ဗီလာနဲ့ပွဲမှ စိတ်ပျက်စရာခြေစွမ်းအတွက် ကိုယ့်ပရိသတ်တွေရဲ့ဝေဖန်ခံနေရတဲ့ ဗြိတိန်ဝေဋ္ဌုကျော်

ယူနိုက်တက်အသင်းဟာ ယမန်နေ့ညက

အက်ဖ်အေဖလားမှာ ဗီလာကို
၁-၀ ဂိုးနဲ့အနိုင်ရကာ နောက်တစ်ဆင့်
တက်ရောက်နိုင်ခဲ့ပေမယ့် တိုက်စစ်မှူး
မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ သူ့ရဲ့
ဆိုးရွားတဲ့ခြေစွမ်းကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်ဟာ ၈မိနစ်မှာ
သွင်းယူခဲ့တဲ့ မက်တိုမီနေးရဲ့ဂိုးကြောင့်
စတုတ္ထအဆင့် တက်ရောက်နိုင်ခဲ့ပေမယ့်
ဗီလာကလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး

ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက
ဗီလာရဲ့သွင်းဂိုး ၂ဂိုးကို ငြင်းဆန်ခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေဟာ သူတို့အသင်းရဲ့
စွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေပြီး
အထူးသဖြင့် ပရဟိတတွေ လုပ်လွန်းလို့

ဗြိတိန်ဝေဋ္ဌုကျော်လို့ နာမည်ကြီးနေတဲ့
ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းအပေါ် ဝေဖန်ခဲ့ကြပါတယ်။


”ဒီရာသီမှာ ရက်ရှ်ဖို့ဒ်

သေချာပေါက်ကို တစ်ခုခုမှားနေပါပြီ”
”ရက်ရှ်ဖို့ဒ်ရဲ့ပြဿနာက ဘောလုံးနဲ့မဆိုင်လောက်ဘူး။
သူ့ကို ကြည့်လိုက်ဦး။ မရယ်မပြုံးဘဲ တွေ့နေရတာ
လနဲ့ချီ ကြာနေပြီ”လို့ ယူနိုက်တက်ပရိသတ်တွေက
တွစ်တာမှာ အသီးသီးရေးသားခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန် ၇၃မိနစ်မှာ ဗီလာဧရိယာအတွင်း
ဘောလုံး ထွက်လာတာကို ပိတ်သွင်းဖို့
ကြိုးတောင်မကြိုးစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့
လုပ်ရပ်ကိုလည်း ယူနိုက်တက်ပရိသတ်တွေ
စိတ်အပျက်ကြီး ပျက်နေကြပါတယ်။


”သူ့ရဲ့ယုံကြည်မှုက အနိမ့်ဆုံးရောက်နေပါပြီ။
ကိုယ့်ဆီ ရောက်လာတော့မယ့် ဘောလုံးကို
ဂိုးထဲ ကန်သွင်းဖို့တောင် မကြိုးစားတဲ့အနေအထားက

ယုံနိုင်စရာတောင်မရှိပါဘူး။ စိတ်ထဲမှာလည်း
ဆုတောင်းနေမိပါတယ်။ လင်ဂတ်လိုဖြစ်မသွားပါစေနဲ့ဆိုပြီးတော့ပေါ့”
”ရက်ရှ်ဖို့ဒ် ဘာများဖြစ်နေတာလဲ။ သူ့ရဲ့
body language ကလည်း ရှော့ခ်ဖြစ်စရာပဲ။
ကိုယ်က ပိတ်သွင်းဖို့ ကြိုးစားရမှာကို

သူက အားလျှော့ပြီး ပြန်လျှောက်သွားတယ်ဗျာ”လို့
ယူနိုက်တက်ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။