ဘက်ကန်ချင်သူတွေအတွက် ခရစ်ဆက်တန်ရဲ့ ပေါ်တူဂီ နဲ့ အင်္ဂလန် ပွဲတွေ အတွက် ခန့်မှန်းချက်တွေလာပြီ

မနေ့တုန်းကတော့ ဘရာဇီး၊ အာဂျင်တီးနား ပွဲတွေ အတွက် ခရစ်ဆက်တန် ခန့်မှန်းခဲ့တာ တက်တက်စင် လွဲတာပါပဲ။

ဘက်ကန်ခဲ့သူတွေကတော့ အခြေအနေကောင်းလို့ဆိုနေပါတယ်။ ဒါကြောင့်လဲ သူ့ရဲ့ခန့်မှန်းချက်တွေက စောင့်ကြည့်ချင်စရာဖြစ်နေခဲ့တာပါ။

၂ပွဲမှန်း (၂)ပွဲလွဲတယ်ဆိုတော့ သူ့စကေးက god အဆင့်ရောက်နေပြီ…

ဒီနေ့ စနေနေ့ညမှာ ကစားကြမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဒုတိယနေ့ ပွဲစဉ်တွေ အတွက်

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။

မော်ရိုကို vs ပေါ်တူဂီ

”ပေါ်တူဂီ အသင်း မန်နေဂျာ ဆန်တို့စ်က ပြီးခဲ့တဲ့ ၁၆ သင်း အဆင့် ဆွစ်ဇာလန်နဲ့ ပွဲမှာ

စီရော်နယ်ဒို အစား ဂွန်ကာလို ရာမို့စ်ကို ရွေးလိုက်တာက ရွေးချယ်မှုကောင်း ဖြစ်ခဲ့တယ်။

သူတို့ ဆွစ်နဲ့ ပွဲမှာ လုံးဝ အထင်ကြီးဖွယ် စွမ်းဆောင်ပြပြီး အံ့အားသင့်စေခဲ့တယ်။

မော်ရိုကို အသင်းက ဘယ်ဂျီယံနဲ့ စပိန် ကို တားဆီးခဲ့တုန်းကထက် ဒီပွဲက အများကြီး ပို ခက်ခဲမှာပါ။

ဒါပေမယ့် သူတို့ကလည်း ခံစစ်အားကောင်းကောင်း၊ စူပါ စုဖွဲ့မှုကောင်း ပိုင်ဆိုင်ထားပါတယ်။

ဒီကမ္ဘာ့ဖလားမှာ သူတို့က ပေးဂိုး တစ်ဂိုးပဲ ရှိထားတယ်။ ကျွန်တော်သူတို့ကို ဒီအဆင့်ကနေ တကယ်ပဲ တက်သွား စေချင်တယ်။

ကျွန်တော့် ဦးနှောက်က ပေါ်တူဂီ တက်မယ်လို့ ပြောနေတယ်။

ဒါပေမယ့် ကျွန်တော် ဒီပွဲတော့ နှလုံးသားဦးစားပေးတဲ့ နောက် လိုက်ချင်ပါတယ်။”လို့ ပြောပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မော်ရိုကို ၁-၀ ပေါ်တူဂီ ဖြစ်ပါတယ်။

အင်္ဂလန် vs ပြင်သစ်

” ဂါရတ် ဆောက်ဂိတ်က ကာတာမှာ ခြေလှမ်း မမှားသေးပါဘူး။ ဒီပွဲ အတွက်လည်း သူ့မှာ ပလန် ရှိပါလိမ့်မယ်။

အင်္ဂလန်ဟာ ဒီကမ္ဘာ့ဖလား ဗိုလ်စွဲဖို့ ဆိုရင် နောက်ထပ် ၃ ပွဲ ပဲ နိုင်ဖို့ လိုတာပါ။

ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဖို့ ဆိုရင် အင်္ဂလန်အသင်းဟာ ထိပ်တန်း ကစားသမား ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာပါ။”

”ဆောက်ဂိတ်ရဲ့ အသင်းဟာ အမ်ဘတ်ပီ ကို ရပ်တန့်နိုင်မယ် ဆိုရင်တောင် တစ်ဖက် တောင်ပံကြောမှာ ဒမ်ဘီလီ ကိုလည်း ကြည့်ရဦးမယ်။

အထောင် တိုက်စစ်မှာ ဂျီရူးကလည်း ရှိနေတယ်။

အင်္ဂလန် အသင်းဟာ ရဲရဲသာ ကစားမယ် ဆိုရင် အခွင့်ကောင်းတွေ ရရှိနိုင်ပါတယ်။

ဒီပွဲ ရလဒ်ကတော့ သိပ်ကွာမယ် မထင်ပါဘူး။အင်္ဂလန်ဟာ ကွာတားဖိုင်နယ် အဆင့်ထိပဲ ရောက်မယ် လို့ ကျွန်တော် အရင်က ခန့်မှန်းခဲ့တယ်။

အဲဒီလို ပြောခဲ့တာ မှားပါစေ ဆုတောင်းနေပါတယ်။”လို့ ပြောထားပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ အင်္ဂလန် ၁-၂ ပြင်သစ် ဖြစ်ပါတယ်။

zawgyi

ဘက္ကန္ခ်င္သူေတြအတြက္ ခရစ္ဆက္တန္ရဲ႕ ေပၚတူဂီ နဲ႔ အဂၤလန္ ပြဲေတြ အတြက္ ခန႔္မွန္းခ်က္ေတြလာၿပီ

