုစဉ်မှာ ဒေးဗစ်ဘက်ခမ်းကို

ရည်မှန်းခဲ့ဖူးပါတယ်။ “အမိုက်စားဆံပင်ဒီဇိုင်းတွေနဲ့ ကျော်ကြားပြီး

ဆာလောင်နေတဲ့ ခရုတစ်ကောင်။ ဘောလုံးတကယ်ကစားနိုင်တဲ့အချိန်

ဘက်ခမ်းကိုကြည့်ရတာ တကယ်ကောင်းပါတယ်” လို့ မော်ဂန်က ဆိုခဲ့တာဖြစ်တယ်။

ပွဲနေ့အရောက်မှာတော့ တင်ဆက်သူတစ်ယောက်(host)ဖြစ်တဲ့ ဂယ်ရီလိုင်နီကာက

ခြွင်းချက်အနေနဲ့ဝေဖန်ခဲ့ရာမှာတော့ မော်ဂန်က “ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်

မင်းမကြိုက်နိုင်ပေမယ့် ဘက်ခမ်းက ဘောလုံးသမားကောင်းတစ်ယောက်ပါ။

ငါတို့ရဲ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ဘယ်လိုအကြောင်းနဲ့ပဲ

နှိမ့်ချပါစေ ဘက်ခမ်းက သမိုင်းမှာတန်ဖိုးအရှိဆုံးဘောလုံးသမားပဲ” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဖာဂူဆန်ကြီးဟာ အနားယူပြီးမကြာခင်မှာတော့ သူကိုင်တွယ်ခဲ့တဲ့အကြီးကျယ်ဆုံး

ကစားသမားတွေကိုပြန်လည်တွေးတောရာမှာ ဒေးဗစ်ဘက်ခမ်းအကြောင်းပါဝင်ခဲ့ပါတယ်။

“လူတွေကမေးကြတယ်၊ မင်းရဲ့ ယူနိုက်တက်အကောင်းဆုံးအသင်းမှာ ဘယ်သူတွေပါလဲ။

လုံးဝမဖြစ်နိုင်ပါဘူး။ ဒါက လုံးဝကိုမဖြစ်နိုင်တာပါ။ တိုက်စစ်မှူးတွေကိုကြည့်ကြပါဦး…

မက်ကလဲယား၊ မာ့ခ်ဟုချ်၊ အန်ဒီကိုးလ်၊ ကန်တိုနာ၊ နစ္စတယ်ရွိုင်း၊ ဆာဟာ၊

ဆိုးလ်ရှား၊ ဒွိုက်ယော့ခ်၊ ရှာရင်ဂမ်။ အဲ့ဒီနောက် လက်ရှိကစားသမားတွေဖြစ်တဲ့

ရွန်နေး၊ ဗန်ပါစီ၊ ချီချာရီတို။ ဒီထဲက ဘယ်လိုရွေးရမလဲ။ ကန်တိုနာနဲ့ တခြားတစ်ယောက်ရှိနိုင်လား။

ရွိုင်ကိန်း၊ ဘရိုင်ယန်ရော့ဘ်ဆင်နဲ့ ပေါလ်စခိုးလ်ရှိလို့ ကွင်းလယ်က

နည်းနည်းပိုလွယ်မယ်ထင်တယ်။ သူတို့ကထူးချွန်တဲ့ကစားသမားတွေဖြစ်သလို

ဘက်ခမ်း၊ ရော်နယ်ဒိုနဲ့ ရွိုင်ယန်ဂစ်” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

တကယ်တမ်းကြည့်ရင်တော့ ဖာဂီရဲ့ခေါင်းထဲမှာ တိုက်စစ်ပိုင်းအတွက်

ကန်တိုနာက အမာခံရှိနေပြီး ကွင်းလယ်မှာတော့ ရွိုင်ကိန်း၊ ဘရိုင်ယန်ရော့ဘ်ဆင်နဲ့

ပေါလ်စခိုးလ် တို့ကိုအကြိုက်ဆုံးဖြစ်နေတဲ့အတွက် ပီးယာ့စ်မော်ဂန်ရဲ့

ဘက်ခမ်းတွေးတောမှုနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။

zawgyi

ဘက္ခမ္းကို တစ္ေပးေနတဲ့ ပီးယာ့စ္ေမာ္ဂန္ရဲ႕အေတြးက ဖာဂူဆန္အလြယ္ဆြဲထုတ္ျပလိုက္တဲ့အေကာင္းဆုံးေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေန

