ဗြိတိန်နှစ်သင်းရဲ့ ချန်ပီယံလိဂ် သမိုင်းဝင်တွေ့ဆုံမှု

ဒီရာသီချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမဲခွဲအပြီးမှာတော့ လီဗာပူးနဲ့ ရိန်းဂျား တစ်အုပ်စုတည်းကျခဲ့ပြီး ဒါဟာ ဗြိတိန် နှစ်သင်းအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် သမိုင်းဝင်တွေ့ဆုံမှုဖြစ်နေခဲ့ပါတယ်။ နည်းပြ ဗန်ဘရွန်ခရော့ တာဝန်ယူနေတဲ့ ရိန်းဂျားဟာ

ပလေးအော့ဖ်ပွဲစဉ်မှာ ပီအက်စ်ဗွီကိုအနိုင်ရပြီး ၂၀၁၀ နောက်ပိုင်း ချန်ပီယံလိဂ်အုပ်စု အဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်လာနိုင်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်ရိန်းဂျားအတွက်တော့ စိန်ခေါ်မှုတွေကကြီးမားနေခဲ့တာပါ။

အုပ်(A) လီဗာပူး၊ အေဂျက်၊ နာပိုလီတို့နဲ့ တစ်အုပ်စုတည်းကျနေခဲ့တာဖြစ်ပါ တယ်။ ရာသီစမှာ ရလဒ်ဆိုးတွေနဲ့ကြုံနေရပေမယ့် ပြီခဲ့တဲ့နှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ထားတဲ့လီဗာပူးကတော့ ဒီအုပ်စုမှာ ရေပန်းအစားဆုံးအသင်းအဖြစ်ဆက်ရှိနေပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ မျှတဲ့ပြိုင်ဘက် ကောင်းတွေရဲ့တွေ့ဆုံမှုဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ပထမဆုံးအကြိမ်တွေ့ဆုံမယ့် ရိန်းဂျားဟာ ပြိုင်ဘက်ကောင်း အသင်းတစ်သင်းဖြစ်သလို ပွဲစဉ် ၆ပွဲလုံးကိုအပြင်းအထန်ရင်ဆိုင်သွားရမှာဖြစ်တယ်လို့လည်း ကလော့ပ်ကပြောထားပါတယ်။

ဒီရာသီမှာ ပေါင် ၅၁ သန်းနဲ့ မန်စီးတီးကိုရောက်လာခဲ့တဲ့ ဟာလန်းကတော့ အသင်းဟောင်း ဒေါ့မွန်နဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ အုစ်စု(G)မှာ ဒေါ့မွန်၊ ဆီဗီလာ၊ ကိုပင်ဟေဂင်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ နည်းပြကွန်တီရဲ့ စပါး ကတော့ အုပ်စု(D)မှာ ဖရန့်ဖတ်၊ စပို့တင်းလစ္စဘွန်း၊

မာဆေးလ်တို့နဲ့ တွေ့နေခဲ့ပြီး အုပ်စုအဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ ရေပန်းစားနေခဲ့ပါတယ်။ ချန်ပီယံဆုကိုနှစ်ကြိမ်ရယူထားနိုင်တဲ့ ချဲလ်ဆီးကတော့ အေစီမီလန်၊ ဆဲလ်ဘတ်၊ ဒိုင်နမိုဇာဂရက်တို့နဲ့ အုပ်စု(E)မှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အေစီမီလန်ကိုရောက် လာတဲ့ တိုမိုရီအတွက်တော့ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ဆုံတွေ့ခွင့် ရနေခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံရီးရဲလ်ကတော့ အုပ်စု(F)မှာ လစ်ဇစ်၊ ဆဲလ်တစ်၊ ရှက်တာဒိုးနက်စ်တို့နဲ့ ယှဉ်ပြိုင်သွားရမှာပါ။

ရှက်တာ ဒိုးနက်စ်ရဲ့ အိမ်ကွင်းပွဲစဉ်တွေကိုတော့ ပိုလန်မှာကျင်းပသွားမှာဖြစ်ပါတယ်။ အုပ်စု(C)မှာတော့ နာမည်ကြီးအသင်း တွေဖြစ်တဲ့ ဘိုင်ယန်၊ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ပယ်ဇန်တို့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အုပ်စု(H)မှာတော့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်၊ ဘင်ဖီကာနဲ့ မက္ကာဘီဟိုင်ဖာတို့ဆုံတွေ့နေခဲ့တာဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲတွေကို စက်တင်ဘာ ၆ ရက်နဲ့ ၇ရက်မှာ စတင်မှာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

(zawgyi)

ဒီရာသီခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြမဲခြဲအၿပီးမွာေတာ့ လီဗာပူးနဲ႔ ရိန္းဂ်ား တစ္အုပ္စုတည္းက်ခဲ့ၿပီး ဒါဟာ ၿဗိတိန္ ႏွစ္သင္းအတြက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ သမိုင္းဝင္ေတြ႕ဆုံမႈျဖစ္ေနခဲ့ပါတယ္။ နည္းျပ ဗန္ဘ႐ြန္ခေရာ့ တာဝန္ယူေနတဲ့ ရိန္းဂ်ားဟာ

