ဗီလာရောက်မှ ကမ္ဘာ့အဆင့်ခြေစွမ်းပြန်ရလာတဲ့ ကော်တင်ဟို

အက်စ်တွန်ဗီလာအသင်းဟာ လိဒ်နဲ့အိမ်ကွင်းပရီးမီးယားလိဂ်ပွဲမှာ

၃-၃ သရေကျခဲ့ပေမယ့် ဒီပွဲက ကော်တင်ဟိုရဲ့ခြေစွမ်းကိုတော့ ပရိသတ်တွေက

မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာကနေ

အငှားလာကစားနေ တဲ့ ကော်တင်ဟို ဟာဒီပွဲမှာ လိဒ်ကစားသမားတွေကို

အမျိုးမျိုးလှည့်စားနိုင်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်းတစ်ဂိုးသွင်းပြီး ဗီလာရခဲ့တဲ့

နောက် ၂ ဂိုးကိုလည်း သူဘဲလှပစွာဖန်တီးပေးခဲ့တာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ

ဗီလာကိုအငှားရောက်လာတဲ့ ကော်တင်ဟို ဟာအသင်းအတွက် ၃ ပွဲသာ

ကစားရသေးပေမယ့် အချိန်တိုအတွင်းမှာခြေစွမ်းပြနိုင်တာကြောင့်လည်း

ပရိသတ်တွေကသဘောကျနေကြပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာမှာရော ဘိုင်ယန်မြူးနစ်မှာပါ

ထင်သလောက်အောင်မြင်ခဲ့ခြင်းမရှိလို့ ဗီလာအတွက် သူအစွမ်းပြနိုင်ပါ့မလားဆိုပြီး

စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကော်တင်ဟိုဟာ မန်ယူနဲ့ပွဲမှာလည်း လူစားဝင်ပြီး

ဂိုးသွင်းခဲ့သလို လိဒ်နဲ့ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့တာပါ။ ကော်တင်ဟိုရဲ့ခြေစွမ်းနဲ့အတူ

ဗီလာ ဟာလည်းကစားပုံကောင်းခဲ့လို့ သူတို့ရဲ့ပွဲကို ဒီရာသီရဲ့ဖျော်ဖြေမှုအပေးနိုင်ဆုံးသော

ပွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒီပွဲမှာလိဒ်က

ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ကော်တင်ဟိုက မိနစ် ၃၀ မှာချေပခဲ့တာပါ။

ကစားဖော်ရမ်းဆေးရဲ့သွင်းဂိုးတွေကိုလည်း သူကဘဲလှပစွာဖန်တီးပေးခဲ့တာဖြစ်ပြီး

ဗီလာဟာ ပထမပိုင်းမှာ ၃-၁ နဲ့ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းပြန်စပြီ

းမကြာခင်မှာ လိဒ်ကတစ်ဂိုးချေပခဲ့ပြီး ၆၃ မိနစ်မှာ နောက်တစ်ဂိုးသွင်းခဲ့လို့

၃-၃ သရေကျခဲ့တာကြောင့်ကော်တင်ဟို ခြေစွမ်းပြကျိုးမနပ်ခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တွစတာမှာတော့သူ့စွမ်းရည်နဲ့ပတ်သက်ပြီး ချီးကျူးမှုတွေ

အများကြီးရှိနေပါတယ်။ ဒီပို့စ်တွေကတော့” ဘောလုံးပွဲတွေက သူ့ဟန်ချက်ကို

ပြန်တွေ့ခဲ့လို့ သူ့အတွက်ကျေနပ်ရတယ်”၊ ” မဟားတရားကြီးကို အံ့အားသင့်ရလောက်အောင်

ခြေစွမ်းပြ သွားတာပါ။ ကမ္ဘာ့အဆင့်ပါဘဲ”၊ ” ဇာဗီက ကော်တင်ဟိုကို

ဘယ်လိုသုံးရမလဲ မသိခဲ့တာကို ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူး” အစရှိသဖြင့်

ရေးသားခဲ့ကြပါတယ်။ ဗီလာ ဟာကော်တင်ဟိုရဲ့ခြေစွမ်းကို သဘောကျရင်ရာသီကုန်ချိန်မှ

ာပေါင် ၃၃ သန်းနဲ့ ဝယ်ယူလို့ရနိုင်မယ့်သဘောတူညီချက်ရှိထားလို့ ဒီခြေစွမ်းနဲ့ဆိုရင်

အဲဒီပမာဏကို သူတို့သုံးစွဲဖို့သေချာသလောက်ရှိနေပါတယ်။

Zawgyi

ဗီလာေရာက္မွ ကမာၻ႔အဆင့္ေျခစြမ္းျပန္ရလာတဲ့ ေကာ္တင္ဟို

အက္စ္တြန္ဗီလာအသင္းဟာ လိဒ္နဲ႔အိမ္ကြင္းပရီးမီးယားလိဂ္ပြဲမွာ

၃-၃ သေရက်ခဲ့ေပမယ့္ ဒီပြဲက ေကာ္တင္ဟိုရဲ႕ေျခစြမ္းကိုေတာ့ ပရိသတ္ေတြက

မခ်ီးက်ဴးဘဲ မေနႏိုင္ေအာင္ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဘာစီလိုနာကေန

အငွားလာကစားေန တဲ့ ေကာ္တင္ဟို ဟာဒီပြဲမွာ လိဒ္ကစားသမားေတြကို

အမ်ိဳးမ်ိဳးလွည့္စားႏိုင္ခဲ့တဲ့အျပင္ ကိုယ္တိုင္လည္းတစ္ဂိုးသြင္းၿပီး ဗီလာရခဲ့တဲ့

ေနာက္ ၂ ဂိုးကိုလည္း သူဘဲလွပစြာဖန္တီးေပးခဲ့တာပါ။ ၿပီးခဲ့တဲ့ဇန္နဝါရီလကမွ

ဗီလာကိုအငွားေရာက္လာတဲ့ ေကာ္တင္ဟို ဟာအသင္းအတြက္ ၃ ပြဲသာ

ကစားရေသးေပမယ့္ အခ်ိန္တိုအတြင္းမွာေျခစြမ္းျပႏိုင္တာေၾကာင့္လည္း

ပရိသတ္ေတြကသေဘာက်ေနၾကပါတယ္။

 

အသက္ ၂၉ ႏွစ္ရွိတဲ့ ေကာ္တင္ဟိုဟာ ဘာစီလိုနာမွာေရာ ဘိုင္ယန္ျမဴးနစ္မွာပါ

ထင္သေလာက္ေအာင္ျမင္ခဲ့ျခင္းမရွိလို႔ ဗီလာအတြက္ သူအစြမ္းျပႏိုင္ပါ့မလားဆိုၿပီး

စိုးရိမ္မႈေတြရွိခဲ့ပါတယ္။ ဒါေပမယ့္ ေကာ္တင္ဟိုဟာ မန္ယူနဲ႔ပြဲမွာလည္း လူစားဝင္ၿပီး

ဂိုးသြင္းခဲ့သလို လိဒ္နဲ႔ပြဲမွာလည္း ေျခစြမ္းျပႏိုင္ခဲ့တာပါ။ ေကာ္တင္ဟိုရဲ႕ေျခစြမ္းနဲ႔အတူ

ဗီလာ ဟာလည္းကစားပုံေကာင္းခဲ့လို႔ သူတို႔ရဲ႕ပြဲကို ဒီရာသီရဲ႕ေဖ်ာ္ေျဖမႈအေပးႏိုင္ဆုံးေသာ

ပြဲေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္တယ္လို႔ သတ္မွတ္ၾကပါတယ္။ ဒီပြဲမွာလိဒ္က

ဦးေဆာင္ဂိုးသြင္းခဲ့ေပမယ့္ ေကာ္တင္ဟိုက မိနစ္ ၃၀ မွာေခ်ပခဲ့တာပါ။

ကစားေဖာ္ရမ္းေဆးရဲ႕သြင္းဂိုးေတြကိုလည္း သူကဘဲလွပစြာဖန္တီးေပးခဲ့တာျဖစ္ၿပီး

ဗီလာဟာ ပထမပိုင္းမွာ ၃-၁ နဲ႔ဦးေဆာင္ခဲ့တာပါ။ ဒါေပမယ့္ ဒုတိယပိုင္းျပန္စၿပီ

းမၾကာခင္မွာ လိဒ္ကတစ္ဂိုးေခ်ပခဲ့ၿပီး ၆၃ မိနစ္မွာ ေနာက္တစ္ဂိုးသြင္းခဲ့လို႔

၃-၃ သေရက်ခဲ့တာေၾကာင့္ေကာ္တင္ဟို ေျခစြမ္းျပက်ိဳးမနပ္ခဲ့တဲ့ပြဲျဖစ္ခဲ့ပါတယ္။

 

ဒါေပမယ့္ တြစတာမွာေတာ့သူ႔စြမ္းရည္နဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးမႈေတြ

အမ်ားႀကီးရွိေနပါတယ္။ ဒီပို႔စ္ေတြကေတာ့” ေဘာလုံးပြဲေတြက သူ႔ဟန္ခ်က္ကို

ျပန္ေတြ႕ခဲ့လို႔ သူ႔အတြက္ေက်နပ္ရတယ္”၊ ” မဟားတရားႀကီးကို အံ့အားသင့္ရေလာက္ေအာင္

ေျခစြမ္းျပ သြားတာပါ။ ကမာၻ႔အဆင့္ပါဘဲ”၊ ” ဇာဗီက ေကာ္တင္ဟိုကို

ဘယ္လိုသုံးရမလဲ မသိခဲ့တာကို က်ဳပ္ျဖင့္အံ့ဩလို႔မဆုံးဘူး” အစရွိသျဖင့္

ေရးသားခဲ့ၾကပါတယ္။ ဗီလာ ဟာေကာ္တင္ဟိုရဲ႕ေျခစြမ္းကို သေဘာက်ရင္ရာသီကုန္ခ်ိန္မွ

ာေပါင္ ၃၃ သန္းနဲ႔ ဝယ္ယူလို႔ရႏိုင္မယ့္သေဘာတူညီခ်က္ရွိထားလို႔ ဒီေျခစြမ္းနဲ႔ဆိုရင္

အဲဒီပမာဏကို သူတို႔သုံးစြဲဖို႔ေသခ်ာသေလာက္ရွိေနပါ တယ္။