
စတင်ဖြစ်ပွားနေပြီဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့်
ရုရှားနိုင်ငံသားဖြစ်တဲ့ ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ဟာလည်း
ဗြိတိန်ရဲအရေးယူပိတ်ဆို့မှုထဲမှာ ပါဝင်သွားခဲ့ပါပြီ။
ရိုမန်အေဘရာမိုဗစ်ချ်ဟာ ဗြိတိန်မှာ ခြေချခွင့်
ဘယ်တော့မှ ရတော့မှာမဟုတ်ဘူးလို့ အင်္ဂလန်က
နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ The Sun က ဖော်ပြခဲ့တာပါ။
အဲဒီရုရှားဘီလီလျံနာကို လန်ဒန်အခြေစိုက်ချဲလ်ဆီးအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့
စတမ်းဖို့ဒ်ဘရစ်ချ်မှာ မမြင်ရတော့တာလည်း လပေါင်းများစွာကြာနေပါပြီ။
ရုရှားဘက်က လုပ်ခဲ့တယ်ဆိုတဲ့ အဆိတ်ခတ်လုပ်ကြံမှုတွေဖြစ်တော့
အဲဒီရုရှားရေနံသူဌေးဟာ ဝေဖန်မှုတွေနဲ့ကြုံခဲ့ရပြီးနောက်
မစ္စတာမိုဗစ်ချ်ဟာ ၂၀၁၈ က ဗြိတိန်အဆင့် ၁
ရင်းနှီးမြှပ်နှံသူဗီဇာလျှောက်ထားမှုကို ရုပ်သိမ်းခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၈ မှာပဲ သူဟာ အစ္စရေးနိုင်ငံသားဖြစ်လာပြီး
ဗြိတိန်မှာ ၆ လအထိ နေထိုင်ခွင့်ရရှိခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့အောက်တိုဘာကပဲ အစ္စရေးပတ်စ်ပို့နဲ့ပဲ
လန်ဒန်ကို ခရီးတိုလာခဲ့ပါသေးတယ်။
ကြွယ်ဝမှုပေါင် ၈.၄ သန်းရှိတဲ့ မိုဗစ်ချ်ဟာ ရုရှားသမ္မတပူတင်ရဲ့
ကျောထောက်နောက်ခံတစ်ယောက်လို့ ရှုမြင်ခံထားရတာပါ။
သူဟာ ရုရှားအစိုးရနဲ့နီးစပ်တယ်ဆိုတာကိုတော့
မိုဗစ်ချ်ဘက်က ပြင်းပြင်းထန်ထန်ငြင်းဆန်ထားပါတယ်။
မိုဗစ်ချ်ဟာ လန်ဒန်က ကန်ဆင်တန်နန်းတော်အနီးမှာ
ပေါင် ၁၂၅ သန်းစံအိမ်ကို ပိုင်ဆိုင်ထားသူဖြစ်ပေမယ့်
လက်ရှိအခြေအနေအရ ဗြိတိန်မှာ သူအခြေချနိုင်မှာ မဟုတ်တော့ပါဘူး။
သူဟာ ၂၀၀၃ မှာ ချဲလ်ဆီးကို ဝယ်ယူခဲ့ပြီး အင်္ဂလန်ရဲ့
ဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တာပါ။
zawgyi
ၿဗိတိန္မွာ ေျခခ်ခြင့္ ဘယ္ေတာ့မွ ရေတာ့မွာမဟုတ္တဲ့ ေအဘရာမိုဗစ္ခ်္
စတင္ျဖစ္ပြားေနၿပီျဖစ္တဲ့ ႐ုရွား-ယူကရိန္းစစ္ပြဲေၾကာင့္
႐ုရွားႏိုင္ငံသားျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ခ်္ဟာလည္း
ၿဗိတိန္ရဲအေရးယူပိတ္ဆို႔မႈထဲမွာ ပါဝင္သြားခဲ့ပါၿပီ။
႐ိုမန္ေအဘရာမိုဗစ္ခ်္ဟာ ၿဗိတိန္မွာ ေျခခ်ခြင့္
ဘယ္ေတာ့မွ ရေတာ့မွာမဟုတ္ဘူးလို႔ အဂၤလန္က
နာမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ The Sun က ေဖာ္ျပခဲ့တာပါ။
အဲဒီ႐ုရွားဘီလီလ်ံနာကို လန္ဒန္အေျခစိုက္ခ်ဲလ္ဆီးအသင္းရဲ႕အိမ္ကြင္းျဖစ္တဲ့
စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ မျမင္ရေတာ့တာလည္း လေပါင္းမ်ားစြာၾကာေနပါၿပီ။
႐ုရွားဘက္က လုပ္ခဲ့တယ္ဆိုတဲ့ အဆိတ္ခတ္လုပ္ႀကံမႈေတြျဖစ္ေတာ့
အဲဒီ႐ုရွားေရနံသူေဌးဟာ ေဝဖန္မႈေတြနဲ႔ႀကဳံခဲ့ရၿပီးေနာက္
မစၥတာမိုဗစ္ခ်္ဟာ ၂၀၁၈ က ၿဗိတိန္အဆင့္ ၁
ရင္းႏွီးျမႇပ္ႏွံသူဗီဇာေလွ်ာက္ထားမႈကို ႐ုပ္သိမ္းခဲ့ပါတယ္။
အဲဒီေနာက္ ၂၀၁၈ မွာပဲ သူဟာ အစၥေရးႏိုင္ငံသားျဖစ္လာၿပီး
ၿဗိတိန္မွာ ၆ လအထိ ေနထိုင္ခြင့္ရရွိခဲ့တာပါ။
သူဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာကပဲ အစၥေရးပတ္စ္ပို႔နဲ႔ပဲ
လန္ဒန္ကို ခရီးတိုလာခဲ့ပါေသးတယ္။
ႂကြယ္ဝမႈေပါင္ ၈.၄ သန္းရွိတဲ့ မိုဗစ္ခ်္ဟာ ႐ုရွားသမၼတပူတင္ရဲ႕
ေက်ာေထာက္ေနာက္ခံတစ္ေယာက္လို႔ ရႈျမင္ခံထားရတာပါ။
သူဟာ ႐ုရွားအစိုးရနဲ႔နီးစပ္တယ္ဆိုတာကိုေတာ့
မိုဗစ္ခ်္ဘက္က ျပင္းျပင္းထန္ထန္ျငင္းဆန္ထားပါတယ္။
မိုဗစ္ခ်္ဟာ လန္ဒန္က ကန္ဆင္တန္နန္းေတာ္အနီးမွာ
ေပါင္ ၁၂၅ သန္းစံအိမ္ကို ပိုင္ဆိုင္ထားသူျဖစ္ေပမယ့္
လက္ရွိအေျခအေနအရ ၿဗိတိန္မွာ သူအေျခခ်ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။
သူဟာ ၂၀၀၃ မွာ ခ်ဲလ္ဆီးကို ဝယ္ယူခဲ့ၿပီး အဂၤလန္ရဲ႕
ဟဲဗီးဝိတ္အသင္းတစ္သင္းျဖစ္ေအာင္ ေျပာင္းလဲႏိုင္ခဲ့တာပါ။