မေန႔တုန္းကေတာ့ ဘရာဇီး၊ အာဂ်င္တီးနား ပြဲေတြ အတြက္ ခရစ္ဆက္တန္ ခန႔္မွန္းခဲ့တာ တက္တက္စင္ လြဲတာပါပဲ။

ဘက္ကန္ခဲ့သူေတြကေတာ့ အေျခအေနေကာင္းလို႔ဆိုေနပါတယ္။ ဒါေၾကာင့္လဲ သူ႔ရဲ႕ခန႔္မွန္းခ်က္ေတြက ေစာင့္ၾကည့္ခ်င္စရာျဖစ္ေနခဲ့တာပါ။

၂ပြဲမွန္း (၂)ပြဲလြဲတယ္ဆိုေတာ့ သူ႕စေကးက god အဆင့္ေရာက္ေနၿပီ…

ဒီေန႔ စေနေန႔ညမွာ ကစားၾကမယ့္ ကမာၻ႔ဖလား ကြာတားဖိုင္နယ္ ဒုတိယေန႔ ပြဲစဥ္ေတြ အတြက္

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သုံးသပ္သူ ခရစ္ဆက္တန္ ရဲ႕ သုံးသပ္ ခန႔္မွန္းခ်က္ေတြကိုဆက္လက္တင္ဆက္ေပးလိုက္ပါတယ္။

ေမာ္႐ိုကို vs ေပၚတူဂီ

”ေပၚတူဂီ အသင္း မန္ေနဂ်ာ ဆန္တို႔စ္က ၿပီးခဲ့တဲ့ ၁၆ သင္း အဆင့္ ဆြစ္ဇာလန္နဲ႔ ပြဲမွာ

စီေရာ္နယ္ဒို အစား ဂြန္ကာလို ရာမို႔စ္ကို ေ႐ြးလိုက္တာက ေ႐ြးခ်ယ္မႈေကာင္း ျဖစ္ခဲ့တယ္။

သူတို႔ ဆြစ္နဲ႔ ပြဲမွာ လုံးဝ အထင္ႀကီးဖြယ္ စြမ္းေဆာင္ျပၿပီး အံ့အားသင့္ေစခဲ့တယ္။

ေမာ္႐ိုကို အသင္းက ဘယ္ဂ်ီယံနဲ႔ စပိန္ ကို တားဆီးခဲ့တုန္းကထက္ ဒီပြဲက အမ်ားႀကီး ပို ခက္ခဲမွာပါ။

ဒါေပမယ့္ သူတို႔ကလည္း ခံစစ္အားေကာင္းေကာင္း၊ စူပါ စုဖြဲ႕မႈေကာင္း ပိုင္ဆိုင္ထားပါတယ္။

ဒီကမာၻ႔ဖလားမွာ သူတို႔က ေပးဂိုး တစ္ဂိုးပဲ ရွိထားတယ္။ ကြၽန္ေတာ္သူတို႔ကို ဒီအဆင့္ကေန တကယ္ပဲ တက္သြား ေစခ်င္တယ္။

ကြၽန္ေတာ့္ ဦးေႏွာက္က ေပၚတူဂီ တက္မယ္လို႔ ေျပာေနတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ ဒီပြဲေတာ့ ႏွလုံးသားဦးစားေပးတဲ့ ေနာက္ လိုက္ခ်င္ပါတယ္။”လို႔ ေျပာပါတယ္။

ဆက္တန္ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ ေမာ္႐ိုကို ၁-၀ ေပၚတူဂီ ျဖစ္ပါတယ္။

အဂၤလန္ vs ျပင္သစ္

” ဂါရတ္ ေဆာက္ဂိတ္က ကာတာမွာ ေျခလွမ္း မမွားေသးပါဘူး။ ဒီပြဲ အတြက္လည္း သူ႔မွာ ပလန္ ရွိပါလိမ့္မယ္။

အဂၤလန္ဟာ ဒီကမာၻ႔ဖလား ဗိုလ္စြဲဖို႔ ဆိုရင္ ေနာက္ထပ္ ၃ ပြဲ ပဲ ႏိုင္ဖို႔ လိုတာပါ။

ျပင္သစ္နဲ႔ ထိပ္တိုက္ေတြ႕ဖို႔ ဆိုရင္ အဂၤလန္အသင္းဟာ ထိပ္တန္း ကစားသမား ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရမွာပါ။”

ေဆာက္ဂိတ္ရဲ႕ အသင္းဟာ အမ္ဘတ္ပီ ကို ရပ္တန႔္ႏိုင္မယ္ ဆိုရင္ေတာင္ တစ္ဖက္ ေတာင္ပံေၾကာမွာ ဒမ္ဘီလီ ကိုလည္း ၾကည့္ရဦးမယ္။

အေထာင္ တိုက္စစ္မွာ ဂ်ီ႐ူးကလည္း ရွိေနတယ္။

အဂၤလန္ အသင္းဟာ ရဲရဲသာ ကစားမယ္ ဆိုရင္ အခြင့္ေကာင္းေတြ ရရွိႏိုင္ပါတယ္။

ဒီပြဲ ရလဒ္ကေတာ့ သိပ္ကြာမယ္ မထင္ပါဘူး။အဂၤလန္ဟာ ကြာတားဖိုင္နယ္ အဆင့္ထိပဲ ေရာက္မယ္ လို႔ ကြၽန္ေတာ္ အရင္က ခန႔္မွန္းခဲ့တယ္။

အဲဒီလို ေျပာခဲ့တာ မွားပါေစ ဆုေတာင္းေနပါတယ္။”လို႔ ေျပာထားပါတယ္။

ဆက္တန္ရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ အဂၤလန္ ၁-၂ ျပင္သစ္ ျဖစ္ပါတယ္။