ပေလးေအာ့ဖ္ပြဲစဥ္မွာ ပီအက္စ္ဗြီကိုအႏိုင္ရၿပီး ၂၀၁၀ ေနာက္ပိုင္း ခ်န္ပီယံလိဂ္အုပ္စု အဆင့္ကို ပထမဆုံးအႀကိမ္ ျပန္လည္တက္ေရာက္လာႏိုင္တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ရိန္းဂ်ားအတြက္ေတာ့ စိန္ေခၚမႈေတြကႀကီးမားေနခဲ့တာပါ။ အုပ္(A) လီဗာပူး၊ ေအဂ်က္၊

နာပိုလီတို႔နဲ႔ တစ္အုပ္စုတည္းက်ေနခဲ့တာျဖစ္ပါ တယ္။ ရာသီစမွာ ရလဒ္ဆိုးေတြနဲ႔ႀကဳံေနရေပမယ့္ ၿပီခဲ့တဲ့ႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ထားတဲ့လီဗာပူးကေတာ့ ဒီအုပ္စုမွာ ေရပန္းအစားဆုံးအသင္းအျဖစ္ဆက္ရွိေနပါတယ္။ လီဗာပူးနည္းျပ ကေလာ့ပ္ကေတာ့ မွ်တဲ့ၿပိဳင္ဘက္

ေကာင္းေတြရဲ႕ေတြ႕ဆုံမႈျဖစ္တယ္လို႔ဆိုထားပါတယ္။ ဒါ့အျပင္ ပထမဆုံးအႀကိမ္ေတြ႕ဆုံမယ့္ ရိန္းဂ်ားဟာ ၿပိဳင္ဘက္ေကာင္း အသင္းတစ္သင္းျဖစ္သလို ပြဲစဥ္ ၆ပြဲလုံးကိုအျပင္းအထန္ရင္ဆိုင္သြားရမွာျဖစ္တယ္လို႔လည္း ကေလာ့ပ္ကေျပာထားပါတယ္။

ဒီရာသီမွာ ေပါင္ ၅၁ သန္းနဲ႔ မန္စီးတီးကိုေရာက္လာခဲ့တဲ့ ဟာလန္းကေတာ့ အသင္းေဟာင္း ေဒါ့မြန္နဲ႔ ျပန္လည္ရင္ဆိုင္ရေတာ့မွာပါ။ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးဟာ အုစ္စု(G)မွာ ေဒါ့မြန္၊ ဆီဗီလာ၊ ကိုပင္ေဟဂင္တို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနတာျဖစ္ပါတယ္။

နည္းျပကြန္တီရဲ႕ စပါး ကေတာ့ အုပ္စု(D)မွာ ဖရန႔္ဖတ္၊ စပို႔တင္းလစၥဘြန္း၊ မာေဆးလ္တို႔နဲ႔ ေတြ႕ေနခဲ့ၿပီး အုပ္စုအဆင့္ကို အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္ဖို႔ ေရပန္းစားေနခဲ့ပါတယ္။ ခ်န္ပီယံဆုကိုႏွစ္ႀကိမ္ရယူထားႏိုင္တဲ့ ခ်ဲလ္ဆီးကေတာ့ ေအစီမီလန္၊ ဆဲလ္ဘတ္၊

ဒိုင္နမိုဇာဂရက္တို႔နဲ႔ အုပ္စု(E)မွာ ပါဝင္ေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ေအစီမီလန္ကိုေရာက္ လာတဲ့ တိုမိုရီအတြက္ေတာ့ အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ျပန္လည္ဆုံေတြ႕ခြင့္ ရေနခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိ ခ်န္ပီယံရီးရဲလ္ကေတာ့ အုပ္စု(F)မွာ လစ္ဇစ္၊ ဆဲလ္တစ္၊

ရွက္တာဒိုးနက္စ္တို႔နဲ႔ ယွဥ္ၿပိဳင္သြားရမွာပါ။ ရွက္တာ ဒိုးနက္စ္ရဲ႕ အိမ္ကြင္းပြဲစဥ္ေတြကိုေတာ့ ပိုလန္မွာက်င္းပသြားမွာျဖစ္ပါတယ္။ အုပ္စု(C)မွာေတာ့ နာမည္ႀကီးအသင္း ေတြျဖစ္တဲ့ ဘိုင္ယန္၊ ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ပယ္ဇန္တို႔ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အုပ္စု(H)မွာေတာ့ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္၊ ဘင္ဖီကာနဲ႔ မကၠာဘီဟိုင္ဖာတို႔ဆုံေတြ႕ေနခဲ့တာျဖစ္ပါတယ္။ အုပ္စုအဖြင့္ပြဲေတြကို စက္တင္ဘာ ၆ ရက္နဲ႔ ၇ရက္မွာ စတင္မွာျဖစ္ၿပီး ႏိုဝင္ဘာ ၁ ရက္နဲ႔ ၂ ရက္မွာ ၿပီးဆုံးမွာျဖစ္ပါတယ္။