
ဘိုရိုရဲ့ဂိုးအတွက် မန်ယူအသင်း၊ ဖာဒီနန်နဲ့ မန်ယူပရိသတ်တွေပါအကြီးအကျယ်ပေါက်ကွဲနေ
မန်ယူအသင်းဟာ မစ်ဒယ်ဘရော့နဲ့ပွဲမှာပေးလိုက်ရတဲ့
ချေပဂိုးနဲ့ပတ်သက်ပြီး အသင်းသားတွေသာမက ပရိသတ်တွေပါ
ဒေါ သထွက်နေကြတယ်လို့ သိရပါတယ်။
အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ်အိုးလ်ထရက်ဖို့ဒ်မှာ
ကျင်းပခဲ့တဲ့ဒီပွဲမှာ မန်ယူ ဟာ ၇ မိနစ်ကတည်းက
ဆန်ချိုရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ၆၄ မိနစ်မှတော့
မစ်ဒယ်ဘရော့ကမက်ခရော့ ကဂိုးသွင်းခဲ့လို့ ၁-၁ သရေကျသွားခဲ့ပါတယ်။
တစ်ဖက်နဲ့တစ်ဖက်ဂိုးထပ်မသွင်းနိုင်တာကြောင့်
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ မစ်ဒယ် ဘရော့က
၈-၇ နဲ့အနိုင်ရကာနောက်တစ်ဆင့်တက်သွားပါတယ်။
ဒီမှာအငြင်းပွားစရာဖြစ်ခဲ့ရတာက မတ်ခရော့ဂိုးသွင်းဖို့အ တွက်
ဖန်တီးပေးခဲ့တဲ့ သူ့ကစားဖော် ဒန်ကန်ဝက်မိုး ဟာ
မန်ယူပင်နယ်တီဧရိယာအတွင်းမှာ လက်ထိဘောဖြစ်ခဲ့တာပါ။
ဝက် မိုးဟာ သူ့ဆီကိုရောက်လာတဲ့ ဘောလုံးကိုထိန်းလိုက်ရာမှာ
လက်ထိသွားခဲ့သေးလို့ ဒီဂိုးအတွက်
VAR ပြန်ကြည့်ပြီးဆုံးဖြတ် ဖို့ ဖြစ်ခဲ့ရပါတယ်။
မန်ယူအသင်းသားတွေက ဒီဂိုးကိုခွင့်ပြုမှာမဟုတ်ဘူးလို့ ထင်ခဲ့ကြသလို
မစ်ဒယ်ဘရော့အသင်းရဲ့ နည်းပြ တွေ၊ အရန်ကစားသမားတွေကလည်း
ဂိုးရမှာမဟုတ်ဘူးလို့သာထင်ခဲ့ကြတာပါ။
ဒါပေမယ့်ဒိုင်လူကြီး အန်သိုနီတေလာ က VAR ပြန်ကြည့်ပြီး
လက်ထိဘောက မတော်တဆ သာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့သလို
VAR ဒိုင်လူကြီး အတ်ဝဲလ်ကလည်း ဒီအတိုင်းဆုံးဖြတ်လိုက် တဲ့အတွက်
ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။
သူတို့နှစ်ယောက်စလုံးက ဘောလုံးဟာခြေထောက်နဲ့ထိကာ ကန်ထွက်ပြီး
လက် ကိုသွားထိခဲ့လို့ ရှင်းလင်းတဲ့ မတော်တဆမှုဖြစ်တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့်လည်း စီရော်နယ်ဒို ဦးဆောင် ပြီး ဒိုင်လူကြီးတေလာ ကို
