ဗီလာ-မန်ယူပွဲစဉ်ကို ဘောလုံးရေးရာကျွမ်းကျင်သူပေါလ်မာဆင် ဘယ်လို ခန့်မှန်းသလဲ

ဗီလာပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမယ့် အက်စ်တွန်ဗီလာ-မန်ယူပွဲစဉ်အတွက် ဘောလုံးရေးရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး Sky Sport ရဲ့ ဘောလုံးရေးရာ

သုံးသပ်ဝေဖန်သူတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆင်က သူ့ရဲ့ ခန့်မှန်းချက်နဲ့ ပတ်သက်ပြီး ထုတ်ပြောလာခဲ့ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့

ယူရိုပါလိဂ် ပွဲစဉ်မှာ ဆိုစီဒက်ကို စပိန်မြေမှာ ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့တဲ့ အသင်းပါ။ ဒါ့အပြင် အဲဒီအပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ဝက်စ်ဟမ်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပေးဂိုးမရှိခဲ့တဲ့ ခံစစ်က အားသာချက်တွေ ရှိနေတယ်လို့ မာဆင်က

သုံးသပ်ခဲ့ပါတယ်။ အဆင့် ၁၆ နေရာမှာ ရောက်နေတဲ့ ဗီလာကတော့နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ ရှုံးထားပြီး နယူးကာဆယ်ကို ၄-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်က

တော်တော်လေး ရုပ်ပေါက်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ပုံစံကောင်းရနေတဲ့ မန်ယူအတွက် ဗီလာဟာ ပြိုင်ဘက်ကောင်း မဟုတ်ဘူးလို့ အာဆင်နယ်

ကစားသမားဟောင်းကြီးက ယုံကြည်နေပါတယ်။ ဒီပွဲအပေါ် သူ့ ရဲ့အမြင်နဲ့ ပတ်သက်ပြီး မာဆင်က ပြောဆိုခဲ့ရာမှာတော့ ‘’မန်ယူက အခုဆိုရင် ပိုကောင်းတဲ့ အသင်းပါ။

လက်ရှိအချိန်အထိ နည်းပြတန်ဟတ် လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းကို အထင်ကြီးတယ်။ သူတို့က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ

သူတို့ အရင်က ကစားလေ့ရှိတဲ့ ပုံစံမျိုးနဲ့ ကစားခဲ့တာပါ။ အခုဆိုရင် သူတို့က ကံကြမ္မာရဲ့ ဖေးမမှုလည်း ရနေပြီဖြစ်တာ ကြောင့် အနိုင်ရပါလိမ့်မယ်။

ရက်ရှ်ဖို့ဒ်ကတော့ တိုက်စစ်မှာ တကယ့်ကို ဒေါင် ဒေါင်မြည်ပဲ။ သူက ကမ္ဘာ့ဖလားရဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာမှာပါ။ မန်ယူဟာ အခုဆိုရင် ၈

ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားတဲ့ အသင်းဖြစ် နေတယ်။ သူတို့ဟာ ချဲလ်ဆီး၊ စပါး၊ နယူးကာဆယ်တို့လို အသင်းကြီးတွေနဲ့ ဒီကာလမှာ ရင်ဆိုင်ခဲ့ရပြီး

အရမ်းလည်း ကောင်းခဲ့ပါတယ်။ ဒီပွဲမှာ သူတို့ အမှတ်လျော့သွားခဲ့ရင်သာ အံ့အားသင့်စရာ ဖြစ်ရမှာပါ’’ လို့ သုံးသပ်ခဲ့ပါ တယ်။ ဒါ့အပြင် ဒီပွဲမှာ မန်ယူဟာ

အိမ်ရှင်အသင်းကို ဖိကစားပြီး ၂-၀ ဂိုးနဲ့ အနိုင်ရဖို့ ရှိနေတယ်လို့ မာဆင်က သုံးသပ်ခဲ့ပါတယ်။

(Zawgyi)

ဗီလာ-မန္ယူပြဲစဥ္ကို ေဘာလုံးေရးရာကြၽမ္းက်င္သူေပါလ္မာဆင္ ဘယ္လို ခန႔္မွန္းသလဲ

ဗီလာပါ့ခ္မွာ ယွဥ္ၿပိဳင္ကစားၾကမယ့္ အက္စ္တြန္ဗီလာ-မန္ယူပြဲစဥ္အတြက္ ေဘာလုံးေရးရာ ကြၽမ္းက်င္သူတစ္ေယာက္ျဖစ္ၿပီး Sky Sport ရဲ႕ ေဘာလုံး ေရးရာ