အတိတ္က ယူႏိုက္တက္ၾကယ္ပြင့္ေတြထဲမွတစ္ဦးအေပၚ

ဖာဂူဆန္ရဲ႕အျမင္ဟာ ႐ုပ္သံတင္ဆက္သူ ပီးယာ့စ္ေမာ္ဂန္ရဲ႕အေတြးေတြနဲ႔

ဆန႔္က်င္ဘက္ျဖစ္ခဲ့ပါတယ္။ ဖာဂူဆန္လို ဂႏၲဝင္နည္းျပတစ္ေယာက္အတြက္ေတာ့

ယူႏိုက္တက္နည္းျပဘ၀ ၂၆ ႏွစ္တာကာလအတြင္း ကမာၻ႔အဆင့္

ကစားသမားမ်ားစြာကို တာဝန္ယူကိုင္တြယ္ခဲ့ရတာျဖစ္တယ္။

ပရီးမီးယားလိဂ္ဆုဖလား ၁၃ ႀကိမ္အပါအဝင္ ခ်န္ပီယံလိဂ္ ၂ႀကိမ္နဲ႔

အျခားေသာဆုဖလားေပါင္းမ်ားစြာကိုရယူခဲ့ဖူးတဲ့ ဖာဂီႀကီးအနားယူသြားကတည္းက

သရဲနီေတြအမွတ္ေပးခ်န္ပီယံမျဖစ္ေတာ့ပါဘူး။ TalkTV ႐ုပ္သံတင္ဆက္သူ

ပီးယာ့စ္ေမာ္ဂန္ဟာ မႏွစ္က Super Bowl ကိုၾကည့္ရႈစဥ္မွာ ေဒးဗစ္ဘက္ခမ္းကို

ရည္မွန္းခဲ့ဖူးပါတယ္။ “အမိုက္စားဆံပင္ဒီဇိုင္းေတြနဲ႔ ေက်ာ္ၾကားၿပီး

ဆာေလာင္ေနတဲ့ ခ႐ုတစ္ေကာင္။ ေဘာလုံးတကယ္ကစားႏိုင္တဲ့အခ်ိန္

ဘက္ခမ္းကိုၾကည့္ရတာ တကယ္ေကာင္းပါတယ္” လို႔ ေမာ္ဂန္က ဆိုခဲ့တာျဖစ္တယ္။

ပြဲေန႔အေရာက္မွာေတာ့ တင္ဆက္သူတစ္ေယာက္(host)ျဖစ္တဲ့ ဂယ္ရီလိုင္နီကာက

ႁခြင္းခ်က္အေနနဲ႔ေဝဖန္ခဲ့ရာမွာေတာ့ ေမာ္ဂန္က “ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္

မင္းမႀကိဳက္ႏိုင္ေပမယ့္ ဘက္ခမ္းက ေဘာလုံးသမားေကာင္းတစ္ေယာက္ပါ။

ငါတို႔ရဲ႕အေကာင္းဆုံးေတြထဲက တစ္ေယာက္ပါ။ ဘယ္လိုအေၾကာင္းနဲ႔ပဲ

ႏွိမ့္ခ်ပါေစ ဘက္ခမ္းက သမိုင္းမွာတန္ဖိုးအရွိဆုံးေဘာလုံးသမားပဲ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဖာဂူဆန္ႀကီးဟာ အနားယူၿပီးမၾကာခင္မွာေတာ့ သူကိုင္တြယ္ခဲ့တဲ့အႀကီးက်ယ္ဆုံး

ကစားသမားေတြကိုျပန္လည္ေတြးေတာရာမွာ ေဒးဗစ္ဘက္ခမ္းအေၾကာင္းပါဝင္ခဲ့ပါတယ္။

“လူေတြကေမးၾကတယ္၊ မင္းရဲ႕ ယူႏိုက္တက္အေကာင္းဆုံးအသင္းမွာ ဘယ္သူေတြပါလဲ။

လုံးဝမျဖစ္ႏိုင္ပါဘူး။ ဒါက လုံးဝကိုမျဖစ္ႏိုင္တာပါ။ တိုက္စစ္မႉးေတြကိုၾကည့္ၾကပါဦး…

မက္ကလဲယား၊ မာ့ခ္ဟုခ်္၊ အန္ဒီကိုးလ္၊ ကန္တိုနာ၊ နစၥတယ္႐ြိဳင္း၊ ဆာဟာ၊

ဆိုးလ္ရွား၊ ဒြိဳက္ေယာ့ခ္၊ ရွာရင္ဂမ္။ အဲ့ဒီေနာက္ လက္ရွိကစားသမားေတြျဖစ္တဲ့

႐ြန္ေနး၊ ဗန္ပါစီ၊ ခ်ီခ်ာရီတို။ ဒီထဲက ဘယ္လိုေ႐ြးရမလဲ။ ကန္တိုနာနဲ႔ တျခားတစ္ေယာက္ရွိႏိုင္လား။

႐ြိဳင္ကိန္း၊ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္နဲ႔ ေပါလ္စခိုးလ္ရွိလို႔ ကြင္းလယ္က

နည္းနည္းပိုလြယ္မယ္ထင္တယ္။ သူတို႔ကထူးခြၽန္တဲ့ကစားသမားေတြျဖစ္သလို

ဘက္ခမ္း၊ ေရာ္နယ္ဒိုနဲ႔ ႐ြိဳင္ယန္ဂစ္” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

တကယ္တမ္းၾကည့္ရင္ေတာ့ ဖာဂီရဲ႕ေခါင္းထဲမွာ တိုက္စစ္ပိုင္းအတြက္

ကန္တိုနာက အမာခံရွိေနၿပီး ကြင္းလယ္မွာေတာ့ ႐ြိဳင္ကိန္း၊ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္နဲ႔

ေပါလ္စခိုးလ္ တို႔ကိုအႀကိဳက္ဆုံးျဖစ္ေနတဲ့အတြက္ ပီးယာ့စ္ေမာ္ဂန္ရဲ႕

ဘက္ခမ္းေတြးေတာမႈနဲ႔ဆန႔္က်င္ဘက္ျဖစ္ေနခဲ့ပါတယ္။