ဝိုင်းပြီးစောဒကတက်ခဲ့ကြပေမယ့် ဘာမှမတတ်နိုင်ခဲ့ကြတော့ပါဘူး။
ပွဲအပြီးမှာမန်ယူပရိသတ်တွေ က အွန်လိုင်းပေါ်ကနေ
သူတို့ဒေါသတွေကဖွင့်ချခဲ့ကြသလို မန်ယူနောက်ခံလူဟောင်းဖြစ်တဲ့
ရီယိုဖာဒီနန်ကလည်း တွစ်တာ ကနေတစ်ဆင့်
” VAR ရဲ့ညွှန်းဆိုချက်က ဘာလဲ…” လို့ဆိုကာ
poo အီမိုဂျီတစ်ခုပါဖော်ပြကာ ပို့စ်တင်ခဲ့ပါတယ်။
ဒီပို့စ်ကို ဂိုးသမား ဒီဂီယာကလည်းပြန်ရှဲကာ
အံ့အားသင့်နေတဲ့ အီမိုဂျီထပ်ဖြည့်ခဲ့ပါသေးတယ်။
နာမည်ကျော်အစီအစဥ်တင်ဆက်သူတစ်ဦးဖြစ်တဲ့
ပီယာ့စ်မော်ဂန်ကလည်း သူ့တွစ်တာကနေ
” ဗြောင်ကျလွန်းတဲ့ လက်ထိ ဘောကို မြင်လိုက်ရဲ့သားနဲ့ဗျာ။
VAR ကတော်တော်လေးနုံချာတဲ့ ဟာသဘဲ” လိုဆိုသွားပါတယ်။
ပရိသတ်တွေကလည်း ” ငါတို့အခု Handball ကစားနေတာများလား”၊
” မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးသော VAR ဆုံးဖြတ်ချက်”လို့ရေးသားခဲ့ပါ တယ်။
zawgyi
ေျဗာင္က်လြန္းတဲ့ လက္ထိ ေဘာကို ျမင္လိုက္ရဲ႕သားနဲ႔ ဘို႐ိုရဲ႕ဂိုးကို VAR ၾကည့္ၿပီး ဂိုးသတ္မွတ္ေပးလိုက္တဲ့ အန္သိုနီေတလာ
ဘို႐ိုရဲ႕ဂိုးအတြက္ မန္ယူအသင္း၊ ဖာဒီနန္နဲ႔ မန္ယူပရိသတ္ေတြပါအႀကီးအက်ယ္ေပါက္ကြဲေန
မန္ယူအသင္းဟာ မစ္ဒယ္ဘေရာ့နဲ႔ပြဲမွာေပးလိုက္ရတဲ့
ေခ်ပဂိုးနဲ႔ပတ္သက္ၿပီး အသင္းသားေတြသာမက ပရိသတ္ေတြပါ
ေဒါ သထြက္ေနၾကတယ္လို႔ သိရပါတယ္။
အက္ဖ္ေအဖလား စတုတၳအဆင့္အျဖစ္အိုးလ္ထရက္ဖို႔ဒ္မွာ
က်င္းပခဲ့တဲ့ဒီပြဲမွာ မန္ယူ ဟာ ၇ မိနစ္ကတည္းက
ဆန္ခ်ိဳရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ၆၄ မိနစ္မွေတာ့
မစ္ဒယ္ဘေရာ့ကမက္ခေရာ့ ကဂိုးသြင္းခဲ့လို႔ ၁-၁ သေရက်သြားခဲ့ပါတယ္။
တစ္ဖက္နဲ႔တစ္ဖက္ဂိုးထပ္မသြင္းႏိုင္တာေၾကာင့္
ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာ မစ္ဒယ္ ဘေရာ့က
၈-၇ နဲ႔အႏိုင္ရကာေနာက္တစ္ဆင့္တက္သြားပါတယ္။
ဒီမွာအျငင္းပြားစရာျဖစ္ခဲ့ရတာက မတ္ခေရာ့ဂိုးသြင္းဖို႔အ တြက္