သုံးသပ္ေဝဖန္သူတစ္ေယာက္အျဖစ္ လုပ္ကိုင္ေနတဲ့ ေပါလ္မာဆင္ က သူ႔ရဲ႕ ခန႔္မွန္းခ်က္နဲ႔ ပတ္သက္ၿပီး ထုတ္ေျပာလာခဲ့ပါတယ္။ မန္ယူူဟာ ၿပီး ခဲ့တဲ့ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာ

ဆိုစီဒက္ကို စပိန္ေျမမွာ ၁-၀ ဂိုးနဲ႔ အႏိုင္ယူၿပီး ရ လဒ္ေကာင္း ရယူႏိုင္ခဲ့တဲ့ အသင္းပါ။ ဒါ့အျပင္ အဲဒီအပြဲစဥ္မတိုင္ခင္ ကစားခဲ့ တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း ဝက္စ္ဟမ္းကို ၁-၀ ဂိုးနဲ႔

အႏိုင္ရခဲ့တာ ေၾကာင့္ ေပးဂိုးမရွိခဲ့တဲ့ ခံစစ္က အားသာခ်က္ေတြ ရွိေနတယ္လို႔ မာဆင္က သုံးသပ္ခဲ့ပါတယ္။ အဆင့္ ၁၆ ေနရာမွာ ေရာက္ေနတဲ့ ဗီလာကေတာ့

ေနာက္ ဆုံးကစားခဲ့တဲ့ ၄ ပြဲမွာ ၃ ပြဲ ရႈံးထားၿပီး နယူးကာဆယ္ကို ၄-၀ ဂိုးနဲ႔ ရႈံးခဲ့တဲ့ ပြဲစဥ္က ေတာ္ေတာ္ေလး ႐ုပ္ေပါက္ခဲ့တာ ေတြ႕ရပါတယ္။

ဒါေၾကာင့္ ပုံစံ ေကာင္းရေနတဲ့ မန္ယူအတြက္ ဗီလာဟာ ၿပိဳင္ဘက္ေကာင္း မဟုတ္ဘူးလို႔ အာဆင္နယ္ ကစားသမားေဟာင္းႀကီးက ယုံၾကည္ေနပါတယ္။

ဒီပြဲအေပၚ သူ႔ ရဲ႕အျမင္နဲ႔ ပတ္သက္ၿပီး မာဆင္က ေျပာဆိုခဲ့ရာမွာေတာ့ ‘’မန္ယူက အခုဆို ရင္ ပိုေကာင္းတဲ့ အသင္းပါ။ လက္ရွိအခ်ိန္အထိ နည္းျပတန္ဟတ္

လုပ္ေန တာေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္းကို အထင္ႀကီးတယ္။ သူတို႔က ဝက္စ္ဟမ္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ သူတို႔ အရင္က ကစားေလ့ရွိတဲ့

ပုံစံမ်ိဳးနဲ႔ ကစားခဲ့တာပါ။ အခုဆိုရင္ သူတို႔က ကံၾကမၼာရဲ႕ ေဖးမမႈလည္း ရေနၿပီျဖစ္တာ ေၾကာင့္ အႏိုင္ရပါလိမ့္မယ္။ ရက္ရွ္ဖို႔ဒ္ကေတာ့ တိုက္စစ္မွာ

တကယ့္ကို ေဒါင္ ေဒါင္ျမည္ပဲ။ သူက ကမာၻ႔ဖလားရဲ႕ အဂၤလန္အသင္းလူစာရင္းမွာ ပါဝင္လာမွာ ပါ။ မန္ယူဟာ အခုဆိုရင္ ၈ ပြဲဆက္တိုက္ ရႈံးပြဲမရွိ

ကစားထားတဲ့ အသင္းျဖစ္ ေနတယ္။ သူတို႔ဟာ ခ်ဲလ္ဆီး၊ စပါး၊ နယူးကာဆယ္တို႔လို အသင္းႀကီးေတြနဲ႔ ဒီကာလမွာ ရင္ဆိုင္ခဲ့ရၿပီး အရမ္းလည္း ေကာင္းခဲ့ပါတယ္။

ဒီပြဲမွာ သူတို႔ အမွတ္ေလ်ာ့သြားခဲ့ရင္သာ အံ့အားသင့္စရာ ျဖစ္ရမွာပါ’’ လို႔ သုံးသပ္ခဲ့ပါ တယ္။ ဒါ့အျပင္ ဒီပြဲမွာ မန္ယူဟာ အိမ္ရွင္အသင္းကို

ဖိကစားၿပီး ၂-၀ ဂိုးနဲ႔ အႏိုင္ရဖို႔ ရွိေနတယ္လို႔ မာဆင္က သုံးသပ္ခဲ့ပါတယ္။