ဖန္တီးေပးခဲ့တဲ့ သူ႔ကစားေဖာ္ ဒန္ကန္ဝက္မိုး ဟာ
မန္ယူပင္နယ္တီဧရိယာအတြင္းမွာ လက္ထိေဘာျဖစ္ခဲ့တာပါ။
ဝက္ မိုးဟာ သူ႔ဆီကိုေရာက္လာတဲ့ ေဘာလုံးကိုထိန္းလိုက္ရာမွာ
လက္ထိသြားခဲ့ေသးလို႔ ဒီဂိုးအတြက္
VAR ျပန္ၾကည့္ၿပီးဆုံးျဖတ္ ဖို႔ ျဖစ္ခဲ့ရပါတယ္။
မန္ယူအသင္းသားေတြက ဒီဂိုးကိုခြင့္ျပဳမွာမဟုတ္ဘူးလို႔ ထင္ခဲ့ၾကသလို
မစ္ဒယ္ဘေရာ့အသင္းရဲ႕ နည္းျပ ေတြ၊ အရန္ကစားသမားေတြကလည္း
ဂိုးရမွာမဟုတ္ဘူးလို႔သာထင္ခဲ့ၾကတာပါ။
ဒါေပမယ့္ဒိုင္လူႀကီး အန္သိုနီေတလာ က VAR ျပန္ၾကည့္ၿပီး
လက္ထိေဘာက မေတာ္တဆ သာျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့သလို
VAR ဒိုင္လူႀကီး အတ္ဝဲလ္ကလည္း ဒီအတိုင္းဆုံးျဖတ္လိုက္ တဲ့အတြက္
ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။
သူတို႔ႏွစ္ေယာက္စလုံးက ေဘာလုံးဟာေျခေထာက္နဲ႔ထိကာ ကန္ထြက္ၿပီး
လက္ ကိုသြားထိခဲ့လို႔ ရွင္းလင္းတဲ့ မေတာ္တဆမႈျဖစ္တယ္လို႔ ယူဆခဲ့ၾကတာျဖစ္ပါတယ္။
ဒါေၾကာင့္လည္း စီေရာ္နယ္ဒို ဦးေဆာင္ ၿပီး ဒိုင္လူႀကီးေတလာ ကို
ဝိုင္းၿပီးေစာဒကတက္ခဲ့ၾကေပမယ့္ ဘာမွမတတ္ႏိုင္ခဲ့ၾကေတာ့ပါဘူး။
ပြဲအၿပီးမွာမန္ယူပရိသတ္ေတြ က အြန္လိုင္းေပၚကေန
သူတို႔ေဒါသေတြကဖြင့္ခ်ခဲ့ၾကသလို မန္ယူေနာက္ခံလူေဟာင္းျဖစ္တဲ့
ရီယိုဖာဒီနန္ကလည္း တြစ္တာ ကေနတစ္ဆင့္
” VAR ရဲ႕ၫႊန္းဆိုခ်က္က ဘာလဲ…” လို႔ဆိုကာ
poo အီမိုဂ်ီတစ္ခုပါေဖာ္ျပကာ ပို႔စ္တင္ခဲ့ပါတယ္။
ဒီပို႔စ္ကို ဂိုးသမား ဒီဂီယာကလည္းျပန္ရွဲကာ
အံ့အားသင့္ေနတဲ့ အီမိုဂ်ီထပ္ျဖည့္ခဲ့ပါေသးတယ္။
နာမည္ေက်ာ္အစီအစဥ္တင္ဆက္သူတစ္ဦးျဖစ္တဲ့
ပီယာ့စ္ေမာ္ဂန္ကလည္း သူ႔တြစ္တာကေန
” ေျဗာင္က်လြန္းတဲ့ လက္ထိ ေဘာကို ျမင္လိုက္ရဲ႕သားနဲ႔ဗ်ာ။
VAR ကေတာ္ေတာ္ေလးႏုံခ်ာတဲ့ ဟာသဘဲ” လိုဆိုသြားပါတယ္။
ပရိသတ္ေတြကလည္း ” ငါတို႔အခု Handball ကစားေနတာမ်ားလား”၊
” ျမင္ခဲ့သမွ်ထဲမွာ အဆိုး႐ြားဆုံးေသာ VAR ဆုံးျဖတ္ခ်က္”လို႔ေရးသားခဲ့ပါ တယ္။